နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 6 ရက်

1027 Operations

1027 Operations မြန်မာသတင်း

တအာင်းပြည်ထဲ စာသင်ကျောင်းတွေအတွက် ဆရာ/ဆရာမသစ်တွေ TLEC ခေါ်ယူနေ

ဖေဖော်ဝါရီလ (၂၁)ရက်။

တအာင်းပြည်ထဲရှိ အခြေခံပညာစာသင်ကျောင်းတွေအတွက် လိုအပ်နေတဲ့ ဆရာ/ဆရာမတွေကို ခေါ်ယူနေတယ်လို့ တအာင်းပြည်ပညာရေးကောင်စီ(TLEC)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

လာမယ့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တအာင်းပြည်ထဲက အခြေခံစာသင်ကျောင်းတွေမှာ ဆက်လက်ဖွင့်လှစ်နိုင်ဖို့အတွက် ဆရာ/ဆရာမတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် နိုင်ငံတဝန်းလုံးရှိ စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ပညာရေးဌာနကနေ CDM ပြုလုပ်ထားတဲ့ ဆရာ/ဆရာမ (၅၀၀)ဦးနဲ့ TLEC မှာ တာဝန်မထမ်းဆောင်ရသေးတဲ့ ဆရာ/ဆရာမအသစ် (၁၀၀၀)ဦးကို ခေါ်ယူခန့်အပ်သွားမယ်လို့ အသိပေးထားပါတယ်။

TLEC အနေနဲ့ တအာင်းပြည်ထဲရှိ ကျောင်းနေအရွယ် ကျောင်းသူ/ကျောင်းသားတွေရဲ့ ပညာရေးအခွင့်အလမ်း ရရှိစေပြီး အရည်အသွေးပြည့်မီတဲ့ ပညာရေးစနစ်ဖြစ်လာစေဖို့နဲ့ ပညာရေးစနစ် ပိုမိုကောင်းမွန်လာဖို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကစပြီး အကောင်အထည်ဖော်လာခဲ့တာလို့ ပြောဆိုထားပါတယ်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ အခြေခံပညာစာသင်ကျောင်းပေါင်း (၆၀၀)ကျော်၊ ကျောင်းသူ/ကျောင်းသား (၆၆၀၀)ကျော်နဲ့ ဆရာ/ဆရာမ (၃၅၀၀)ကျော်နဲ့ ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ ကျန်ရှိနေတဲ့ မြို့နယ်‌ထဲက အခြေခံပညာစာသင်ကျောင်း (၇၀၀)ကျော်ကို ဆက်လက်ဖွင့်လှစ်သွားဖို့ရှိတယ်လို့လဲ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံကူညီမယ်ဆိုပြီး BGF ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 35 Views
စက်တင်ဘာလ (၅)ရက်။ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံကူညီသွားမယ်ဆိုပြီး နယ်ခြားစောင့်တပ်(BGF)က စက်တင်ဘာလ (၃)ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ BGF ရဲ့
မြန်မာသတင်း

(၈)လတာထဲ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၃၃၀၀)ကျော်ရှိခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 44 Views
စက်တင်ဘာလ (၅)ရက်။ အခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လအထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၃၃၁၈)ကြိမ်အထိ ရှိခဲ့တယ်လို့ NUG ရဲ့
မြန်မာသတင်း

“ ဝ” ဒေသထဲ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေရှိရင် တိုင်ကြားနိုင်တယ်လို့ဆို

  • 2025 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 61 Views
စက်တင်ဘာလ (၅)ရက်။ UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဟိုပန်နဲ့ ပန်လုံမြို့မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေရှိရင် တိုင်ကြားနိုင်တယ်ဆိုပြီး အသိပေးပြောဆိုတာတွေရှိတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မနေ့က ပြုလုပ်ခဲ့တဲ့ “ ဝ” ပြည်နယ်
မြန်မာသတင်း

ကျောက်ကြီး-မုန်းကားလမ်းပိုင်းကို ပြန်ရဖို့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 56 Views
စစ်တပ်ဘက်က ဒုရင်းမှူးနဲ့ တပ်ခွဲမှူးအပါ (၆)ဦးသေဆုံးပြီး (၁၆)ဦးဒဏ်ရာရခဲ့တယ်လို့ KNU ထုတ်ပြန် စက်တင်ဘာလ (၅)ရက်။ စက်တင်ဘာလ (၂)ရက်နေ့က ကျောက်ကြီး-မုန်း ကားလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးပိုင်းဆိုင်ရာအခြေအနေ ပိုမိုဆိုးရွားလာတယ်လို့ သားဖြစ်သူပြော

  • 2025 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 46 Views
စက်တင်ဘာလ (၅)ရက်။ စစ်တပ်ရဲ့ မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ် အရေးပေါ်စိုးရိမ်ချက်ဆိုကာ သားဖြစ်သူ ကိုထိန်လင်းက ဒီကနေ့မှာ ပြောဆိုလာခဲ့တယ်လို့ သိရပါတယ်။ “ ကျွန်တော့မိခင် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် (၈၀)ရှိပြီဖြစ်ပြီး နှလုံးပိုင်းဆိုင်ရာ အခြေအနေတွေ
မြန်မာသတင်း

ကျောက်မဲမြို့ရှိ ကျေးရွာ(၂)ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲ၊ 

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 71 Views
ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရပြီး စေတီပုထိုးနဲ့ နေအိမ်တွေ ထိမှန်ပျက်စီးခဲ့ စက်တင်ဘာလ (၄)ရက်။ ဒီကနေ့ တရက်ထဲ ကျောက်မဲမြို့ရှိ ပန်သပြေရွာနဲ့ ပန်ကွမ်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ဟာ
မြန်မာသတင်း

စစ်တပ်ရဲ့ ဟုမ္မလင်းလေတပ်စခန်းက ဗိုလ်အဆင့်ရှိသူတဦး သေနတ်နဲ့ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 75 Views
စက်တင်ဘာလ (၄)ရက်။ မနေ့က စစ်တပ်ရဲ့ ဟုမ္မလင်းလေတပ်စခန်းက ဗိုလ်အဆင့်ရှိတဲ့ မြတ်ကိုကိုဆိုသူဟာ သေနတ်နဲ့ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ “ သူက ဟုမ္မလင်း ချင်းတွင်းမြစ်ကူးတံတားထိပ် ကတ်သာရွာဘက်ခြမ်းမှာ လုံခြုံရေးကျနေတဲ့အချိန် သူ့ကိုယ်သူ သေနတ်နဲ့ပစ်သတ်ပြီး
မြန်မာသတင်း

မတ္တရာရှိ ဆည်တော်ကြီးဓါတ်အားပေးစက်ရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 75 Views
စက်တင်ဘာလ (၄)ရက်။ မနေ့က နေ့လယ် (၂)နာရီခန့်မှာ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ဓါတ်အားပေးစက်ရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၂)နာရီလောက် စစ်တပ်က မတ္တရာရှိ ဆည်တော်ကြီး