နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ပုပ်ရဟန်းမင်းကြီးဖရန်ဆစ် သက်တော် ၈၈ နှစ်မှာ ပျံလွန်တော်မူ

ဧပြီလ (၂၂) ရက်။

ရိုမန်ကက်သလစ်ဘာသာဝင်တွေရဲ့ ပထမဆုံး တောင်အမေရိကက ဘာသာရေးခေါင်းဆောင် ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်ဟာ ဧပြီလ (၂၁) ရက် တနင်္လာနေ့မှာ ပျံလွန်တော်မူသွားခဲ့ပြီလို့ ဗာတီကန်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

“ဒီနေ့ မနက် ၇ နာရီ ၃၅ မိနစ်မှာ ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်ဟာ ဖခမည်းတော်ရဲ့ နေအိမ်ကို ပြန်သွားခဲ့ပါပြီ” လို့ ဗာတီကန်ရဲ့ ထုတ်ပြန်ချက်ကို ကာဒီနယ်ကီဗင်ဖာရယ်က တရားဝင်ဖတ်ကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကထိ ဝတ်ပြုသူတွေဟာ ဗာတီကန်က စိန်ပီတာရင်ပြင်ကို ရောက်ရှိလာခဲ့ကြပြီး Happy Easter နေ့အတွက် ဝတ်ပြုဆုတောင်းသူတွေကို လက်ပြနှုတ်ဆက်ခဲ့ပြီး နောက်တစ်နေ့မှာပဲ ပုပ်ရဟန်းမင်းကြီး ကွယ်လွန်အနိစ္စရောက်ခဲ့တာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်ဟာ အာဂျင်တီးနိုင်ငံ၊ ဂျော့မာရီယိုဘာဂိုလီယိုမြို့မှာ မွေးဖွါးခဲ့သူဖြစ်ပြီး ပျံလွန်တော်မူချိန်မှာ သက်တော် ၈၈ နှစ်ရှိပြီဖြစ်ပါတယ်။ ပုပ်ဖရန်ဆစ်ဟာ အဆုတ်ရောင်ရောဂါကြောင့် ရက်သတ္တပတ် ငါးပတ်ကြားဆေးရုံတက်ကုသခဲ့ရပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်ကမှ ဆေးရုံက ပြန်ဆင်းလာခဲ့တာပါ။

ပုပ်ဖရန်ဆစ်နဲ့ပတ်သက်ပြီး ကာဒီနယ်ကီဗင်ဖာရယ်က “ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်ဟာ ကျတော်တို့ကို ချစ်ခြင်းမေတ္တာ၊ ရဲစွမ်းသတ္တိနဲ့ ဧဝံဂေလိတရားတော်တွေရဲ့ တန်ဖိုးကို သင်ကြားပေးခဲ့သူဖြစ်ပါတယ်။ အထူးသဖြင့် ဆင်းရဲသူတွေနဲ့ အပယ်ခံတွေကို မေတ္တာထားအားပေးဖို့ လမ်းပြပေးခဲ့သူဖြစ်ပါတယ်”လို့ ဗာတီကန်ထုတ်ပြန်ကြေညာချက်မှာ ပြောသွားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးပါတယ်။

This handout picture taken and released by the Vatican press office (Osservatore Romano) on November 29, 2017 shows Pope Francis waving to the Catholic faithful prior to an open-air mass in Yangon on November 29, 2017. Pope Francis spread a message of forgiveness in a historic open-air mass before a sea of worshippers in Yangon on on November 29, during a visit to conflict-torn Myanmar that has been framed so far by his public sidestepping of the Rohingya crisis. (Photo by Handout / OSSERVATORE ROMANO / AFP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 31 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ