နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရမ့်ပ်၏ပူတင်နှင့် ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး အမြန်ပြုလုပ်လိုသော မျှော်လင့်ချက် ရပ်ဆိုင်း၊ အကြိုအစည်းအဝေးကိုစီစဥ်

CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၁ရက်

သမ္မတဒေါ်နယ်ထရမ့်ပ်၏ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် လျင်မြန်စွာတွေ့ဆုံလိုသော မျှော်လင့်ချက်မှာ ရပ်တန့်သွားနိုင်ဖွယ်ရှိနေသည်ဟု CNN သတင်းဌာနသို့ အဆိုပါကိစ္စနှင့် ရင်းနှီးသည့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယခုသီတင်းပတ်အတွင်း ကမ္ဘာ့ခေါင်းဆောင်နှစ်ဦး၏ အဓိကနိုင်ငံခြားရေးရာ အကြံပေးများ အကြား အကြိုတွေ့ဆုံဆွေးနွေးပွဲကို အနည်းဆုံး လောလောဆယ်တွင် ထည့်သွင်းထားသည်။

ထရမ့်ပ်သည် ပူတင်နှင့် ဖုန်းပြောပြီးနောက် ကြာသပတေးနေ့တွင် ၎င်းတို့နှစ်ဦးသည် “ လာမည့် သီတင်းပတ်တွင် ကျွန်ုပ်တို့၏ အဆင့်မြင့်အကြံပေးများ တွေ့ဆုံရန် သဘောတူခဲ့ ကြသည်” ဟု ပြောကြားခဲ့သည်။

“ အမေရိကန်ပြည်ထောင်စုရဲ့ ကနဦးအစည်းအဝေးတွေကို နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က ဦးဆောင်သွားမှာဖြစ်ပြီး၊ တခြားသတ်မှတ်ထားတဲ့ လူပုဂ္ဂိုလ်အများအပြား လည်း ပါဝင် မှာပါ” ဟု ၎င်းက Truth Social တွင် ရေးသားခဲ့သည်။

သို့သော်လည်း ရူဘီယိုနှင့် ၎င်းနှင့်ဆွေးနွေးမည့်ရုရှားဘက်မှ ဆာဂေးလက်ဗ်ရော့ဗ်တို့အကြား မျှော်လင့်ထားခဲ့သော ထိုတွေ့ဆုံပွဲကို ယခုအချိန်အတွက် ဆိုင်းငံ့ထားကြောင်း အိမ်ဖြူတော် အရာရှိတစ်ဦးက CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထိုအစည်းအဝေးကို ယခုသီတင်း ပတ် အတွင်း မပြုလုပ်တော့သည့် အကြောင်းရင်းကို ချက်ချင်းရှင်းရှင်းလင်းလင်း မသိရ သော်လည်း သတင်းရင်းမြစ်များအနက်မှ တစ်ခုက ရူဘီယိုနှင့် လက်ဗ်ရော့ဗ်တို့အကြား ရုရှား၏ယူကရိန်းကျူးကျော်မှုကို အဆုံးသတ်နိုင်ဖွယ်ရှိသော ရလဒ်နှင့် ပတ်သက်၍ မျှော်လင့်ချက် ကွဲပြားမှုများရှိသည်ဟု ပြောကြားခဲ့သည်။

လက်ဗ်ရော့ဗ်နှင့် ရူဘီယိုတို့အကြား ကြိုတင်အစည်းအဝေး ရွှေ့ဆိုင်းခြင်းက ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့တွင် ပြုလုပ်ရန် မျှော်လင့်ထားသော ထရမ့်ပ်-ပူတင် ထိပ်သီးအစည်းအဝေး အပေါ် မည်သို့သော သက်ရောက်မှုရှိမည်ကိုလည်း ချက်ချင်းမသိရသေးပေ။

“ သမ္မတထရမ့်ပ်ဟာ ဒီအဓိပ္ပာယ်မဲ့စစ်ပွဲကို အဆုံးသတ်ပြီး လူသတ်မှုကို ရပ်တန့်ဖို့အတွက် ငြိမ်းချမ်းတဲ့၊ သံတမန်နည်းလမ်းနဲ့ ဖြေရှင်းချက်ကို ရှာဖွေဖို့ အမြဲတမ်းလုပ်ဆောင် နေခဲ့ ပါတယ်” ဟု အိမ်ဖြူတော် ဒုတိယပြောရေးဆိုခွင့်ရှိသူ အန်နာကယ်လီက CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။ “ သူဟာ ပါတီအားလုံးကို ရဲရင့်စွာပါဝင်စေခဲ့ပြီး ငြိမ်းချမ်းရေးရရှိဖို့အတွက် သူတတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ပြောသည်။

ရူဘီယိုနှင့် လက်ဗ်ရော့ဗ်တို့သည် တနင်္လာနေ့တွင် ဖုန်းခေါ်ဆိုမှုတစ်ခု ပြုလုပ်ခဲ့ပြီး ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် ဖြစ်နိုင်ခြေနှင့်ပတ်သက်၍ ၎င်းတို့၏ သမ္မတနှစ်ဦး ပြီးခဲ့သည့်သီတင်းပတ်က ပြုလုပ်ခဲ့သော ဖုန်းခေါ်ဆိုမှုကို ဆက်လက်လုပ်ဆောင်ရန်အတွက် “ နောက်ဆက်တွဲအဆင့်များ” ကို ဆွေးနွေးခဲ့ကြသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ၏ အကျဉ်းချုပ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရူဘီယိုသည် “ လာမည့်တွေ့ဆုံ ဆွေးနွေးမှုများ၏ အရေးကြီးပုံကို အလေးထားပြောကြားခဲ့ပြီး၊ ယင်းသည် သမ္မတထရမ့်ပ်၏ ရည်မှန်းချက်နှင့်အညီ ရုရှား-ယူကရိန်းစစ်ပွဲ၏ ခိုင်မာသော ဖြေရှင်းချက်ကို ရှေ့ဆက် ဆောင်ရွက်ရန် မော်စကိုနှင့် ဝါရှင်တန်တို့ ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းဖြစ်ကြောင်း” အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

တစ်ချိန်တည်းမှာပင်၊ ကရင်မလင်နန်းတော်က ထိုဖုန်းခေါ်ဆိုမှုကို “ အပြုသဘောဆောင်သော ဆွေးနွေးမှု” အဖြစ် ဖော်ပြခဲ့ပြီး၊ ထရမ့်ပ်နှင့် ပူတင်တို့ ဖုန်းခေါ်ဆိုစဉ်က ရရှိခဲ့သော “ နားလည်မှု များကို အကောင်အထည်ဖော်ရန် ဖြစ်နိုင်ဖွယ်ရှိသော တိကျသောအဆင့်များ” ကို ကိုင်တွယ် ဖြေရှင်းခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း အဆိုပါကိစ္စနှင့် ရင်းနှီးသည့် သတင်းရင်းမြစ်တစ်ခုက CNN သတင်းဌာနသို့ ပြောကြားရာတွင် ရူဘီယို-လက်ဗ်ရော့ဗ် ဖုန်းခေါ်ဆိုပြီးနောက် အရာရှိများက ရုရှား၏ ရပ်တည်ချက်သည် ၎င်း၏ အမြင့်ဆုံး တောင်းဆိုချက်ထက် လုံလောက်စွာ ပြောင်းလဲမှု မရှိသေးကြောင်း ခံစားမိသည်ဟု ဆိုသည်။ ထိုသတင်းရင်းမြစ်က ယခုအချိန်အတွက် ရူဘီယိုသည် ပူတင်-ထရမ့်ပ် တွေ့ဆုံပွဲကို လာမည့်သီတင်းပတ်တွင် ရှေ့ဆက်လုပ်ဆောင်ရန် အကြံပြုမည်မဟုတ်သော်လည်း ရူဘီယိုနှင့် လက်ဗ်ရော့ဗ်တို့သည် ယခုသီတင်းပတ်အတွင်း ထပ်မံစကားပြောဆိုနိုင်သည်ဟု ပြောကြားခဲ့သည်။

ထရမ့်ပ်သည် ပူတင်နှင့် နောက်ဆုံးအနေဖြင့် အလာစကာပြည်နယ်၊ အန်ကောရေ့ချ်မြို့တွင် လူကိုယ်တိုင် ထိပ်သီးအစည်းအဝေး ပြုလုပ်ခဲ့သည်မှာ နှစ်လကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထိုအစည်းအဝေးသည် သုံးနာရီနီးပါးကြာမြင့်ခဲ့ပြီး ခေါင်းဆောင်နှစ်ဦးစလုံးက တိုးတက်မှုများ ရှိသည်ဟု ကြွေးကြော်ခဲ့သော်လည်း သဘောတူညီချက်မရရှိဘဲ အဆုံးသတ်ခဲ့သည်။

ထရမ့်ပ်သည် ထိုအချိန်မှစ၍ ကိယက်ဗ်နှင့် မော်စကိုတို့ကို “ စစ်ပွဲကို ချက်ချင်းရပ်တန့်ရန်” လူသိရှင်ကြား တောင်းဆိုခဲ့သည်။

“ ဘယ်နေရာမှာပဲဖြစ်ဖြစ် စစ်မြေပြင်မျဉ်းကြောင်းအတိုင်း သွားပါ။ မဟုတ်ရင် အရမ်းရှုပ်ထွေး သွား မှာပါ။ ဘယ်တော့မှ တွက်ဆနိုင်မှာမဟုတ်ဘူး။ ‌ရှေ့တန်းရှိ စစ်မြေပြင်မျဉ်းကြောင်းမှာ စစ်ကို ရပ်တန့်လိုက်ပါ” ဟု ထရမ့်ပ်က စနေနေ့တွင် သတင်းထောက်များအား ပြောကြား ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 31 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ