နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းစစ်ပွဲသည် တိုင်းပြည်အကျယ်အဝန်းပမာဏကြီးမားသောရုရှားအတွက် ဝန်ထုတ်ဝန်ပိုးတစ်ခု ဖြစ်လာနေပါသလား။

ယူကရိန်း၏ လက်တုံ့ပြန်တိုက်ခိုက်မှုများသည် ယခင်ကထက် ပိုမိုရဲရင့်လာကာ ကမ္ဘာ့အကြီးဆုံးနိုင်ငံသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်တိုက်ခိုက်လာခဲ့သည်။

ကိယက်ဗ်၊ ယူကရိန်း။ ။ မော်စကိုမြို့မှ ပစိဖိတ်ဆိပ်ကမ်း ဗလာဒီဗော့စတော့သို့ ပျံသန်းမှုသည် ကိုးနာရီနီးပါးကြာမြင့်ပြီး ဘောလ်တစ်နှင့် ပစိဖိတ်သမုဒ္ဒရာအကြား ရုရှား၏ သုံးပုံနှစ်ပုံခန့်ကို လွှမ်းခြုံထားသည့် ပြည်တွင်းလေကြောင်းခရီးစဉ်ဖြစ်သည်။

ရုရှားတွင် အရှေ့မှအနောက် ကီလိုမီတာ ၁၀,၀၀၀ (မိုင် ၆,၂၀၀) ခန့် ရှိပြီး ကမ္ဘာမြေထုထည်၏ ၁၁ ရာခိုင်နှုန်း ပါဝင်သော စတုရန်းကီလိုမီတာ ၁၇ သန်း (စတုရန်းကီလိုမီတာ ၆.၆ သန်း) ရှိပြီး တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ဆော်ဒီအာရေးဗီးယားတို့ ပေါင်းထားသည့် ဧရိယာများထက် အနည်းငယ်ပိုပါသည်။

တစ်ချိန်တည်းတွင်၊ မော်စကို၏ ဆိုဗီယက်ခေတ် လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် နေတိုးဒုံးကျည်များကို ကြားဖြတ်ရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီး ရုရှားနိုင်ငံအနောက်ပိုင်းတစ်ခွင်တွင် အလွန်ပါးလွှာနေပြီး ပိုမိုခေတ်မီဆန်းပြားသော ယူကရိန်းဒရုန်းများကို တိုက်ခိုက်ရန် မကြာခဏ အကူအညီမဲ့နေပါသည်။

“ လူတစ်စုသည် ပရော်ဖက်ရှင်နယ်နှင့် လုံလောက်သော စိတ်အားထက်သန်မှုရှိပါက ၎င်းသည် ပန်းတိုင်တစ်ခုသို့ရောက်ရန် နည်းလမ်းကို အမြဲရှာဖွေမည်ဖြစ်ပြီး ၎င်းသည် SBU မှသက်သေ ပြခဲ့သည်” ဟု ရုရှားနိုင်ငံရှိ ထောက်လှမ်းရေးအေဂျင်စီဖြစ်သော ယူကရိန်းလုံခြုံရေးဝန်ဆောင်မှုကို ရည်ညွှန်းကာ ရိုမန်နန်ကို (Romanenko) က ပြောကြားခဲ့သည်။

ဇွန်လ ၁ ရက်နေ့တွင် SBU သည် ၂၀၂၂ ခုနှစ်တွင် စကေးအပြည့် ကျူးကျော်မှု စတင်ကတည်းက ဆိုက်ဘေးရီးယားသို့ ပထမဆုံး အကြိမ်အဖြစ် ကြီးမားသော ဒရုန်းတိုက်ခိုက်မှုဖြစ်သော ပင့်ကူအိမ် စစ်ဆင်ရေး (Operation Spiderweb) ကို အောင်မြင်စွာလုပ်ခဲ့သည်။

ကာဇက်စတန်မှ မှောင်ခိုတင်လာခဲ့သည့် ယူကရိန်းဒရုန်းများသည် ယူကရိန်းနယ်စပ် အရှေ့ဘက် ကီလိုမီတာ ၄၀၀၀ (မိုင် ၂၅၀၀) နီးပါးရှိ အပ်ကူတပ်ခ် (Irkutsk) ဒေသရှိ ဘီလာယာ (Belaya) လေတပ်စခန်းအနီး ထရပ်ကားပေါ်မှ ပျံသန်းလာပြီး ဗျူဟာမြောက် ဗုံးကြဲလေယာဉ် အများအပြားကို ဖျက်ဆီးရန် သို့မဟုတ် ပျက်စီးစေခဲ့သည်။

ယူကရိန်းအရှေ့ဘက် ကီလိုမီတာ ၇,၅၀၀ (၄,၆၆၀ မိုင်) အကွာ အမ်မာ(Amur) ဒေသရှိ ဗုံးကြဲ လေယာဉ်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုတစ်ခုကြောင့်သာ Ukrainka (“ ယူကရိန်းအမျိုးသမီး” ) လေယာဉ်ကွင်း ပြေးလမ်းပေါ်ရှိ ဗုံးကြဲလေယာဉ်များ သက်သာရာရရှိခဲ့သည်။

“စစ်ပွဲဇုန်များနှင့် အိမ်တွင်းရှိ စစ်အခြေစိုက်စခန်းများသည် စျေးသက်သက်သာသာ၊ အလွယ်တကူဝှက်ပြီး လျင်မြန်စွာ အသုံးပြုနိုင်သည့် လက်နက်များကြောင့် ယခင်ကထက် ပိုမိုထိခိုက်လွယ်လာကြောင်း သင်ခန်းစာတစ်ခုဖြစ်သည်” ဟု ဆစ်ဒနီမြို့ရှိ စစ်ဘက်ဆိုင်ရာ အကြံပေးအဖွဲ့ Lowy Institute မှ အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီး မစ် ရေယန် (Mick Ryan) က ရေးသားခဲ့သည်။

ရုရှားမြေပေါ်ရှိ ကိ့ဗ်၏ တိုက်ခိုက်မှုများ၏ အတိုင်းအတာနှင့် ရဲရင့်မှုသည် မော်စကိုကို အရှက်ရစေသည့်နောက်တွင် ရှုံးနိမ့်မှုက နောက်မှလိုက်လာခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားကို သိမ်းပိုက်ရာတွင် အစိုးရအဆောက်အအုံများနှင့် စစ်အခြေစိုက်စခန်းများတွင်ရှိသော ယူကရိန်းတပ်ဖွဲ့ဝင်များနှင့် ရဲများသည် ပစ်ခတ်ခြင်းမရှိဘဲ လက်နက်ချခဲ့ကြသည် အများအပြားက သိမ်းပိုက်သူများနှင့် ပူးပေါင်းခဲ့ကြသည်။

ရက်သတ္တပတ်များအကြာတွင် မော်စကိုက ကျောထောက်နောက်ခံပြုထားသော ခွဲထွက်ရေးသမားများသည် အရှေ့တောင်ပိုင်း ဒွန်ဘတ်စ် (Donbas) ဒေသ၏ သုံးပုံတစ်ပုံကို သိမ်းပိုက်ပြီး ယူကရိန်းတပ်များကို တွန်းထုတ်ပစ်ခဲ့သည်။

ထို့ကြောင့် ၂၀၂၂ ခုနှစ်တွင် မော်စကိုသည် လျှပ်တပျက်စစ်ဆင်ရေးလုပ်နိုင်မည်ဟု မျှော်လင့်ကြပြီး ၎င်း၏ကိုယ်ပိုင်နယ်မြေများကို ကာကွယ်ရန် အကြံအစည်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ၎င်း၏ထိပ်တန်း စစ်ခေါင်းဆောင်များ စိတ်ထဲတွင် တွက်ဆထား ကြပုံမပေါ်ပါ။

“သူတို့က အဲဒါကို လုံးဝစဉ်းစားမထားဘူး၊ သူတို့က ရေရှည်စစ်ပွဲအတွက်စစ်ဆင်ရေး အစီအစဉ် မရှိဘူး” ဟုကိ့ဗ်အခြေစိုက် Penta Think Tank ၏ အကြီးအကဲ ဗလိုဒီမာဖီစင်ကို (Volodymyr Fesenko) က Al Jazeera သို့ ပြောကြားခဲ့သည်။ “ မော်စကိုက ယူကရိန်းအနေနဲ့ သူတို့ကို အကြာကြီး ခုခံနိုင်ဖို့ နဲ့ ရုရှားပိုင်နက်တွေကို ဒီလောက်ထိ ထိထိရောက်ရောက် ပြန်တိုက်ခိုက်ဖို့ မမျှော်လင့်ထားပါဘူး။”

ထို့အပြင် ယူကရိန်းဒရုန်းများသည် စစ်ဘက်ဆိုင်ရာ စက်ရုံများနှင့် အခြေစိုက်စခန်းများ အများအပြားရှိရာ မော်စကိုမြို့နှင့် အနီးတစ်ဝိုက်ရှိ နေရာများကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။

၂၀၂၃ ခုနှစ် မေလတွင် ယူကရိန်းဒရုန်းနှစ်စင်းသည် ကရင်မလင်နန်းတော်အပေါ်တွင် ပေါက်ကွဲခဲ့ပြီး နန်းတော်များထဲမှ တစ်ခုကို အနည်းငယ်ပျက်စီးစေခဲ့သည်။

နှစ်နှစ်အကြာတွင် ယူကရိန်းဒရုန်းများသည် မော်စကိုမြို့ဆင်ခြေဖုံးများတွင် ပုံမှန် အသံမြည်ဖြတ်သန်းလာသည်။

မော်စကိုမြို့အနောက်တောင်ပိုင်းတွင် နေထိုင်သည့် အမည်မဖော်လိုသူ အမျိုးသမီး တစ်ဦးက “လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ ဥသြသံများ မကြားရဘဲ အိပ်ရတဲ့ညတွေကို လိုလားပါတယ်” ဟု Al Jazeera သို့ ပြောကြားခဲ့သည်။

ရုရှားနိုင်ငံအနောက်ပိုင်းတွင် အရပ်ဘက်လေယာဉ်ခရီးစဉ်များ နှောင့်နှေးခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိပြီး အချို့ခရီးသည်များသည် ကာဇက်စတန် မြောက်ပိုင်းရှိ လေဆိပ်များသို့ ရထားစီးသွားကြရသည်။

ယူကရိန်းသည် စစ်ဘက်ဆိုင်ရာနေရာများကို တိုက်ခိုက်ခြင်းအပြင် ရုရှား၏ စီးပွားရေး၏ ကျောရိုးကို ပစ်မှတ်ထားလာခဲ့သည်။

ရေနံချက်စက်ရုံများနှင့် ပိုက်လိုင်းများပေါ်တွင် ဒါဇင်နှင့်ချီသော တိုက်ခိုက်မှုများကြောင့် ရုရှား၏ ရေနံသန့်စင်မှုစွမ်းရည်၏ ခြောက်ပုံတစ်ပုံမှ ၁၄ ရာခိုင်နှုန်းနီးပါးကို အနှောင့်အယှက် ပေးခဲ့ကြောင်း ပင်တဂွန်၏ ကာကွယ်ရေးထောက်လှမ်းရေးအေဂျင်စီက မေလလယ်တွင် ပြောကြားခဲ့သည်။

ယူကရိန်း၏ စွမ်းအင်အခြေခံအဆောက်အအုံများကို ဖျက်ဆီးရန် ရုရှား၏ လှုပ်ရှားမှုကို တုံ့ပြန်သည့်အနေဖြင့် အဆိုပါတိုက်ခိုက်မှုများကြောင့် ဓာတ်ဆီတင်ပို့မှုအား ခြောက်လကြာ ပိတ်ပင်ခဲ့ပြီး ပြည်တွင်းလောင်စာဆီဈေးနှုန်းများ ၃၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အိမ်နီးချင်း ဘီလာရုစ်မှ ဓာတ်ဆီတင်သွင်းမှုကို ဖြစ်ပေါ်စေခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများသည် အလွန်ပျက်စီးစေခဲ့ပြီး ကမ္ဘာ့ရေနံဈေးတက် လာစေသည့်အတွက် ဝါရှင်တန်ကို ကိယက်ဗ်ကို ဒေါသနှင့်သတိပေးခဲ့သည်။

ကိ့ဗ်သည် နာမည်ဆိုးဖြင့် ကျော်ကြားသော ချိုင့်ခွက်များရှိသည့်လမ်းများကြောင့်ရုရှားသည် နိုင်ငံရှိ ရထားလမ်းများကို ထောက်ပံ့ရေးအတွက်အလွန်အကျွံ မှီခိုနေရမှုကိုလည်း အသုံးချခဲ့သည်။

ရုရှားနိုင်ငံ အနောက်ပိုင်း ကာ့စ် (Kursk) နှင့် ဘရန့်ခ် (Bryansk) ဒေသများတွင် မေလ ၃၀ ရက်က တံတားနှစ်စင်း ပြိုကျခဲ့ရာ ရထားနှစ်စင်း လမ်းချော်မှု ဖြစ်ပွားခဲ့ပြီး လူ ၇ ဦး သေဆုံးကာ ၆၉ ဦး ဒဏ်ရာရရှိခဲ့သည်။

မော်စကိုက ယူကရိန်းကို အပြစ်တင်ပြီး ဗုံးခွဲမှုကို အကြမ်းဖက်တိုက်ခိုက်မှုဟု ခေါ်ဆိုခဲ့သည်။

သို့သော်လည်း ရုရှားနိုင်ငံအပေါ် ကိယက်ဗ်၏ တိုက်ခိုက်မှုများသည် နောက်ကျလွန်းသည်၊ ကြီးလေးသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်စေရန် အာရုံစူးစိုက်မှုမရှိဟု အချို့သော သုံးသပ်သူများက ဆိုကြသည်။

ယူကရိန်းသည် ပြင်ပခဲယမ်းမီးကျောက်များ ထားရာနေရာကို ကာလအတန်ကြာ လျစ်လျူရှုထားသော်လည်း မော်စကိုကို သင်္ကေတနှင့် အသိမဲ့စွာ တိုက်ခိုက်ခဲ့သည်” ဟု ဂျာမနီနိုင်ငံ ဘရီမင်တက္ကသိုလ်မှ သုတေသီ နီကိုလေမီထရိုခင် (Nikolay Mitrokhin) က Al Jazeera သို့ ပြောကြားခဲ့သည်။

သိုလှောင်ရုံများနှင့် လေတပ်စခန်းများကို စတင်တိုက်ခိုက်လာချိန်တွင် ရုရှားသည် လေယဥ်ဂိုဒေါင်များ တည်ဆောက်ကာ လေယာဉ်များကို ပိုမိုဝေးလံသော လေယာဉ်ကွင်းများသို့ ပြောင်းရွှေ့ခြင်းဖြင့် တုံ့ပြန်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“အဓိကမေးခွန်းကတော့ ယူကရိန်းက ဘယ်အရာက ဖျက်ဆီးနိုင်သလဲ ပြန်လည် တည်ဆောက်ဖို့ မဖြစ်နိုင်အောင် လုပ်နိုင်ခဲ့သလား ဒါမှမဟုတ် ရုရှားအတွက် တစ်ကြိမ်တခါ ဆုံးရှုံးမှုကြီးသာ ဖြစ်စေခဲ့သလား” ဟု ၎င်းက ဆိုသည်။ “ဒါကြောင့်ကျွန်တော်အနေနဲ့ တကယ့်အောင်မြင်မှုတွေလို့ မမြင်ရဘူး”

ဒါပေမယ့် အငြိမ်းစားဗိုလ်ချုပ် ရိုမန်နင်ကို (Romanenko) ကတော့ တကယ့်အောင်မြင်မှု တွေက ရှေ့မှာရှိနေတယ်လို့ ထင်ပါသည်။

“ကျွန်တော်တို့မှာ ကိရိယာတွေ ချို့တဲ့နေပါတယ်” ဟု ယူကရိန်းလုပ် ဒုံးကျည်များနှင့် အစုလိုက်အပြုံလိုက် ထုတ်လုပ်ရန်လုပ်ဆောင်နေရသည့် ပိုမိုခေတ်မီသော ဒရုန်းများကို ရည်ညွှန်းပြီး ၎င်းက ပြောကြားခဲ့သည်။ “ ကျွန်တော်တို့မှာ ကိရိယာတွေရှိလာတာနဲ့၊ ပူတင်က ပိုလက်တွေ့ဆန်လာမှာပါ သူက အင်အားသုံးတခုပဲသိတာပါ”

Aljazeera သတင်း

ဓါတ်ပုံ- ရုရှားနိုင်ငံတွင်းရှိ ရုရှားစစ်သားတဦးဘေးလွတ်ရာသို့ပြောင်းရွေ့လာစဥ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဘက်က ‘ခြွင်းချက်မရှိ လက်နက်ချခြင်း’ မပြုမချင်း မည်သည့်သဘောတူညီချက်မျှ ပြုလုပ်မည်မဟုတ်ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်လာမလားဆိုသည်မှာ ၎င်းအတွက် အရေးမကြီးဘဲ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းတစ်လွှားတွင် “စိုးရိမ်ဖွယ်” လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်နေဟု UNHCR ဆို

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 29 Views
အမေရိကန်-အစ္စရေး တိုက်ခိုက်မှုများအပေါ် အီရန်၏ ကျယ်ပြန့်သော လက်တုံ့ပြန်မှုများကြောင့် ဒေသတွင်း၌ အကြီးအကျယ် ထိခိုက်မှုများ ဖြစ်ပေါ်နေပြီး၊ အရှေ့အလယ်ပိုင်းဒေသသည် ပျက်စီးယိုယွင်းသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

ဘေရွတ်ကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် အစ္စရေးက တဟီရန်မြို့ပေါ်သို့ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံအတွင်း တိုက်ခိုက်မှုများ အစ္စရေးက တဟီရန်မြို့တွင် “ အကြီးစား တိုက်ခိုက်မှု လှိုင်း” စတင်လိုက်ပြီဟု ပြောကြားပြီးနောက် မြို့တော်၏ ကောင်းကင်ယံတွင် ပေါက်ကွဲမှု
နိုင်ငံတကာသတင်း အမေရိကန်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းလုံခြုံရေးဝန်ကြီး နုံးမ်၏ အငြင်းပွားဖွယ်ရာ သက်တမ်း ကုန်ဆုံးပြီးနောက် ထရမ့်က သူမကို ရာထူးမှ ဖယ်ရှား

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 30 Views
BBC – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် သမ္မတ ဒေါ်နယ်ထရမ့်၏ အနီးကပ်အကြံပေးများအားလုံးသည် အချိန်တန်လျှင် ရေးသားမထားသော စည်းမျဉ်းတစ်ခုကို သိရှိလာကြရစမြဲဖြစ်သည် – ၎င်းမှာ “ မည်သူမျှ အထက်လူကြီး (သမ္မတ)
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးက အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲ၏ ‘နောက်တစ်ဆင့်’ သို့ ကူးပြောင်းတော့မည်ဟု ဆို

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက် အမေရိကန်ပြည်ထောင်စုတွင် သမ္မတ၏ အီရန်စစ်ပွဲ ဆင်နွှဲမှုကို ကန့်သတ်ထိန်းချုပ်မည့် လုပ်ငန်းစဉ်မှာ အောက်လွှတ်တော်တွင် အတည်ပြုရန် ပျက်ပြားသွားခဲ့သည်။ တစ်ဆက်တည်းမှာပင် ထရမ့်က အီရန်၏ နောက်ထပ်ခေါင်းဆောင်သစ်ကို
နိုင်ငံတကာသတင်း ပါလက်စတိုင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေး အဆုံးသတ်ရန် စောင့်ဆိုင်းနေသည့် စစ်ပွဲကို ဟစ်ဇဘိုလာက ပြန်လည်စတင်လိုက်ပြီ

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက် တနင်္လာနေ့ နံနက်အာရုဏ်မတက်မီ အချိန်တွင် ဟစ်ဇဘိုလာအဖွဲ့သည် အစ္စရေးမြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်းတစ်ခုသို့ “ဒုံးကျည်များနှင့် ဒရုန်းအုပ်စုများ” ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အီရန်အပေါ် ဆင်နွှဲနေသည့် အမေရိကန်-အစ္စရေး
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန် အထက်လွှတ်တော်က အီရန်အရေး စစ်အာဏာသုံးစွဲမှု ကန့်သတ်ချက်ကို ပယ်ချ

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 38 Views
၂၀၂၆ ခုနှစ် မတ်လ ၅ ရက် ၂၀၂၆ ခုနှစ် မတ်လ ၄ ရက် (ဗုဒ္ဓဟူးနေ့) က အမေရိကန် အထက်လွှတ်တော်မှာ သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ အီရန်အပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်ရာမှာ ကွန်ဂရက်
တရုတ် နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

နှစ်လအတွင်း တရုတ်နှင့် ရင်းနှီးသည့် ခေါင်းဆောင်နှစ်ဦးကို အမေရိကန်က ရှင်းထုတ်လိုက်ပြီ ဖြစ်သော်လည်း အဘယ်ကြောင့် ပေကျင်းက ဘာမှမလုပ်ဘဲ ငြိမ်နေသနည်း။

  • 2026 ခုနှစ်၊ မတ်လ 4 ရက်
  • 48 Views
 CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက် ဟောင်ကောင်/ပေကျင်း။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်း၏ အရင်းနှီးဆုံး မဟာမိတ်နှစ်ဦးဖြစ်သည့် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို နှင့် အီရန်အမြင့်ဆုံး ခေါင်းဆောင် အလီခါမေနီ