နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဗြိတိန် ဥရောပ

တိတ်တဆိတ်သတင်းပေးသူ(Silent Courier ) – ဗြိတိန်ထောက်လှမ်းရေးအေဂျင်စီ အမ်အိုင်(၆) MI6 သည် နိုင်ငံခြားသား သူလျှိုများ စုဆောင်းရန် အမှောင်ဝဘ် (Dark Web) ပေါ်တွင် ဝဘ်ဆိုက် အသစ်တစ်ခုကို လွှင့်တင်ခဲ့သည်။

CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်

ဗြိတိန်နိုင်ငံ၏ နိုင်ငံခြားထောက်လှမ်းရေးအေဂျင်စီဖြစ်သော MI6 သည် အထူးသဖြင့် ရုရှားနိုင်ငံကို ပစ်မှတ်ထား၍ လျှို့ဝှက်ချက်များ ပေးပို့ရန် အလားအလာရှိသော သူလျှိုများကို ဆွဲဆောင်နိုင်ရန်အတွက် အမှောင်ဝဘ်ဆိုက်ကို အသုံးပြုမည့် “Silent Courier” ဟုခေါ်သော အွန်လိုင်းပေါ်တယ်အသစ်တစ်ခုကို စတင်မိတ်ဆက်လိုက်သည်။

အဆိုပါဝန်ဆောင်မှုသည် လုံခြုံသော MI6 စာတိုပေးပို့ရေး ပလက်ဖောင်းသို့ အမည်မဖော်ဘဲ ဝင်ရောက်နိုင်စေမည့် Tor အင်တာနက်ဘရောက်ဇာကို အားထား အသုံးပြုသွားမည် ဖြစ်သည် ။ Silent Courier ကို အသုံးပြုရန် ညွှန်ကြားချက်များကို MI6 ၏ YouTube ချန်နယ်အသစ်တွင် အရှေ့ပိုင်းစံတော်ချိန် သောကြာနေ့ နံနက် ၂ နာရီတွင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အီဗက် ကူးပါး (Yvette Cooper) က “MI6 အနေနဲ့ ရုရှားနဲ့ ကမ္ဘာတစ်ဝန်းက ဗြိတိန်အတွက် သူလျှိုအသစ်တွေ စုဆောင်းနိုင်ဖို့ သူတို့ရဲ့ ကြိုးပမ်းမှုတွေကို ခေတ်အမီဆုံး နည်းပညာတွေနဲ့ အားဖြည့်နေပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါ ဝန်ဆောင်မှုကို ဘေးကင်းစွာ အသုံးပြုနိုင်ရန်အတွက် အသုံးပြုသူများဘက်မှလည်း သိသာထင်ရှားသော ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။ MI6 ၏ ဆက်သွယ်ရေးကို တာဝန်ယူထားသော ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် “MI6 သည် ၎င်း၏ ပေါ်တယ်ကို အသုံးပြုသူများအား အချို့ နိုင်ငံများတွင် တည်ရှိနေသော အန္တရာယ်များကို လျှော့ချနိုင်ရန်အတွက် ယုံကြည်စိတ်ချ ရသော VPN များနှင့် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များနှင့် မသက်ဆိုင်သော စက်ပစ္စည်းများကို အသုံးပြုရန် အကြံပြုပါသည်” ဟု ဖော်ပြထားသည်။

ယခုကဲ့သို့ စတင်ခြင်းသည် ရာထူးမှ ထွက်ခွာတော့မည့် MI6 အကြီးအကဲ ဆာ ရစ်ချတ် မိုး (Sir Richard Moore) က ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ပရာ့ဂ်မြို့၌ ပြုလုပ်ခဲ့သော ရှားရှားပါးပါး လူထုမိန့်ခွန်းတစ်ခုအတွင်း ရုရှားနိုင်ငံသားများအား ဗြိတိန်အတွက် သူလျှိုလုပ်ပေးရန် တိုက်တွန်းခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထိုနှစ်မှာပင် CIA ကလည်း Silent Courier နှင့် ဆင်တူသော အွန်လိုင်းယန္တရားတစ်ခုကို Tor ကွန်ရက်ပေါ်တွင် စတင်ခဲ့ပြီး အလားအလာရှိသော သူလျှိုများအား လျှို့ဝှက်သတင်းအချက်အလက်များ ပေးပို့ရန် တိုက်တွန်းခဲ့သည်။

မစ္စတာမိုးသည် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် အစ္စတန်ဘူလ်မြို့တွင် ယခုသောကြာနေ့၌ ပြောကြားမည့် ၎င်း၏ နှုတ်ဆက်မိန့်ခွန်းတွင် ဝန်ဆောင်မှုအသစ်ကို စတင်မိတ်ဆက်သွားမည် ဖြစ်သည်။ “ကျွန်တော်တို့ရဲ့ အွန်လိုင်းတံခါးက သင်တို့အတွက် ဖွင့်ထားပါတယ်” ဟု သူက ပြောကြားမည် ဖြစ်သည်။

Silent Courier ၏ နောက်ကွယ်ရှိ နည်းပညာအတိအကျကို မသိရသေးသော်လည်း MI6 ၏ ဝဘ်ဆိုက်ဖြစ်သော sis.gov.uk တွင်လည်း အလားအလာရှိသော သတင်းပေးသူများကို Tor နှင့် VPN အသုံးပြု၍ ဆက်သွယ်ရန် အလားတူ တိုက်တွန်းထားပြီး ဖြည့်စွက်ရန် အွန်လိုင်း ဖောင်တစ်ခုကိုလည်း ထားရှိပေးထားသည်။ အသုံးပြုသူများအား အကြောင်းပြန်ကြား နိုင်မည့် အီးမေးလ်လိပ်စာအသစ်တစ်ခု ပြုလုပ်ရန်လည်း ညွှန်ကြားထားသည်။ “ဒီအကောင့်ကို ပြုလုပ်တဲ့အခါမှာ နာမည်၊ ဖုန်းနံပါတ် သို့မဟုတ် သင်ရဲ့ တကယ့် အထောက်အထားနဲ့ ဆက်စပ်နေတဲ့ တခြားအချက်အလက်တွေကို မသုံးပါနဲ့” ဟုလည်း ထပ်လောင်းပြောကြားထားသည်။

သောကြာနေ့တွင် စတင်မိတ်ဆက်မှုနှင့်အတူ စိတ်ကူးယဉ် သူလျှို ဂျိမ်းစ်ဘွန်း (James Bond) နှင့် အနီးစပ်ဆုံး ဆက်စပ်နေသော MI6 ၏ သူလျှိုလုပ်ငန်း ပုံရိပ်ကို ပြန်လည်အမှတ်ရ စေသည့် သေသပ်စွာ ထုတ်လုပ်ထားသော ဗီဒီယိုတစ်ခုကိုလည်း ထုတ်လွှင့်ခဲ့သည်။ ထိုဗီဒီယိုတွင် တောနက်ထဲ၌ လမ်းလျှောက်ခြင်း၊ သဲကန္တာရထဲတွင် SUV ကားတစ်စီးကို တစ်ဦးတည်း မောင်းနှင်နေသော အေးဂျင့်တစ်ဦး စသည့် မြင်ကွင်းများ ပါဝင်သည်။ ဗီဒီယိုထဲ၌ စမတ်ဖုန်းပေါ်တွင် Silent Courier ဝန်ဆောင်မှု၏ ပုံစံတူကို ပြသထားပြီး “သတင်းအချက်အလက် လွှဲပြောင်းပါ” ဟူသော စာသားကို ရုရှားဘာသာဖြင့် ရေးသား ထားကာ ဖိုင်တစ်ခုကို upload လုပ်နေဟန် ပြသထားသည်။

မစ္စတာမိုးသည် အကြီးအကဲ “C” အဖြစ် ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် ရာထူးမှ ထွက်ခွာမည်ဖြစ်ပြီး လာမည့်လတွင် ၎င်း၏နေရာကို အဆိုပါရာထူးကို ပထမဆုံးရရှိသည့် အမျိုးသမီးဖြစ်သူ ဘလိဇ် မက်ထရီဝယ်လီ (Blaise Metreweli) က ဆက်ခံမည်ဖြစ်သည်။ မက်ထရီဝယ်လီသည် ယခင်က MI6 ၏ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ဒါရိုက်တာ “Q” အဖြစ် တာဝန်ယူခဲ့ပြီး အရှေ့အလယ်ပိုင်းနှင့် ဥရောပတို့တွင်လည်း တာဝန်ထမ်းဆောင် ခဲ့ဖူးသူ ဖြစ်သည်။

ပထမအမျိုးသမီးစပိုင်အကြီးအကဲ ဘလိဇ် မက်ထရီဝယ်လီ (Blaise Metreweli) (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 8 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 22 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ