နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ပုပ်ရဟန်းမင်းကြီးဖရန်ဆစ် သက်တော် ၈၈ နှစ်မှာ ပျံလွန်တော်မူ

ဧပြီလ (၂၂) ရက်။

ရိုမန်ကက်သလစ်ဘာသာဝင်တွေရဲ့ ပထမဆုံး တောင်အမေရိကက ဘာသာရေးခေါင်းဆောင် ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်ဟာ ဧပြီလ (၂၁) ရက် တနင်္လာနေ့မှာ ပျံလွန်တော်မူသွားခဲ့ပြီလို့ ဗာတီကန်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

“ဒီနေ့ မနက် ၇ နာရီ ၃၅ မိနစ်မှာ ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်ဟာ ဖခမည်းတော်ရဲ့ နေအိမ်ကို ပြန်သွားခဲ့ပါပြီ” လို့ ဗာတီကန်ရဲ့ ထုတ်ပြန်ချက်ကို ကာဒီနယ်ကီဗင်ဖာရယ်က တရားဝင်ဖတ်ကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကထိ ဝတ်ပြုသူတွေဟာ ဗာတီကန်က စိန်ပီတာရင်ပြင်ကို ရောက်ရှိလာခဲ့ကြပြီး Happy Easter နေ့အတွက် ဝတ်ပြုဆုတောင်းသူတွေကို လက်ပြနှုတ်ဆက်ခဲ့ပြီး နောက်တစ်နေ့မှာပဲ ပုပ်ရဟန်းမင်းကြီး ကွယ်လွန်အနိစ္စရောက်ခဲ့တာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်ဟာ အာဂျင်တီးနိုင်ငံ၊ ဂျော့မာရီယိုဘာဂိုလီယိုမြို့မှာ မွေးဖွါးခဲ့သူဖြစ်ပြီး ပျံလွန်တော်မူချိန်မှာ သက်တော် ၈၈ နှစ်ရှိပြီဖြစ်ပါတယ်။ ပုပ်ဖရန်ဆစ်ဟာ အဆုတ်ရောင်ရောဂါကြောင့် ရက်သတ္တပတ် ငါးပတ်ကြားဆေးရုံတက်ကုသခဲ့ရပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်ကမှ ဆေးရုံက ပြန်ဆင်းလာခဲ့တာပါ။

ပုပ်ဖရန်ဆစ်နဲ့ပတ်သက်ပြီး ကာဒီနယ်ကီဗင်ဖာရယ်က “ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်ဟာ ကျတော်တို့ကို ချစ်ခြင်းမေတ္တာ၊ ရဲစွမ်းသတ္တိနဲ့ ဧဝံဂေလိတရားတော်တွေရဲ့ တန်ဖိုးကို သင်ကြားပေးခဲ့သူဖြစ်ပါတယ်။ အထူးသဖြင့် ဆင်းရဲသူတွေနဲ့ အပယ်ခံတွေကို မေတ္တာထားအားပေးဖို့ လမ်းပြပေးခဲ့သူဖြစ်ပါတယ်”လို့ ဗာတီကန်ထုတ်ပြန်ကြေညာချက်မှာ ပြောသွားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးပါတယ်။

This handout picture taken and released by the Vatican press office (Osservatore Romano) on November 29, 2017 shows Pope Francis waving to the Catholic faithful prior to an open-air mass in Yangon on November 29, 2017. Pope Francis spread a message of forgiveness in a historic open-air mass before a sea of worshippers in Yangon on on November 29, during a visit to conflict-torn Myanmar that has been framed so far by his public sidestepping of the Rohingya crisis. (Photo by Handout / OSSERVATORE ROMANO / AFP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားနိုင်ငံကို တန်ပြန်ရန် လစ်သူယေးနီးယားသို့ ဂျာမန်တပ်ဖွဲ့များ စေလွှတ်

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 16 Views
မေလ (၂၃) ရက်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားနိုင်ငံကို တန်ပြန်ရန် ပထမဆုံးအကြိမ် လစ်သူယေးနီးယားနိုင်ငံသို့ ဂျာမန်တပ်ဖွဲ့များကို စေလွှတ်ခဲ့သည်။ ဂျာမန်တပ်များသည် လစ်သူယေးနီးယားနိုင်ငံ
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရသည် ဟားဗတ်တက္ကသိုလ်၏ နိုင်ငံတကာ ကျောင်းသားများကို ကျောင်းလက်ခံနိုင်မှုအား တားမြစ်လိုက်ပြီး လက်ရှိ ကျောင်းသားများကို လွှဲပြောင်းပေးရန် တောင်းဆို၊ ဟားဗတ်တက္ကသိုလ်က ပြန်လည်တရားစွဲ

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 16 Views
မေလ (၂၃) ရက်။ ထရန့်အစိုးရသည် ဟားဗတ်တက္ကသိုလ်၏ နိုင်ငံတကာ ကျောင်းသားများကို ကျောင်းလက်ခံနိုင်မှုအား ရုပ်သိမ်းလိုက်သည်။ တက္ကသိုလ်နှင့်ပတ်သက်၍ အစိုးရမှ တောင်းဆိုသော မူဝါဒအပြောင်းအလဲများကို ငြင်းဆန်သည့်အခါမှ စတင်ခဲ့သော တက္ကသိုလ်နှင့် ထရန့်အစိုးရတို့၏ ပဋိပက္ခသည် ပိုမိုနက်ရှိုင်းလာသည်။ “
နိုင်ငံတကာသတင်း အမေရိကန်

ဒီတစ်နှစ်အတွင်း အမေရိကန်မှာ သဌေးတွေ ပိုပြီး ချမ်းသာသွားပြီ။ ထက်ဝက်ကျော် အီလွန်မတ်အက်စ်ဆီ ရောက်သွား

  • 2025 ခုနှစ်၊ မေလ 22 ရက်
  • 37 Views
++++++++++++++++++++++++ မေလ (၂၂) ရက်။ အမေရိကန်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးသည် ပြီးခဲ့သောနှစ်တွင် ၎င်းတို့၏ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ၅၃ ထရီလီယံ တိုးလာခဲ့ပြီး ထက်ဝက်ကျော်သည် အီလွန်မတ်စ်ဆီသို့ ရောက်သွားခဲ့သည်။ ရေတိုဈေးကွက် ကမောက်ကမ
နိုင်ငံတကာသတင်း အာရှ

ဆန်တစ်ခါမှ မဝယ်ဖူးဘူးလို့ ပြောခဲ့တဲ့ ဂျပန်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီး နှုတ်ထွက်

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 42 Views
မေလ (၂၁) ရက်။ စိုက်ပျိုးရေးဝန်ကြီးအသစ်အဖြစ် “ ကိုအိဇူမီ” ကို အစားထိုးခန့်အပ် စိုက်ပျိုးရေးဝန်ကြီးအသစ်က “ ကိုအိဇူမီ” က ဝယ်လိုအားရှိပါက သိုလှောင်ထားတဲ့ ဆန်ပမာဏ အကန့်အသတ်မရှိ ပံ့ပိုးပေးမယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
နည်းပညာ နိုင်ငံတကာသတင်း ရာသီဥတု

ကမ္ဘာ့ရေခဲလွှာများပျော်ကျလာသည့်အတွက် ကမ်းရိုးတမ်းများသည် ရေမြုပ်မည့် အန္တရာယ်ကျရောက်လာမည်။

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 27 Views
ကမ္ဘာ့ရေခဲလွှာများသည် ပျော်ကျပျောက်ကွယ်သွားတော့မည့် ဆိုးရွားသော ကြိုတင်ခန့်မှန်းချက်တစ်ခုကို ရရှိထားပြီး ကမ်းရိုးတန်းများသည် ယင်းအတွက် ခံစားရတော့မည်ဖြစ်သည်။ ကမ္ဘာကြီးပူနွေးလာမှုကို ၁.၅ ဒီဂရီစင်တီဂရိတ်အတွင်း ထိန်းထားနိုင်သော်လည်း ကမ္ဘာ့ရေခဲလွှာများပျော်ကျနေခြင်းသည် ပင်လယ်ရေမျက်နှာပြင်ကို မြင့်တက်လာပြီး ကမ်းရိုးတန်းများဆီသို့ “ ကပ်ဆိုးကြီး” ရွှေ့ပြောင်းရောက်ရှိလာခြင်းများကို ဖြစ်ပေါ်စေမည်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ထရန့်ကို မလိုအပ်ကြောင်း ပူတင်က ပုံစံအမျိုးမျိုးနဲ့ ပြသနေ

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 27 Views
ထရန့်အဆိုပြုခဲ့သည့် ခြွင်းချက်မရှိ ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေးကို ယူကရိန်းနှင့် ဥရောပမဟာမိတ်များက ထောက်ခံခဲ့ကြပြီး ပူတင်အတွက်ဖိအားပေးမှုဖြစ်လာခဲ့သည်။ ပူတင်ကမည်ကဲ့သို့ တုံ့ပြန်မည်အပေါ် မှုပေါ် မူတည်၍ နှစ်ပတ် သို့မဟုတ် သုံးလကြာ အပစ်အခတ်ရပ်စဲရေးကို တည်ဆောက်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်၏
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

မြန်မာတဦးနှင့် ဗီယက်နမ်တဦးကို ထရန့်အစိုးရမှ တောင်ဆူဒန်သို့ ပို့ဆောင်ပြည်နှင်ဒဏ်ပေးခဲ့

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 39 Views
မေလ (၂၁) ရက်။ စစ်ဘေးသင့် တောင်ဆူဒန်သို့ ပြည်နှင်ဒဏ်ပေးထားသော ရွှေ့ပြောင်းနေထိုင်သူများကို ‘အစိုးရထိန်းသိမ်းမှုအောက်တွင်’ ဆက်လက်ထားရှိရန် ထရန့်အစိုးရကို တရားသူကြီး အမိန့်ပေးခဲ့သည်။ ရွှေ့ပြောင်းအခြေချများ၏ ရှေ့နေများက တောင်ဆူဒန်မှမဟုတ်သည့်သူများကို ထိုနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းသည် တရားရုံးအမိန့်ကို ဖောက်ဖျက်ကြောင်း ထောက်ပြခဲ့ကြပြီး