နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ကို အစ္စရေးက အကူအညီတောင်းနေသည့် “ဘန်ကာဖောက်ထွင်းဗုံး” ရဲ့ စွမ်းအားက ဘာလဲ။

ဇွန်လ (၁၉) ရက်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်နျူကလီးယားစက်ရုံများကို တိုက်ခိုက်ရန် အမေရိကန်စစ်တပ်ပိုင်ပစ္စည်းများကို အသုံးပြုခြင်းအပေါ် အပြုသဘောဆောင်သည့်သဘောထားကို ပြသနေချိန်တွင် အစိုးရတာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများက အမေရိကန်၏ ပေါင် ၃၀,၀၀၀ (၁၃ ဒဿမ ၆ တန်) အလေးချိန်ရှိသော မြေတွင်းထိုးဖောက်ခွဲနိုင်သည့် “ဘန်ကာဗုံး” သည် မြေအောက်နက်ရှိုင်းသောဒေသတွင်ရှိသောဖော်ဒိုစက်ရုံကို ဖျက်ဆီးနိုင်သည့် တစ်ခုတည်းသော လက်နက်ဖြစ်ကြောင်း အကြံပြုထားသည်။

GBU57A/B ကြီးမားသည့်ဗန်ကာဖောက်ထွင်းဗုံး ((Massive Ordnance Penetrator (MOP)) သည် လုံခြုံစိတ်ချရသော အဆောက်အဦများတွင် ရန်သူ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်နိုင်သည့် လက်နက်များကို ဖျက်ဆီးရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်၊

ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) မှ ဒုံးကျည်ကာကွယ်ရေး ပရောဂျက်သုတေသီ မာဆာအို ဒါးဂရင် (Masao Dahlgren) က အဆိုပါလက်နက်သည် ပေါက်ကွဲမှုပြင်းအား အလွန်မြင့်သောဖောက်ခွဲရေးယမ်း ပေါင် ၆၀၀၀ ကို ထည့်သွင်းထားသော ပေါင် ၃၀၀၀၀ (ပေါင် ၃ သောင်း) အလေးချိန်ရှိသောဗုံးတစ်လုံးဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဗုံးကိုယ်နှိုက်သည် သက်ရောက်မှုကို ခံနိုင်ရည်ရှိပြီး ရည်ရွယ်ထားသည့်အနက်သို့ ထိုးဖောက်ဝင်ရောက်ရန် “တကယ်ထူပြီး မာကျောသောအခွံ” လိုအပ်ကြောင်း ဒါးဂရင်က ပြောကြားခဲ့သည်။ ဗျူးစ်သည် အလွန်အားကောင်းပြီး အချိန်တန်လျှင် ပေါက်ကွဲရန် အထူးအင်္ဂါရပ်များ (Function) ရှိသည်ဟု သူကဆိုသည်။ “ဒါဟာ တကယ့်ကို ရှုပ်ထွေးတဲ့ အစီအစဉ်တစ်ခုပါ” ဟု ဒါးဂရင်က ပြောကြားခဲ့သည်။

ဖော်ဒို နျူလောင်စာအဆင့်မြင့်စက်ရုံ၏ အရွယ်အစားအတိအကျကို မသိကြပါ။ ပင်မခန်းမသည် မြေအောက် မီတာ ၈၀ မှ ၉၀ မီတာအထိ ရှိသည်ဟု CNN က ဖော်ပြသည်။ မကြာသေးမီက အစီရင်ခံစာတစ်ခုတွင် ဗြိတိန်တွေးခေါ်ပညာရှင် (Think Tank) အဖွဲ့ဖြစ်သည့် Royal United Services Institute (RUSI) က MOP သည် ဖော်ဒိုသို့ ဖောက်ထွင်းရောက်ရှိနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ “စက်ရုံအား ထိုးဖောက်ဝင်ရောက်ရန် တူညီသောပစ်မှတ်တစ်ခုကို အကြိမ်ပေါင်းများစွာ ဗုံးကြဲရန် လိုအပ်လိမ့်မည်။” ဟု ပြောဆိုထားသည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်သည့် လက်နက်များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ တိုးပွားလာနေချိန်တွင် MOP ကို ​​စမ်းသပ်ခြင်းအား ၂၀၀၄ ခုနှစ်တွင် စတင်ခဲ့သည်ဟု ဒါဂရင်းက ပြောကြားခဲ့သည်။ ဗုံးများ ဖွံ့ဖြိုးတိုးတက်လာစေသည့် အကြောင်းအရင်းများအနက်မှ တစ်ခုမှာ စက်ရုံအ၀င်ဝကို ဗုံးကြဲခြင်းသည် စက်ရုံတစ်ခုလုံးကို ဖျက်ဆီးရန် လုံလောက်သော ပေါက်ကွဲမှုဖိအားကို မဖြစ်ပေါ်စေကြောင်း လေ့လာမှုတစ်ခုက ပြသခဲ့သည်။

စက်ရုံဝင်ပေါက်ကို ဗုံးကြဲခြင်းသည် အစီအစဉ်ကို ယာယီနှေးကွေးစေသော်လည်း ၎င်းကို လုံးလုံးလျားလျား မပျက်စီးစေကြောင်း ဒါးဂရင်းက ပြောကြားခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ဘိုးအင်းကုမ္ပဏီသည် အမေရိကန် စစ်လေယာဉ်များတွင် လက်နက်စနစ် ပေါင်းစပ်ရန် စာချုပ်ကို ရရှိခဲ့သည်။ လေတပ်၏ B2 Spirit သည် ဗုံးသယ်ဆောင်နိုင်သော တစ်ခုတည်းသော လေယာဉ်ဖြစ်သည်။

Northrop Grumman ကုမ္ပဏီမှထုတ်လုပ်သည့် B2 ဗုံးကြဲလေယာဉ်သည် “ကိုယ်ပျောက်နည်းပညာကို အဓိကထည့်သွင်းထားသည်” ဟု ကုမ္ပဏီမှ ပြောကြားခဲ့သည်။ မစ်ဆိုရီပြည်နယ်ရှိ Whiteman လေတပ်အခြေစိုက်စခန်းတွင် အခြေစိုက်သည့် အဆိုပါ လေယာဉ်ကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလတွင် အများပြည်သူသို့ ပထမဆုံးပြသခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် အမေရိကန်စစ်တပ်သည် ယီမင်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်များကို တိုက်ခိုက်ရန် မြေအောက်လက်နက်သိုလှောင်ရုံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။

အဆိုပါ ဗုံးကြဲလေယာဉ်ကို လေယာဉ်မှူးနှစ်ဦးက မောင်းနှင်ပြီး ဆီဖြည့်စရာမလိုဘဲ ရေမိုင် ၆,၀၀၀ (ကီလိုမီတာ ၁၁,၀၀၀ ခန့်) ပျံသန်းနိုင်သည်ဟု အမေရိကန်လေတပ်၏ပြောဆိုချက်အရ သိရသည်။ ၎င်း၏ “ကိုယ်ပျောက်” စွမ်းရည်များသည် ရန်သူ၏ အဆန်းပြားဆုံးသော ကာကွယ်ရေးများကို ထိုးဖောက်ဝင်ရောက်နိုင်ပြီး ၎င်းတို့၏ တန်ဖိုးအရှိဆုံးနှင့် အစောင့်အကြပ်ပစ်မှတ်များကို ခြိမ်းခြောက်နိုင်စေသည်ဟု အမေရိကန်လေတပ်က ပြောကြားခဲ့သည်။

အမေရိကန်စစ်တပ်တွင် လက်ရှိ ဗန်ကာဖောက်ထွင်းဗုံး (MOP) မည်မျှရှိသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါ။ ဘိုးအင်းကုမ္ပဏီသည် ၂၀၀၉ ခုနှစ်တွင် လေတပ်သို့ အစင်း ၂၀ ပေးအပ်ခဲ့ပြီး ထိုအရေအတွက်သည် ၂၀၁၅ ခုနှစ်အထိ မပြောင်းလဲခဲ့ပေ။ ယနေ့ အမေရိကန်လက်နက်တိုက်တွင် အကြမ်းဖျင်း ဗန်ကာဖောက်ထွင်းဗုံး (MOP) ၃၀ ခန့်ရှိကြောင်း ဒါးဂရင်က ခန့်မှန်းထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 80 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 74 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက