နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဗြိတိန်၊ ပြင်သစ်နှင့် ကနေဒါတို့က အစ္စရေး၏ ဂါဇာကမ်းမြောင် ကျူးကျော်မှုကို ရှုတ်ချပြီး ဆက်လက်လုပ်ဆောင်ပါက ပိတ်ဆို့မှုများ ချမှတ်မည်ဟုဆို

မေလ (၂၀) ရက်။

ပါလက်စတိုင်းထိန်းချုပ်ထားတဲ့ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက မြေပြင်ကျူးကျော်မှုအသစ် စတင်လိုက်ပါတယ်။ ဂါဇာကမ်းမြောင်တွင် အပစ်အခတ်ရပ်စဲရေး ဒါမှမဟုတ် ဓားစာခံများ လွှတ်ပေးရေး သဘောတူညီချက် မရရှိဘဲ အရှေ့အလယ်ပိုင်းမှ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ထွက်ခွာပြီး မကြာမီမှာပဲ ကြီးမားတဲ့ မြေပြင်ကျူးကျော်ထိုးစစ် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို အကူအညီတွေ ပိတ်ဆို့ဖို့ အစ္စရေးက စစ်ရေးအရ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် ဗြိတိန်၊ ပြင်သစ်နဲ့ ကနေဒါ ခေါင်းဆောင်တွေက တိကျတဲ့ အစီအမံတွေ လုပ်ဆောင်မယ်လို့ အင်္ဂါနေ့က ပူးတွဲကြေညာချက်မှာ သတိပေးထားပါတယ်။ ပစ်မှတ်ထား အရေးယူမှုများ ချမှတ်လာနိုင်ပါတယ်။

“ဂီဒီယွန် စစ်မြင်းရထား စစ်ဆင်ရေး” လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းအနေဖြင့် အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာမြောက်ပိုင်းနဲ့ တောင်ပိုင်းကို ဝင်ရောက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။ အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ် အနေနဲ့ အစ္စရေးဘက်က သတ်မှတ်ချက်အရ ဓားစာခံ ပြန်လည်လွှဲပြောင်းရေး သဘောတူညီချက်အသစ်ကို လက်မခံဘူးဆိုရင် ဒီစစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ အစ္စရေးက သတိပေးထားပါတယ်။

မြေပြင်စစ်ဆင်ရေးမှာ အစ္စရေးက ဂါဇာကို ရက်အတန်ကြာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ပြီးတဲ့နောက် အချို့ဖြစ်ရပ်တွေမှာ မိသားစုတစ်ခုလုံး သေဆုံးခဲ့တယ်လို့ ဂါဇာဒေသဆိုင်ရာကျန်းမာရေးအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

အစ္စရေးက အခြေခံစားနပ်ရိက္ခာတွေ ပြန်ပို့ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက မဟာမိတ်တွေရဲ့ ဖိအားပေးမှုကို တုံ့ပြန်တဲ့အနေနဲ့ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။ ၁၉ ရက်နေ့မှာ အစ္စရေးအာဏာပိုင်တွေက ဂါဇာကမ်းမြောင်ကို ထရပ်ကားငါးစီးဝင်ရောက်ခွင့်ပြုခဲ့သော်လည်း လူသားချင်းစာနာထောက်ထားမှုရေးရာဆိုင်ရာ ကုလသမဂ္ဂလက်ထောက်အထွေထွေအတွင်းရေးမှူး Tom Fletcher က ရိက္ခာပေးပို့မှုသည် အကန့်အသတ်နဲ့ ဖြစ်ပြီး “မီးလောင်နေတဲ့ကျောက်တုံးပေါ်က ရေးဖြန်းလိုက်သလိုပဲ” လို့ ပြောကြားခဲ့ပါတယ်။

၁၇ ရက်နေ့မှာ အစ္စရေးနဲ့ ဟားမတ်စ်တို့ဟာ ကာတာမှာ သွယ်ဝိုက်တဲ့ စေ့စပ်ညှိနှိုင်းမှုများ ပြန်လည်ပြုလုပ်ခဲ့ကြပါတယ်။။

အစ္စရေးက ဂါဇာမှာ သူ့ရဲ့ ရည်မှန်းချက် အပြည့်အ၀ အောင်မြင်စေဖို့ ရည်ရွယ်ပြီး စစ်ရေး စစ်ဆင်ရေးကို ရက်သတ္တပတ် အတန်ကြာ သတိပေးခဲ့ပြီး ဟားမတ်စ်တွေကို ချေမှုန်းပစ်ပြီး ကျန်ရှိတဲ့ ဓားစာခံတွေကို ကယ်ဆယ်မယ်ဆိုပြီး ကြွေးကြော်ထားပါတယ်။ အစ္စရေးအစိုးရက စစ်ဆင်ရေးကို မေလ ၅ ရက်မြောက်နေ့တွင် အတည်ပြုခဲ့ပါတယ်။ အရင်ကနဲ့မတူဘဲ အစိုးရက သိမ်းယူထားတဲ့ နယ်မြေတွေမှာ တပ်စွဲထားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

၁၉ ရက်နေ့မှာ ၀န်ကြီးချုပ် နေတန်ယာဟုက “ဂါဇာကမ်းမြောင်ဒေသအားလုံးကို သိမ်းပိုက်ချုပ်ကိုင်ဖို့ စီစဉ်ထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း လူပေါင်း ၁၃၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးအာဏာပိုင်များက ၁၉ ရက်တွင် ပြောကြားခဲ့ပြီး ကမ်းရိုးတန်းမြောက်ပိုင်းရှိ နောက်ဆုံးဆေးကုသမှုဝန်ဆောင်မှုပေးနေတဲ့ ဆေးရုံကို ပိတ်ထားခဲ့ရတယ်လို့ ကြေညာခဲ့ပါတယ်။ ၁၅ ရက်နေ့ကတည်းက သေဆုံးသူ ၄၀၀ ကျော်ရှိပြီး ဒဏ်ရာရသူ ၁၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အစ္စရေးတို့ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲတွေကြောင့် သေဆုံးသူဦးရေ ၅၃,၀၀၀ ကျော်သွားပြီ ဖြစ်ပြီး သေဆုံးသူအများစုမှာ အမျိုးသမီးများနဲ့ ကလေးငယ်များဖြစ်ကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

CNN ဂျပန်သတင်း

ဓာတ်ပုံ

ဂါဇာကမ်းမြှောင်ရှိ ပျက်စီးသွားသော အဆောက်အအုံတစ်ခုတွင် ရှာဖွေကယ်ဆယ်ရေးဝန်ထမ်းများကို ၁၇ ရက်နေ့က တွေ့ရစဉ်။ Abood Abusalama/အရှေ့အလယ်ပိုင်းပုံများ/AFP/Getty ပုံများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 82 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 93 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 93 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 89 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 90 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 105 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက