နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဗြိတိန်၊ ပြင်သစ်နှင့် ကနေဒါတို့က အစ္စရေး၏ ဂါဇာကမ်းမြောင် ကျူးကျော်မှုကို ရှုတ်ချပြီး ဆက်လက်လုပ်ဆောင်ပါက ပိတ်ဆို့မှုများ ချမှတ်မည်ဟုဆို

မေလ (၂၀) ရက်။

ပါလက်စတိုင်းထိန်းချုပ်ထားတဲ့ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက မြေပြင်ကျူးကျော်မှုအသစ် စတင်လိုက်ပါတယ်။ ဂါဇာကမ်းမြောင်တွင် အပစ်အခတ်ရပ်စဲရေး ဒါမှမဟုတ် ဓားစာခံများ လွှတ်ပေးရေး သဘောတူညီချက် မရရှိဘဲ အရှေ့အလယ်ပိုင်းမှ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ထွက်ခွာပြီး မကြာမီမှာပဲ ကြီးမားတဲ့ မြေပြင်ကျူးကျော်ထိုးစစ် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို အကူအညီတွေ ပိတ်ဆို့ဖို့ အစ္စရေးက စစ်ရေးအရ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် ဗြိတိန်၊ ပြင်သစ်နဲ့ ကနေဒါ ခေါင်းဆောင်တွေက တိကျတဲ့ အစီအမံတွေ လုပ်ဆောင်မယ်လို့ အင်္ဂါနေ့က ပူးတွဲကြေညာချက်မှာ သတိပေးထားပါတယ်။ ပစ်မှတ်ထား အရေးယူမှုများ ချမှတ်လာနိုင်ပါတယ်။

“ ဂီဒီယွန် စစ်မြင်းရထား စစ်ဆင်ရေး” လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းအနေဖြင့် အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာမြောက်ပိုင်းနဲ့ တောင်ပိုင်းကို ဝင်ရောက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။ အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ် အနေနဲ့ အစ္စရေးဘက်က သတ်မှတ်ချက်အရ ဓားစာခံ ပြန်လည်လွှဲပြောင်းရေး သဘောတူညီချက်အသစ်ကို လက်မခံဘူးဆိုရင် ဒီစစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ အစ္စရေးက သတိပေးထားပါတယ်။

မြေပြင်စစ်ဆင်ရေးမှာ အစ္စရေးက ဂါဇာကို ရက်အတန်ကြာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ပြီးတဲ့နောက် အချို့ဖြစ်ရပ်တွေမှာ မိသားစုတစ်ခုလုံး သေဆုံးခဲ့တယ်လို့ ဂါဇာဒေသဆိုင်ရာကျန်းမာရေးအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

အစ္စရေးက အခြေခံစားနပ်ရိက္ခာတွေ ပြန်ပို့ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက မဟာမိတ်တွေရဲ့ ဖိအားပေးမှုကို တုံ့ပြန်တဲ့အနေနဲ့ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။ ၁၉ ရက်နေ့မှာ အစ္စရေးအာဏာပိုင်တွေက ဂါဇာကမ်းမြောင်ကို ထရပ်ကားငါးစီးဝင်ရောက်ခွင့်ပြုခဲ့သော်လည်း လူသားချင်းစာနာထောက်ထားမှုရေးရာဆိုင်ရာ ကုလသမဂ္ဂလက်ထောက်အထွေထွေအတွင်းရေးမှူး Tom Fletcher က ရိက္ခာပေးပို့မှုသည် အကန့်အသတ်နဲ့ ဖြစ်ပြီး “ မီးလောင်နေတဲ့ကျောက်တုံးပေါ်က ရေးဖြန်းလိုက်သလိုပဲ” လို့ ပြောကြားခဲ့ပါတယ်။

၁၇ ရက်နေ့မှာ အစ္စရေးနဲ့ ဟားမတ်စ်တို့ဟာ ကာတာမှာ သွယ်ဝိုက်တဲ့ စေ့စပ်ညှိနှိုင်းမှုများ ပြန်လည်ပြုလုပ်ခဲ့ကြပါတယ်။။

အစ္စရေးက ဂါဇာမှာ သူ့ရဲ့ ရည်မှန်းချက် အပြည့်အ၀ အောင်မြင်စေဖို့ ရည်ရွယ်ပြီး စစ်ရေး စစ်ဆင်ရေးကို ရက်သတ္တပတ် အတန်ကြာ သတိပေးခဲ့ပြီး ဟားမတ်စ်တွေကို ချေမှုန်းပစ်ပြီး ကျန်ရှိတဲ့ ဓားစာခံတွေကို ကယ်ဆယ်မယ်ဆိုပြီး ကြွေးကြော်ထားပါတယ်။ အစ္စရေးအစိုးရက စစ်ဆင်ရေးကို မေလ ၅ ရက်မြောက်နေ့တွင် အတည်ပြုခဲ့ပါတယ်။ အရင်ကနဲ့မတူဘဲ အစိုးရက သိမ်းယူထားတဲ့ နယ်မြေတွေမှာ တပ်စွဲထားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

၁၉ ရက်နေ့မှာ ၀န်ကြီးချုပ် နေတန်ယာဟုက “ဂါဇာကမ်းမြောင်ဒေသအားလုံးကို သိမ်းပိုက်ချုပ်ကိုင်ဖို့ စီစဉ်ထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း လူပေါင်း ၁၃၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးအာဏာပိုင်များက ၁၉ ရက်တွင် ပြောကြားခဲ့ပြီး ကမ်းရိုးတန်းမြောက်ပိုင်းရှိ နောက်ဆုံးဆေးကုသမှုဝန်ဆောင်မှုပေးနေတဲ့ ဆေးရုံကို ပိတ်ထားခဲ့ရတယ်လို့ ကြေညာခဲ့ပါတယ်။ ၁၅ ရက်နေ့ကတည်းက သေဆုံးသူ ၄၀၀ ကျော်ရှိပြီး ဒဏ်ရာရသူ ၁၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အစ္စရေးတို့ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲတွေကြောင့် သေဆုံးသူဦးရေ ၅၃,၀၀၀ ကျော်သွားပြီ ဖြစ်ပြီး သေဆုံးသူအများစုမှာ အမျိုးသမီးများနဲ့ ကလေးငယ်များဖြစ်ကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

CNN ဂျပန်သတင်း

ဓာတ်ပုံ

ဂါဇာကမ်းမြှောင်ရှိ ပျက်စီးသွားသော အဆောက်အအုံတစ်ခုတွင် ရှာဖွေကယ်ဆယ်ရေးဝန်ထမ်းများကို ၁၇ ရက်နေ့က တွေ့ရစဉ်။ Abood Abusalama/အရှေ့အလယ်ပိုင်းပုံများ/AFP/Getty ပုံများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 9 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အကြီးစားကယ်ဆယ်ရေးမစ်ရှင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ အီရန်နိုင်ငံ အတွင်း တစ်ရက်ကျော်ကြာ ဖမ်းဆီးမခံရစေရန် တိမ်းရှောင်နေခဲ့သည့် လေသူရဲကို ကယ်ထုတ်နိုင်ခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ဧပြီလ (၅)ရက် ညတွင်းချင်း ကယ်ဆယ်ရေးသတင်းကို ကြေညာခဲ့သည့် သမ္မတ ဒေါ်နယ်ထရန့်က အီရန်အနေဖြင့် သဘောတူညီချက်တစ်ခု မရယူနိုင်လျှင် သို့မဟုတ် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်မဖွင့်ပေးလျှင် နောက်ထပ် စစ်ရေးအရေးယူမှုများ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား ‘အီစတာပွဲတော်ကာလ စစ်ရှိန်မြှင့်တင်မှု’ ကို ရွေးချယ်ခဲ့သည်ဟု ဇလန်းစကီး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 28 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မော်စကိုသည် အီစတာပွဲတော်ကာလ