နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ကို အစ္စရေးက အကူအညီတောင်းနေသည့် “ဘန်ကာဖောက်ထွင်းဗုံး” ရဲ့ စွမ်းအားက ဘာလဲ။

ဇွန်လ (၁၉) ရက်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်နျူကလီးယားစက်ရုံများကို တိုက်ခိုက်ရန် အမေရိကန်စစ်တပ်ပိုင်ပစ္စည်းများကို အသုံးပြုခြင်းအပေါ် အပြုသဘောဆောင်သည့်သဘောထားကို ပြသနေချိန်တွင် အစိုးရတာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများက အမေရိကန်၏ ပေါင် ၃၀,၀၀၀ (၁၃ ဒဿမ ၆ တန်) အလေးချိန်ရှိသော မြေတွင်းထိုးဖောက်ခွဲနိုင်သည့် “ ဘန်ကာဗုံး” သည် မြေအောက်နက်ရှိုင်းသောဒေသတွင်ရှိသောဖော်ဒိုစက်ရုံကို ဖျက်ဆီးနိုင်သည့် တစ်ခုတည်းသော လက်နက်ဖြစ်ကြောင်း အကြံပြုထားသည်။

GBU57A/B ကြီးမားသည့်ဗန်ကာဖောက်ထွင်းဗုံး ((Massive Ordnance Penetrator (MOP)) သည် လုံခြုံစိတ်ချရသော အဆောက်အဦများတွင် ရန်သူ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်နိုင်သည့် လက်နက်များကို ဖျက်ဆီးရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်၊

ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) မှ ဒုံးကျည်ကာကွယ်ရေး ပရောဂျက်သုတေသီ မာဆာအို ဒါးဂရင် (Masao Dahlgren) က အဆိုပါလက်နက်သည် ပေါက်ကွဲမှုပြင်းအား အလွန်မြင့်သောဖောက်ခွဲရေးယမ်း ပေါင် ၆၀၀၀ ကို ထည့်သွင်းထားသော ပေါင် ၃၀၀၀၀ (ပေါင် ၃ သောင်း) အလေးချိန်ရှိသောဗုံးတစ်လုံးဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဗုံးကိုယ်နှိုက်သည် သက်ရောက်မှုကို ခံနိုင်ရည်ရှိပြီး ရည်ရွယ်ထားသည့်အနက်သို့ ထိုးဖောက်ဝင်ရောက်ရန် “ တကယ်ထူပြီး မာကျောသောအခွံ” လိုအပ်ကြောင်း ဒါးဂရင်က ပြောကြားခဲ့သည်။ ဗျူးစ်သည် အလွန်အားကောင်းပြီး အချိန်တန်လျှင် ပေါက်ကွဲရန် အထူးအင်္ဂါရပ်များ (Function) ရှိသည်ဟု သူကဆိုသည်။ “ ဒါဟာ တကယ့်ကို ရှုပ်ထွေးတဲ့ အစီအစဉ်တစ်ခုပါ” ဟု ဒါးဂရင်က ပြောကြားခဲ့သည်။

ဖော်ဒို နျူလောင်စာအဆင့်မြင့်စက်ရုံ၏ အရွယ်အစားအတိအကျကို မသိကြပါ။ ပင်မခန်းမသည် မြေအောက် မီတာ ၈၀ မှ ၉၀ မီတာအထိ ရှိသည်ဟု CNN က ဖော်ပြသည်။ မကြာသေးမီက အစီရင်ခံစာတစ်ခုတွင် ဗြိတိန်တွေးခေါ်ပညာရှင် (Think Tank) အဖွဲ့ဖြစ်သည့် Royal United Services Institute (RUSI) က MOP သည် ဖော်ဒိုသို့ ဖောက်ထွင်းရောက်ရှိနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ “ စက်ရုံအား ထိုးဖောက်ဝင်ရောက်ရန် တူညီသောပစ်မှတ်တစ်ခုကို အကြိမ်ပေါင်းများစွာ ဗုံးကြဲရန် လိုအပ်လိမ့်မည်။” ဟု ပြောဆိုထားသည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်သည့် လက်နက်များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ တိုးပွားလာနေချိန်တွင် MOP ကို ​​စမ်းသပ်ခြင်းအား ၂၀၀၄ ခုနှစ်တွင် စတင်ခဲ့သည်ဟု ဒါဂရင်းက ပြောကြားခဲ့သည်။ ဗုံးများ ဖွံ့ဖြိုးတိုးတက်လာစေသည့် အကြောင်းအရင်းများအနက်မှ တစ်ခုမှာ စက်ရုံအ၀င်ဝကို ဗုံးကြဲခြင်းသည် စက်ရုံတစ်ခုလုံးကို ဖျက်ဆီးရန် လုံလောက်သော ပေါက်ကွဲမှုဖိအားကို မဖြစ်ပေါ်စေကြောင်း လေ့လာမှုတစ်ခုက ပြသခဲ့သည်။

စက်ရုံဝင်ပေါက်ကို ဗုံးကြဲခြင်းသည် အစီအစဉ်ကို ယာယီနှေးကွေးစေသော်လည်း ၎င်းကို လုံးလုံးလျားလျား မပျက်စီးစေကြောင်း ဒါးဂရင်းက ပြောကြားခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ဘိုးအင်းကုမ္ပဏီသည် အမေရိကန် စစ်လေယာဉ်များတွင် လက်နက်စနစ် ပေါင်းစပ်ရန် စာချုပ်ကို ရရှိခဲ့သည်။ လေတပ်၏ B2 Spirit သည် ဗုံးသယ်ဆောင်နိုင်သော တစ်ခုတည်းသော လေယာဉ်ဖြစ်သည်။

Northrop Grumman ကုမ္ပဏီမှထုတ်လုပ်သည့် B2 ဗုံးကြဲလေယာဉ်သည် “ ကိုယ်ပျောက်နည်းပညာကို အဓိကထည့်သွင်းထားသည်” ဟု ကုမ္ပဏီမှ ပြောကြားခဲ့သည်။ မစ်ဆိုရီပြည်နယ်ရှိ Whiteman လေတပ်အခြေစိုက်စခန်းတွင် အခြေစိုက်သည့် အဆိုပါ လေယာဉ်ကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလတွင် အများပြည်သူသို့ ပထမဆုံးပြသခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် အမေရိကန်စစ်တပ်သည် ယီမင်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်များကို တိုက်ခိုက်ရန် မြေအောက်လက်နက်သိုလှောင်ရုံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။

အဆိုပါ ဗုံးကြဲလေယာဉ်ကို လေယာဉ်မှူးနှစ်ဦးက မောင်းနှင်ပြီး ဆီဖြည့်စရာမလိုဘဲ ရေမိုင် ၆,၀၀၀ (ကီလိုမီတာ ၁၁,၀၀၀ ခန့်) ပျံသန်းနိုင်သည်ဟု အမေရိကန်လေတပ်၏ပြောဆိုချက်အရ သိရသည်။ ၎င်း၏ “ ကိုယ်ပျောက်” စွမ်းရည်များသည် ရန်သူ၏ အဆန်းပြားဆုံးသော ကာကွယ်ရေးများကို ထိုးဖောက်ဝင်ရောက်နိုင်ပြီး ၎င်းတို့၏ တန်ဖိုးအရှိဆုံးနှင့် အစောင့်အကြပ်ပစ်မှတ်များကို ခြိမ်းခြောက်နိုင်စေသည်ဟု အမေရိကန်လေတပ်က ပြောကြားခဲ့သည်။

အမေရိကန်စစ်တပ်တွင် လက်ရှိ ဗန်ကာဖောက်ထွင်းဗုံး (MOP) မည်မျှရှိသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါ။ ဘိုးအင်းကုမ္ပဏီသည် ၂၀၀၉ ခုနှစ်တွင် လေတပ်သို့ အစင်း ၂၀ ပေးအပ်ခဲ့ပြီး ထိုအရေအတွက်သည် ၂၀၁၅ ခုနှစ်အထိ မပြောင်းလဲခဲ့ပေ။ ယနေ့ အမေရိကန်လက်နက်တိုက်တွင် အကြမ်းဖျင်း ဗန်ကာဖောက်ထွင်းဗုံး (MOP) ၃၀ ခန့်ရှိကြောင်း ဒါးဂရင်က ခန့်မှန်းထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက်
နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် ပြန်ပေးဆွဲခံခဲ့ရကြောင်း သတင်းရင်းမြစ်များနှင့် သူမအလုပ်လုပ်ကိုင်ရာ သတင်းဌာနက ပြောကြား ခဲ့သည်။ အမေရိကန်အစိုးရအနေဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

ဟက်ဂ်ဆက်သ်က အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို အီရန်စစ်ပွဲအတွင်း ရာထူးမှထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) သည် အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွား နေစဉ်အတွင်း အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို ကြာသပတေးနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်