နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဗြိတိန် ဥရောပ

တိတ်တဆိတ်သတင်းပေးသူ(Silent Courier ) – ဗြိတိန်ထောက်လှမ်းရေးအေဂျင်စီ အမ်အိုင်(၆) MI6 သည် နိုင်ငံခြားသား သူလျှိုများ စုဆောင်းရန် အမှောင်ဝဘ် (Dark Web) ပေါ်တွင် ဝဘ်ဆိုက် အသစ်တစ်ခုကို လွှင့်တင်ခဲ့သည်။

CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်

ဗြိတိန်နိုင်ငံ၏ နိုင်ငံခြားထောက်လှမ်းရေးအေဂျင်စီဖြစ်သော MI6 သည် အထူးသဖြင့် ရုရှားနိုင်ငံကို ပစ်မှတ်ထား၍ လျှို့ဝှက်ချက်များ ပေးပို့ရန် အလားအလာရှိသော သူလျှိုများကို ဆွဲဆောင်နိုင်ရန်အတွက် အမှောင်ဝဘ်ဆိုက်ကို အသုံးပြုမည့် “ Silent Courier” ဟုခေါ်သော အွန်လိုင်းပေါ်တယ်အသစ်တစ်ခုကို စတင်မိတ်ဆက်လိုက်သည်။

အဆိုပါဝန်ဆောင်မှုသည် လုံခြုံသော MI6 စာတိုပေးပို့ရေး ပလက်ဖောင်းသို့ အမည်မဖော်ဘဲ ဝင်ရောက်နိုင်စေမည့် Tor အင်တာနက်ဘရောက်ဇာကို အားထား အသုံးပြုသွားမည် ဖြစ်သည် ။ Silent Courier ကို အသုံးပြုရန် ညွှန်ကြားချက်များကို MI6 ၏ YouTube ချန်နယ်အသစ်တွင် အရှေ့ပိုင်းစံတော်ချိန် သောကြာနေ့ နံနက် ၂ နာရီတွင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အီဗက် ကူးပါး (Yvette Cooper) က “ MI6 အနေနဲ့ ရုရှားနဲ့ ကမ္ဘာတစ်ဝန်းက ဗြိတိန်အတွက် သူလျှိုအသစ်တွေ စုဆောင်းနိုင်ဖို့ သူတို့ရဲ့ ကြိုးပမ်းမှုတွေကို ခေတ်အမီဆုံး နည်းပညာတွေနဲ့ အားဖြည့်နေပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါ ဝန်ဆောင်မှုကို ဘေးကင်းစွာ အသုံးပြုနိုင်ရန်အတွက် အသုံးပြုသူများဘက်မှလည်း သိသာထင်ရှားသော ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။ MI6 ၏ ဆက်သွယ်ရေးကို တာဝန်ယူထားသော ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် “ MI6 သည် ၎င်း၏ ပေါ်တယ်ကို အသုံးပြုသူများအား အချို့ နိုင်ငံများတွင် တည်ရှိနေသော အန္တရာယ်များကို လျှော့ချနိုင်ရန်အတွက် ယုံကြည်စိတ်ချ ရသော VPN များနှင့် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များနှင့် မသက်ဆိုင်သော စက်ပစ္စည်းများကို အသုံးပြုရန် အကြံပြုပါသည်” ဟု ဖော်ပြထားသည်။

ယခုကဲ့သို့ စတင်ခြင်းသည် ရာထူးမှ ထွက်ခွာတော့မည့် MI6 အကြီးအကဲ ဆာ ရစ်ချတ် မိုး (Sir Richard Moore) က ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ပရာ့ဂ်မြို့၌ ပြုလုပ်ခဲ့သော ရှားရှားပါးပါး လူထုမိန့်ခွန်းတစ်ခုအတွင်း ရုရှားနိုင်ငံသားများအား ဗြိတိန်အတွက် သူလျှိုလုပ်ပေးရန် တိုက်တွန်းခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထိုနှစ်မှာပင် CIA ကလည်း Silent Courier နှင့် ဆင်တူသော အွန်လိုင်းယန္တရားတစ်ခုကို Tor ကွန်ရက်ပေါ်တွင် စတင်ခဲ့ပြီး အလားအလာရှိသော သူလျှိုများအား လျှို့ဝှက်သတင်းအချက်အလက်များ ပေးပို့ရန် တိုက်တွန်းခဲ့သည်။

မစ္စတာမိုးသည် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် အစ္စတန်ဘူလ်မြို့တွင် ယခုသောကြာနေ့၌ ပြောကြားမည့် ၎င်း၏ နှုတ်ဆက်မိန့်ခွန်းတွင် ဝန်ဆောင်မှုအသစ်ကို စတင်မိတ်ဆက်သွားမည် ဖြစ်သည်။ “ ကျွန်တော်တို့ရဲ့ အွန်လိုင်းတံခါးက သင်တို့အတွက် ဖွင့်ထားပါတယ်” ဟု သူက ပြောကြားမည် ဖြစ်သည်။

Silent Courier ၏ နောက်ကွယ်ရှိ နည်းပညာအတိအကျကို မသိရသေးသော်လည်း MI6 ၏ ဝဘ်ဆိုက်ဖြစ်သော sis.gov.uk တွင်လည်း အလားအလာရှိသော သတင်းပေးသူများကို Tor နှင့် VPN အသုံးပြု၍ ဆက်သွယ်ရန် အလားတူ တိုက်တွန်းထားပြီး ဖြည့်စွက်ရန် အွန်လိုင်း ဖောင်တစ်ခုကိုလည်း ထားရှိပေးထားသည်။ အသုံးပြုသူများအား အကြောင်းပြန်ကြား နိုင်မည့် အီးမေးလ်လိပ်စာအသစ်တစ်ခု ပြုလုပ်ရန်လည်း ညွှန်ကြားထားသည်။ “ ဒီအကောင့်ကို ပြုလုပ်တဲ့အခါမှာ နာမည်၊ ဖုန်းနံပါတ် သို့မဟုတ် သင်ရဲ့ တကယ့် အထောက်အထားနဲ့ ဆက်စပ်နေတဲ့ တခြားအချက်အလက်တွေကို မသုံးပါနဲ့” ဟုလည်း ထပ်လောင်းပြောကြားထားသည်။

သောကြာနေ့တွင် စတင်မိတ်ဆက်မှုနှင့်အတူ စိတ်ကူးယဉ် သူလျှို ဂျိမ်းစ်ဘွန်း (James Bond) နှင့် အနီးစပ်ဆုံး ဆက်စပ်နေသော MI6 ၏ သူလျှိုလုပ်ငန်း ပုံရိပ်ကို ပြန်လည်အမှတ်ရ စေသည့် သေသပ်စွာ ထုတ်လုပ်ထားသော ဗီဒီယိုတစ်ခုကိုလည်း ထုတ်လွှင့်ခဲ့သည်။ ထိုဗီဒီယိုတွင် တောနက်ထဲ၌ လမ်းလျှောက်ခြင်း၊ သဲကန္တာရထဲတွင် SUV ကားတစ်စီးကို တစ်ဦးတည်း မောင်းနှင်နေသော အေးဂျင့်တစ်ဦး စသည့် မြင်ကွင်းများ ပါဝင်သည်။ ဗီဒီယိုထဲ၌ စမတ်ဖုန်းပေါ်တွင် Silent Courier ဝန်ဆောင်မှု၏ ပုံစံတူကို ပြသထားပြီး “ သတင်းအချက်အလက် လွှဲပြောင်းပါ” ဟူသော စာသားကို ရုရှားဘာသာဖြင့် ရေးသား ထားကာ ဖိုင်တစ်ခုကို upload လုပ်နေဟန် ပြသထားသည်။

မစ္စတာမိုးသည် အကြီးအကဲ “ C” အဖြစ် ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် ရာထူးမှ ထွက်ခွာမည်ဖြစ်ပြီး လာမည့်လတွင် ၎င်း၏နေရာကို အဆိုပါရာထူးကို ပထမဆုံးရရှိသည့် အမျိုးသမီးဖြစ်သူ ဘလိဇ် မက်ထရီဝယ်လီ (Blaise Metreweli) က ဆက်ခံမည်ဖြစ်သည်။ မက်ထရီဝယ်လီသည် ယခင်က MI6 ၏ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ဒါရိုက်တာ “ Q” အဖြစ် တာဝန်ယူခဲ့ပြီး အရှေ့အလယ်ပိုင်းနှင့် ဥရောပတို့တွင်လည်း တာဝန်ထမ်းဆောင် ခဲ့ဖူးသူ ဖြစ်သည်။

ပထမအမျိုးသမီးစပိုင်အကြီးအကဲ ဘလိဇ် မက်ထရီဝယ်လီ (Blaise Metreweli) (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အကြီးစားကယ်ဆယ်ရေးမစ်ရှင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ အီရန်နိုင်ငံ အတွင်း တစ်ရက်ကျော်ကြာ ဖမ်းဆီးမခံရစေရန် တိမ်းရှောင်နေခဲ့သည့် လေသူရဲကို ကယ်ထုတ်နိုင်ခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ဧပြီလ (၅)ရက် ညတွင်းချင်း ကယ်ဆယ်ရေးသတင်းကို ကြေညာခဲ့သည့် သမ္မတ ဒေါ်နယ်ထရန့်က အီရန်အနေဖြင့် သဘောတူညီချက်တစ်ခု မရယူနိုင်လျှင် သို့မဟုတ် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်မဖွင့်ပေးလျှင် နောက်ထပ် စစ်ရေးအရေးယူမှုများ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား ‘အီစတာပွဲတော်ကာလ စစ်ရှိန်မြှင့်တင်မှု’ ကို ရွေးချယ်ခဲ့သည်ဟု ဇလန်းစကီး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 29 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မော်စကိုသည် အီစတာပွဲတော်ကာလ