နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးက ခရစ်ယန် ဘုရားကျောင်းကို တိုက်ခိုက်ပြီးနောက် ခရစ်ယာန် ခေါင်းဆောင်များသည် ဂါဇာသို့ ရှားရှားပါးပါး သွားရောက်ခဲ့ကြသည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၈ရက်

ကက်သလစ်နှင့် ဂရိသြသိုဒေါက်ဘုရားကျောင်းမှ ခေါင်းဆောင်များသည် ဂါဇာရှိ တစ်ခုတည်းသော ကက်သလစ်ဘုရားကျောင်းကို အစ္စရေးတို့၏ တိုက်ခိုက်မှုအတွင်း လူသုံးဦး သေဆုံးခဲ့ပြီးနောက် သောကြာနေ့တွင် သွားရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

နယ်မြေတွင်း ပြင်ပမှ ဝင်ထွက်မှုကို အစ္စရေးတို့၏ တင်းကျပ်စွာ ထိန်းချုပ်ထားခြင်းကြောင့် အဆိုပါ ခရီးစဉ်သည် မတူညီသည့် မြင့်မားသော အခြေအနေတခုဖြစ်သည်။

အဆိုပါအဖြစ်အပျက်ကို “အလွန်နောင်တရကြောင်း” အစ္စရေးက ပြောကြားခဲ့ပြီး ဗုံးပေါက်ကွဲမှုအတွင်း ‌ဗုံးစများ ထိမှန်ခြင်းကြောင့်ဖြစ်ရသည်ဟုဆိုပြီး ခဲယမ်းမီးကျောက်များကို အပြစ်ပုံချခဲ့ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်ဟုဆိုသည်။

ဂျေရုဆလင်၏ လက်တင်ကက်သလစ်ဘုန်းတော်ကြီး ကာဒီနယ် ပီယာဘက်တစ်ဆာ ပစ်ဇာဘာလာ (Cardinal Pierbattista Pizzaballa၊) နှင့် ဂျေရုဆလင် ဂရိ သြသို‌ဒေါ့ ဘုန်းတော်ကြီးတို့သည် ဂရီကက်သလစ်များကို ထောက်ခံကြောင်း ပြသရန် အသိုက်အဝန်းသို့ သွားရောက်ခဲ့ကြောင်း ဂျေရုဆလင်ရှိ လက်တင်အနွယ်တော်၏ ထုတ်ပြန်ချက်တစ်ခုအရ သိရသည်။

၎င်းတို့နှစ်ဦးသည် “သန့်ရှင်းသောမြေရှိ ခရစ်ယာန်အသင်းတော်များ၏ သင်းအုပ်ဆရာနှင့် အတူ ဂါဇာကမ်းမြောင်အသိုင်းအဝိုင်းအတွက် ၎င်းတို့၏ စိုးရိမ်ပူပန်မှု” ကိုထုတ်ဖော် ပြောကြား ခဲ့ကြပြီး ဘုန်းတော်ကြီးသည် ဂါဇာရှိ ရိုမန်ကက်သလစ်များအတွက် တရားစီရင်ပိုင်ခွင့်ရှိသောသူအဖြစ်ထုတ်ဖော်ပြောဆိုခဲ့သည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ရင်ဆိုင်နေရသည့် နယ်မြေသို့ ရိက္ခာအကူအညီနှင့် ဆေးဝါးအထောက်အပံ့များကို သူတို့နှင့်အတူ ယူဆောင်လာခဲ့ကြသည်။ အစ္စရေးတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူများကို ဂါဇာကမ်းမြောင်အပြင်ဘက်သို့ ရွှေ့ပြောင်းကုသပေးမည်ဟု ခေါင်းဆောင်များက အာမခံထားကြောင်း ဘုန်းတော်ကြီး က ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ရှိ ဘုရားကျောင်းသည် ပဋိပက္ခအတွင်း သေးငယ်သော ခရစ်ယာန် အသိုက်အဝန်းနှင့် အခြားသောသူများအတွက် ခိုလှုံရာနေရာ အမိုးအကာ ဖြစ်လာခဲ့သည်။

လူပေါင်း ၆၀၀ ခန့်တွင် အများစုမှာ ကလေးငယ်များဖြစ်ပြီး ဘုရားကျောင်းတွင် တိုက်လိုက်ခြင်း မခံရမီ တွင် ခိုလှုံခဲ့ကြကြောင်း ဘုရားကျောင်းက ကြာသပတေးနေ့တွင် ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး လီယိုသည် သောကြာနေ့တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့ပြီး ပုပ်ရဟန်းမင်းကြီးက ဝတ်ပြုရာနေရာများကို ကာကွယ်ရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်ဟု ဗာတီကန်မှ ပြောကြားခဲ့သည်။

ခေါ်ဆိုမှုအတွင်း လီယိုသည် ဂါဇာရှိ စစ်ပွဲများအတွင်း နှစ်ဖက်အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုများကို အသစ်တဖန် တောင်းဆိုခဲ့သည်။

ပုပ်ရဟန်းမင်းကြီးလီယိုက “ဂါဇာကမ်းမြောင်ဒေသရှိ အထူးသဖြင့် ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် ဖျားနာသူများလူဦးရေ၏ ကြီးမားစွာ ခံစားပေးဆပ်နေရသည့် ဆင်းရဲဒုက္ခကြောင့် လူသားချင်းစာနာမှု အခြေအနေအတွက် စိုးရိမ်ကြောင်း ထပ်မံဖော်ပြခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစ္စရေးခေါင်းဆောင်သည် “ဝမ်းနည်းဖွယ်ဖြစ်ရပ်အတွက် အစ္စရေး၏နောင်တရမှုကို ထုတ်ဖော်ပြောကြားခဲ့ပြီး” တိုက်ခိုက်မှုအတွင်း သေဆုံးသူများ၏ မိသားစုများကို ဝမ်းနည်း ကြောင်း ပြောကြားခဲ့ကြောင်း နေတန်ယာဟုရုံးမှ အတည်ပြုပြောကြားခဲ့သည်။

အဓိကအစ္စရေးမဟာမိတ် အမေရိကန် အပါအဝင် ထိုချပ်‌ကျောင်းတိုက်ခိုက်မှုအပေါ် နိုင်ငံတကာမှ ရှုတ်ချမှုများ ရှိနေပြီး ဂါဇာကမ်းမြောင်ဒေသတွင် ထိုးစစ်ကို ရပ်တန့်ခြင်း မပြုသည့်အချိန်တွင် ထိုဘုရားကျောင်း တိုက်ခိုက်မှု ဖြစ်လာခဲ့သည်။

ပဋိပက္ခအတွင်း လူပေါင်း ၅၉,၀၀၀ နီးပါး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပြီး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများသည် အသေအပျောက် ရှိနေဆဲဖြစ်သည်။

ဂါဇာရှိ အယ် အဟာလီ (Al-Ahli) ဆေးရုံ၏ ဒါရိုက်တာ ဒေါက်တာ ဖဒယ်နာအင်(Fadl Naim) က တိုက်ခိုက်မှုတွင် ဒဏ်ရာရသူများကထွက်ခွာနိုင်ပြီးသည် အခြားသူများက အဘယ်ကြောင့် မထွက်ခွာနိုင်သနည်းဟု မေးမြန်းခဲ့သည်။

“ဒါဟာ သိမ်းပိုက်ထားမှုရဲ့အနေအထားကို တောက်ပြောင်ဖို့ ကြိုးပမ်းမှုလား၊ ဒါမှမဟုတ် ခွဲခြားဆက်ဆံတဲ့အပြုအမူလား ဒဏ်ရာရသူတွေကို ဘာသာရေးကို အခြေခံပြီး ခွဲခြားစွာ ဆက်ဆံတဲ့ လုပ်ရပ်လားဟုသူက X တွင် မေးခဲ့သည်။

“ဆေးကုသဖို့ ခရီးသွားခွင့် ငြင်းပယ်ခံရတဲ့ ပါလက်စတိုင်း ထောင်သောင်းချီတဲ့ ဒဏ်ရာရသူတွေကိုကော ဘယ်လို သဘောထားသလဲ။

CNN သတင်း။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက်
နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် ပြန်ပေးဆွဲခံခဲ့ရကြောင်း သတင်းရင်းမြစ်များနှင့် သူမအလုပ်လုပ်ကိုင်ရာ သတင်းဌာနက ပြောကြား ခဲ့သည်။ အမေရိကန်အစိုးရအနေဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

ဟက်ဂ်ဆက်သ်က အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို အီရန်စစ်ပွဲအတွင်း ရာထူးမှထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) သည် အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွား နေစဉ်အတွင်း အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို ကြာသပတေးနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်