ဇန်နဝါရီလ (၂၀)ရက်။
မနေ့က ညနေပိုင်းအချိန် ငဖဲမြို့ အမ်း-ပဒါန်းလမ်းပိုင်းတနေရာမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ်(ACDF)ရဲ့ ဒီကနေ့မှာထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ငဖဲ အမ်း-ပဒါန်လမ်းပိုင်းတစ်နေရာမှာ စခန်းစွန့်ခွာထွက်ပြေးလာတဲ့ စကစတပ်နဲ့ ACDF က တပ်စိတ်(၂)စိတ်နဲ့ တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာ” လို့ ဆိုပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်တွေဟာ တပ်မ(၉၉)လက်အောက်ခံဖြစ်ပြီး စခန်းစွန့်ခွာ ထွက်ပြေးလာချိန် ACDF တပ်စိတ်(၂)စိတ်နဲ့ (၁)နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၃)ဦးသေဆုံးပြီး MA-1 သေနတ် (၃)လက်အပါအဝင် ကျည်ဆန်နဲ့ ကျည်အိမ်တွေ သိမ်းဆည်းရမိခဲ့ကာ ACDF ရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ငဖဲမြို့ အမ်း-ပဒါန်းလမ်းပိုင်းမှာ တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ACDF တို့အကြား တိုက်ပွဲဖြစ်ပွားနေတာကြောင့် ပြည်သူတွေ ဂရုစိုက်ကြဖို့ အသိပေးထားတယ်လို့ သိရပါတယ်။