နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းစစ်ပွဲသည် တိုင်းပြည်အကျယ်အဝန်းပမာဏကြီးမားသောရုရှားအတွက် ဝန်ထုတ်ဝန်ပိုးတစ်ခု ဖြစ်လာနေပါသလား။

ယူကရိန်း၏ လက်တုံ့ပြန်တိုက်ခိုက်မှုများသည် ယခင်ကထက် ပိုမိုရဲရင့်လာကာ ကမ္ဘာ့အကြီးဆုံးနိုင်ငံသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်တိုက်ခိုက်လာခဲ့သည်။

ကိယက်ဗ်၊ ယူကရိန်း။ ။ မော်စကိုမြို့မှ ပစိဖိတ်ဆိပ်ကမ်း ဗလာဒီဗော့စတော့သို့ ပျံသန်းမှုသည် ကိုးနာရီနီးပါးကြာမြင့်ပြီး ဘောလ်တစ်နှင့် ပစိဖိတ်သမုဒ္ဒရာအကြား ရုရှား၏ သုံးပုံနှစ်ပုံခန့်ကို လွှမ်းခြုံထားသည့် ပြည်တွင်းလေကြောင်းခရီးစဉ်ဖြစ်သည်။

ရုရှားတွင် အရှေ့မှအနောက် ကီလိုမီတာ ၁၀,၀၀၀ (မိုင် ၆,၂၀၀) ခန့် ရှိပြီး ကမ္ဘာမြေထုထည်၏ ၁၁ ရာခိုင်နှုန်း ပါဝင်သော စတုရန်းကီလိုမီတာ ၁၇ သန်း (စတုရန်းကီလိုမီတာ ၆.၆ သန်း) ရှိပြီး တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ဆော်ဒီအာရေးဗီးယားတို့ ပေါင်းထားသည့် ဧရိယာများထက် အနည်းငယ်ပိုပါသည်။

တစ်ချိန်တည်းတွင်၊ မော်စကို၏ ဆိုဗီယက်ခေတ် လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် နေတိုးဒုံးကျည်များကို ကြားဖြတ်ရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီး ရုရှားနိုင်ငံအနောက်ပိုင်းတစ်ခွင်တွင် အလွန်ပါးလွှာနေပြီး ပိုမိုခေတ်မီဆန်းပြားသော ယူကရိန်းဒရုန်းများကို တိုက်ခိုက်ရန် မကြာခဏ အကူအညီမဲ့နေပါသည်။

“လူတစ်စုသည် ပရော်ဖက်ရှင်နယ်နှင့် လုံလောက်သော စိတ်အားထက်သန်မှုရှိပါက ၎င်းသည် ပန်းတိုင်တစ်ခုသို့ရောက်ရန် နည်းလမ်းကို အမြဲရှာဖွေမည်ဖြစ်ပြီး ၎င်းသည် SBU မှသက်သေ ပြခဲ့သည်” ဟု ရုရှားနိုင်ငံရှိ ထောက်လှမ်းရေးအေဂျင်စီဖြစ်သော ယူကရိန်းလုံခြုံရေးဝန်ဆောင်မှုကို ရည်ညွှန်းကာ ရိုမန်နန်ကို (Romanenko) က ပြောကြားခဲ့သည်။

ဇွန်လ ၁ ရက်နေ့တွင် SBU သည် ၂၀၂၂ ခုနှစ်တွင် စကေးအပြည့် ကျူးကျော်မှု စတင်ကတည်းက ဆိုက်ဘေးရီးယားသို့ ပထမဆုံး အကြိမ်အဖြစ် ကြီးမားသော ဒရုန်းတိုက်ခိုက်မှုဖြစ်သော ပင့်ကူအိမ် စစ်ဆင်ရေး (Operation Spiderweb) ကို အောင်မြင်စွာလုပ်ခဲ့သည်။

ကာဇက်စတန်မှ မှောင်ခိုတင်လာခဲ့သည့် ယူကရိန်းဒရုန်းများသည် ယူကရိန်းနယ်စပ် အရှေ့ဘက် ကီလိုမီတာ ၄၀၀၀ (မိုင် ၂၅၀၀) နီးပါးရှိ အပ်ကူတပ်ခ် (Irkutsk) ဒေသရှိ ဘီလာယာ (Belaya) လေတပ်စခန်းအနီး ထရပ်ကားပေါ်မှ ပျံသန်းလာပြီး ဗျူဟာမြောက် ဗုံးကြဲလေယာဉ် အများအပြားကို ဖျက်ဆီးရန် သို့မဟုတ် ပျက်စီးစေခဲ့သည်။

ယူကရိန်းအရှေ့ဘက် ကီလိုမီတာ ၇,၅၀၀ (၄,၆၆၀ မိုင်) အကွာ အမ်မာ(Amur) ဒေသရှိ ဗုံးကြဲ လေယာဉ်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုတစ်ခုကြောင့်သာ Ukrainka (“ယူကရိန်းအမျိုးသမီး”) လေယာဉ်ကွင်း ပြေးလမ်းပေါ်ရှိ ဗုံးကြဲလေယာဉ်များ သက်သာရာရရှိခဲ့သည်။

“စစ်ပွဲဇုန်များနှင့် အိမ်တွင်းရှိ စစ်အခြေစိုက်စခန်းများသည် စျေးသက်သက်သာသာ၊ အလွယ်တကူဝှက်ပြီး လျင်မြန်စွာ အသုံးပြုနိုင်သည့် လက်နက်များကြောင့် ယခင်ကထက် ပိုမိုထိခိုက်လွယ်လာကြောင်း သင်ခန်းစာတစ်ခုဖြစ်သည်” ဟု ဆစ်ဒနီမြို့ရှိ စစ်ဘက်ဆိုင်ရာ အကြံပေးအဖွဲ့ Lowy Institute မှ အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီး မစ် ရေယန် (Mick Ryan) က ရေးသားခဲ့သည်။

ရုရှားမြေပေါ်ရှိ ကိ့ဗ်၏ တိုက်ခိုက်မှုများ၏ အတိုင်းအတာနှင့် ရဲရင့်မှုသည် မော်စကိုကို အရှက်ရစေသည့်နောက်တွင် ရှုံးနိမ့်မှုက နောက်မှလိုက်လာခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားကို သိမ်းပိုက်ရာတွင် အစိုးရအဆောက်အအုံများနှင့် စစ်အခြေစိုက်စခန်းများတွင်ရှိသော ယူကရိန်းတပ်ဖွဲ့ဝင်များနှင့် ရဲများသည် ပစ်ခတ်ခြင်းမရှိဘဲ လက်နက်ချခဲ့ကြသည် အများအပြားက သိမ်းပိုက်သူများနှင့် ပူးပေါင်းခဲ့ကြသည်။

ရက်သတ္တပတ်များအကြာတွင် မော်စကိုက ကျောထောက်နောက်ခံပြုထားသော ခွဲထွက်ရေးသမားများသည် အရှေ့တောင်ပိုင်း ဒွန်ဘတ်စ် (Donbas) ဒေသ၏ သုံးပုံတစ်ပုံကို သိမ်းပိုက်ပြီး ယူကရိန်းတပ်များကို တွန်းထုတ်ပစ်ခဲ့သည်။

ထို့ကြောင့် ၂၀၂၂ ခုနှစ်တွင် မော်စကိုသည် လျှပ်တပျက်စစ်ဆင်ရေးလုပ်နိုင်မည်ဟု မျှော်လင့်ကြပြီး ၎င်း၏ကိုယ်ပိုင်နယ်မြေများကို ကာကွယ်ရန် အကြံအစည်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ၎င်း၏ထိပ်တန်း စစ်ခေါင်းဆောင်များ စိတ်ထဲတွင် တွက်ဆထား ကြပုံမပေါ်ပါ။

“သူတို့က အဲဒါကို လုံးဝစဉ်းစားမထားဘူး၊ သူတို့က ရေရှည်စစ်ပွဲအတွက်စစ်ဆင်ရေး အစီအစဉ် မရှိဘူး” ဟုကိ့ဗ်အခြေစိုက် Penta Think Tank ၏ အကြီးအကဲ ဗလိုဒီမာဖီစင်ကို (Volodymyr Fesenko) က Al Jazeera သို့ ပြောကြားခဲ့သည်။ “မော်စကိုက ယူကရိန်းအနေနဲ့ သူတို့ကို အကြာကြီး ခုခံနိုင်ဖို့ နဲ့ ရုရှားပိုင်နက်တွေကို ဒီလောက်ထိ ထိထိရောက်ရောက် ပြန်တိုက်ခိုက်ဖို့ မမျှော်လင့်ထားပါဘူး။”

ထို့အပြင် ယူကရိန်းဒရုန်းများသည် စစ်ဘက်ဆိုင်ရာ စက်ရုံများနှင့် အခြေစိုက်စခန်းများ အများအပြားရှိရာ မော်စကိုမြို့နှင့် အနီးတစ်ဝိုက်ရှိ နေရာများကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။

၂၀၂၃ ခုနှစ် မေလတွင် ယူကရိန်းဒရုန်းနှစ်စင်းသည် ကရင်မလင်နန်းတော်အပေါ်တွင် ပေါက်ကွဲခဲ့ပြီး နန်းတော်များထဲမှ တစ်ခုကို အနည်းငယ်ပျက်စီးစေခဲ့သည်။

နှစ်နှစ်အကြာတွင် ယူကရိန်းဒရုန်းများသည် မော်စကိုမြို့ဆင်ခြေဖုံးများတွင် ပုံမှန် အသံမြည်ဖြတ်သန်းလာသည်။

မော်စကိုမြို့အနောက်တောင်ပိုင်းတွင် နေထိုင်သည့် အမည်မဖော်လိုသူ အမျိုးသမီး တစ်ဦးက “လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ ဥသြသံများ မကြားရဘဲ အိပ်ရတဲ့ညတွေကို လိုလားပါတယ်” ဟု Al Jazeera သို့ ပြောကြားခဲ့သည်။

ရုရှားနိုင်ငံအနောက်ပိုင်းတွင် အရပ်ဘက်လေယာဉ်ခရီးစဉ်များ နှောင့်နှေးခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိပြီး အချို့ခရီးသည်များသည် ကာဇက်စတန် မြောက်ပိုင်းရှိ လေဆိပ်များသို့ ရထားစီးသွားကြရသည်။

ယူကရိန်းသည် စစ်ဘက်ဆိုင်ရာနေရာများကို တိုက်ခိုက်ခြင်းအပြင် ရုရှား၏ စီးပွားရေး၏ ကျောရိုးကို ပစ်မှတ်ထားလာခဲ့သည်။

ရေနံချက်စက်ရုံများနှင့် ပိုက်လိုင်းများပေါ်တွင် ဒါဇင်နှင့်ချီသော တိုက်ခိုက်မှုများကြောင့် ရုရှား၏ ရေနံသန့်စင်မှုစွမ်းရည်၏ ခြောက်ပုံတစ်ပုံမှ ၁၄ ရာခိုင်နှုန်းနီးပါးကို အနှောင့်အယှက် ပေးခဲ့ကြောင်း ပင်တဂွန်၏ ကာကွယ်ရေးထောက်လှမ်းရေးအေဂျင်စီက မေလလယ်တွင် ပြောကြားခဲ့သည်။

ယူကရိန်း၏ စွမ်းအင်အခြေခံအဆောက်အအုံများကို ဖျက်ဆီးရန် ရုရှား၏ လှုပ်ရှားမှုကို တုံ့ပြန်သည့်အနေဖြင့် အဆိုပါတိုက်ခိုက်မှုများကြောင့် ဓာတ်ဆီတင်ပို့မှုအား ခြောက်လကြာ ပိတ်ပင်ခဲ့ပြီး ပြည်တွင်းလောင်စာဆီဈေးနှုန်းများ ၃၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အိမ်နီးချင်း ဘီလာရုစ်မှ ဓာတ်ဆီတင်သွင်းမှုကို ဖြစ်ပေါ်စေခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများသည် အလွန်ပျက်စီးစေခဲ့ပြီး ကမ္ဘာ့ရေနံဈေးတက် လာစေသည့်အတွက် ဝါရှင်တန်ကို ကိယက်ဗ်ကို ဒေါသနှင့်သတိပေးခဲ့သည်။

ကိ့ဗ်သည် နာမည်ဆိုးဖြင့် ကျော်ကြားသော ချိုင့်ခွက်များရှိသည့်လမ်းများကြောင့်ရုရှားသည် နိုင်ငံရှိ ရထားလမ်းများကို ထောက်ပံ့ရေးအတွက်အလွန်အကျွံ မှီခိုနေရမှုကိုလည်း အသုံးချခဲ့သည်။

ရုရှားနိုင်ငံ အနောက်ပိုင်း ကာ့စ် (Kursk) နှင့် ဘရန့်ခ် (Bryansk) ဒေသများတွင် မေလ ၃၀ ရက်က တံတားနှစ်စင်း ပြိုကျခဲ့ရာ ရထားနှစ်စင်း လမ်းချော်မှု ဖြစ်ပွားခဲ့ပြီး လူ ၇ ဦး သေဆုံးကာ ၆၉ ဦး ဒဏ်ရာရရှိခဲ့သည်။

မော်စကိုက ယူကရိန်းကို အပြစ်တင်ပြီး ဗုံးခွဲမှုကို အကြမ်းဖက်တိုက်ခိုက်မှုဟု ခေါ်ဆိုခဲ့သည်။

သို့သော်လည်း ရုရှားနိုင်ငံအပေါ် ကိယက်ဗ်၏ တိုက်ခိုက်မှုများသည် နောက်ကျလွန်းသည်၊ ကြီးလေးသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်စေရန် အာရုံစူးစိုက်မှုမရှိဟု အချို့သော သုံးသပ်သူများက ဆိုကြသည်။

ယူကရိန်းသည် ပြင်ပခဲယမ်းမီးကျောက်များ ထားရာနေရာကို ကာလအတန်ကြာ လျစ်လျူရှုထားသော်လည်း မော်စကိုကို သင်္ကေတနှင့် အသိမဲ့စွာ တိုက်ခိုက်ခဲ့သည်” ဟု ဂျာမနီနိုင်ငံ ဘရီမင်တက္ကသိုလ်မှ သုတေသီ နီကိုလေမီထရိုခင် (Nikolay Mitrokhin) က Al Jazeera သို့ ပြောကြားခဲ့သည်။

သိုလှောင်ရုံများနှင့် လေတပ်စခန်းများကို စတင်တိုက်ခိုက်လာချိန်တွင် ရုရှားသည် လေယဥ်ဂိုဒေါင်များ တည်ဆောက်ကာ လေယာဉ်များကို ပိုမိုဝေးလံသော လေယာဉ်ကွင်းများသို့ ပြောင်းရွှေ့ခြင်းဖြင့် တုံ့ပြန်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“အဓိကမေးခွန်းကတော့ ယူကရိန်းက ဘယ်အရာက ဖျက်ဆီးနိုင်သလဲ ပြန်လည် တည်ဆောက်ဖို့ မဖြစ်နိုင်အောင် လုပ်နိုင်ခဲ့သလား ဒါမှမဟုတ် ရုရှားအတွက် တစ်ကြိမ်တခါ ဆုံးရှုံးမှုကြီးသာ ဖြစ်စေခဲ့သလား” ဟု ၎င်းက ဆိုသည်။ “ဒါကြောင့်ကျွန်တော်အနေနဲ့ တကယ့်အောင်မြင်မှုတွေလို့ မမြင်ရဘူး”

ဒါပေမယ့် အငြိမ်းစားဗိုလ်ချုပ် ရိုမန်နင်ကို (Romanenko) ကတော့ တကယ့်အောင်မြင်မှု တွေက ရှေ့မှာရှိနေတယ်လို့ ထင်ပါသည်။

“ကျွန်တော်တို့မှာ ကိရိယာတွေ ချို့တဲ့နေပါတယ်” ဟု ယူကရိန်းလုပ် ဒုံးကျည်များနှင့် အစုလိုက်အပြုံလိုက် ထုတ်လုပ်ရန်လုပ်ဆောင်နေရသည့် ပိုမိုခေတ်မီသော ဒရုန်းများကို ရည်ညွှန်းပြီး ၎င်းက ပြောကြားခဲ့သည်။ “ကျွန်တော်တို့မှာ ကိရိယာတွေရှိလာတာနဲ့၊ ပူတင်က ပိုလက်တွေ့ဆန်လာမှာပါ သူက အင်အားသုံးတခုပဲသိတာပါ”

Aljazeera သတင်း

ဓါတ်ပုံ- ရုရှားနိုင်ငံတွင်းရှိ ရုရှားစစ်သားတဦးဘေးလွတ်ရာသို့ပြောင်းရွေ့လာစဥ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 7 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 11 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 12 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 23 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက