နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း

အင်းလေးဒေသကို ထိုးစစ်ဆင်လာတဲ့ PNO ပြည်သူ့စစ်စစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၅)ဦးသေပြီး (၄)ဦးဖမ်းခံရ

ဖေဖော်ဝါရီလ (၁၈)ရက်။

ဖေဖော်ဝါရီလ (၁၆)ရက်နေ့ နေ့လယ် (၂)နာရီခွဲအချိန်က ညောင်ရွှေမြို့၊ အင်းလေးဒေသရှိ ရေပူရွာအနီးကို ထိုးစစ်ဆင်လာတဲ့ PNO ပြည်သူ့စစ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်(I PDF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ အင်းလေးဒေသ ရေပူရွာကို PNO ပြည်သူ့စစ်က အင်အား (၁၀၀)ကျော်နဲ့ ထိုးစစ်ဆင်လာတာပါ။ အဲ့ဒီမှာ ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ (၃)နာရီခွဲကြာ ဖြစ်ပွားခဲ့ပါတယ်” လို့ ဆိုပါတယ်။

ရေပူရွာကို PNO ရဲ့ (၁)နဲ့ တပ်ရင်း (၇)တို့ပူးပေါင်းကာ အင်အား (၁၀၀)ကျော်နဲ့ ထိုးစစ်ဆင်လာပြီး ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ (၃)နာရီခွဲကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲထဲ PNO ပြည်သူ့စစ်ဘက်က (၅)ဦးသေဆုံးပြီး (၄)ဦးကို အရှင်ဖမ်းမိခဲ့သလို သေနတ် (၅)လက်၊ ကျည်ဘောက် (၉)ဘောက်နဲ့ ကျည်အချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ (၃)ကြိမ်အပါအဝင် လက်နက်ကြီးနဲ့ အကြိမ် (၅၀)ခန့် ပစ်ကူပေးခဲ့ပေမယ့် ကာကွယ်ရေးတပ်တွေဘက်က အထိအခိုက်မရှိ ခုခံတိုက်ခိုက်နိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

PNO ပြည်သူ့စစ်စစ်ကြောင်းကို  IPDF အမှတ် (၁၀၀၉)တပ်ရင်းနဲ့ မဟာမိတ်တပ်တွေဖြစ်တဲ့ ပျားစစ်ကြောင်း၊ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၂) PK-PDF-2 အမှတ် (၁၀၀၆)တပ်ရင်းနဲ့အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အီရန်

အစ္စရေးသည် အီရန်ကို တိုက်ခိုက်မှုအသစ်များထပ်မံ ပြုလုပ်ခဲ့ခြင်း။

  • 2025 ခုနှစ်၊ ဇွန်လ 15 ရက်
  • 16 Views
ဇွန်လ (၁၅) ရက်။ အစ္စရေးသည် အီရန်နိုင်ငံရှိ မတူညီသော နေရာများကို ပစ်မှတ်ထားပြီး ဆင့်ကာဆင့်ကာ တိုက်ခိုက်မှု ကြီး ပြုလုပ်ခဲ့ကြောင်း
နိုင်ငံတကာသတင်း ရုရှား အစ္စရေး အမေရိကန် အီရန်

ပူတင်က အီရန်-အစ္စရေး ပဋိပက္ခမှာ ပြေလည်အောင် ညှိနှိုင်းပေးဖို့ သမ္မတ ထရန့်ကို ထပ်မံ ကမ်းလှမ်းထားတယ်လို့ ရုရှား TASS သတင်းမှာ ဖော်ပြ

  • 2025 ခုနှစ်၊ ဇွန်လ 15 ရက်
  • 17 Views
ဇွန်လ (၁၅) ရက်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် စနေနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မိနစ် ၅၀ ကြာ ဖုန်းခေါ်ဆိုမှုအတွင်း
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်၏မွေးနေ့တွင် စစ်ရေးပြမှုအား ဆန့်ကျင်သည့် ချီတက်ဆန္ဒပြမှုတွင် လူသန်းပေါင်းများစွာ ပါဝင်လာမလား?

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 16 Views
ဇွန်လ (၁၄) ရက်။ သမ္မတထရန့်၏ ၇၉ နှစ်မြောက် မွေးနေ့ဖြစ်သည့် ဇွန်လ ၁၄ ရက်နေ့၌ ဝါရှင်တန်ဒီစီတွင် စစ်ရေးပြချီတက်ပွဲ ကျင်းပမည်ဖြစ်သည်။ ၎င်းအား ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် လူသန်းပေါင်းများစွာ ပါဝင်မည်ဟု မျှော်လင့်ရပြီး သမ္မတထရန့်တက်လာပြီးနောက်ပိုင်း
နိုင်ငံတကာသတင်း အာဖရိက

နိုင်ဂျီးရီးယားတက်ကြွလှုပ်ရှားသူ ကင်ဆာရိုဝီဝါ (Ken Saro-Wiwa) ကွပ်မျက်ခံရပြီးနောက် နှစ် ၃၀ အကြာတွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 15 Views
နိုင်ဂျီးရီးယားသမ္မတသည် ကွပ်မျက်ခံရပြီးနောက် နှစ် ၃၀ အကြာက စစ်အစိုးရ၏ ကြိုးပေးသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် တက်ကြွလှုပ်ရှားသူ ကင်ဆာရိုဝီဝါ ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ အခြားမဲဆွယ်စည်းရုံးသူ ရှစ်ဦးနှင့်အတူ ကင်ဆာရိုဝီဝါသည် လူသတ်မှုဖြင့် ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး ထိုစဉ်က
Israel -Iran နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

ဘာမှမကျန်တော့မဲ့အဖြစ် မရောက်ခင် သဘောတူညီချက်တစ်ခုယူဖို့ အီရန်ကို ထရန့် သတိပေး

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 14 Views
အီရန်ကို အစ္စရေးတိုက်ခိုက်ရာမှာ နောက်ကွယ်က အမေရိကန် ပါဝင်နေသလား။ ဇွန်လ ၁၃ ရက်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးကို အမေရိကန်က “အသေအချာ ထောက်ခံတယ်” လို့ ပြောခဲ့ပြီး “ အီရန်အပေါ် ညတွင်းချင်း တိုက်ခိုက်မှုဟာ
Israel -Iran နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အီရန်သည် အစ္စရေး၏ တိုက်ခိုက်ခံရပြီးနောက် အစ္စရေးသို့ ဒုံးကျည်များ ပစ်လွှတ်ခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 17 Views
ဇွန် ၁၃၊ ၂၀၂၅ အီရန်စစ်တပ်နှင့် နျူကလီယားပစ်မှတ်များကို အစ္စရေးက တိုက်ခိုက်ခဲ့ပြီးနောက် တီဟီရန်သည် အစ္စရေးနိုင်ငံတစ်ဝှမ်းရှိ တည်နေရာများကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့သည်။ အီရန်သည် ပြင်းထန်သော တုံ့ပြန်မှု၏ “အစ” ဟုခေါ်သည့် “ရာနှင့်ချီသော ပဲ့ထိန်းဒုံးကျည်များ” ကို အစ္စရေးဘက်သို့
မြန်မာသတင်း

ရန်ကုန် ထောက်ကြန့်ရှိ စစ်ကောင်စီတပ်ရဲ့ ဘန်ကာကင်း ဖောက်ခွဲတိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 26 Views
ဇွန်လ (၁၄)ရက်။ မနေ့က ည (၈)နာရီ (၂၀)မိနစ်အချိန် ထောက်ကြန့်မြို့ အမှတ်(၃)လမ်းနဲ့ (၇)လမ်းဆုံရှိ စစ်ကောင်စီတပ်ရံ့ ဘန်ကာကင်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ထောက်ကြန့် အမှတ်(၃)လမ်းနဲ့ အမှတ်(၇)လမ်းဆုံက
မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြင်ပနဲ့ ထိတွေ့ဆက်သွယ်ခွင့် နှစ်ရှည်လများ ပိတ်ပင်ခံရတာကို ကုလမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 24 Views
ဇွန်လ (၁၄)ရက်။ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပြင်ပနဲ့ ထိတွေ့ဆက်သွယ်ခွင့် နှစ်ရှည်လများ ပိတ်ပင်ခံရတဲ့အပေါ် ကုလသမဂ္ဂညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မနေ့က ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးထဲ