နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေး-လက်ဘနွန်နယ်စပ်မှာ အပြန်အလှန်ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွါး

++++++++++++++++++

အစ္စရေးနဲ့ လက်ဘနွန် နှစ်နိုင်ငံကြား စနေနေ့က အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုဟာ ပြိုပျက်လုပ်နီးပါးဖြစ်လာခဲ့ရပါတယ်။ အစ္စရေးဟာ လက်ဘနွန်ဘက်က ပစ်လိုက်တဲ့ ဒုံးကျည်တွေကို တားဆီးဟန့်တားခဲ့ပြီးနောက်မှာ လက်ဘနွန်နိုင်ငံတောင်ဘက်ကို ပြန်လည်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံရဲ့တောင်ဘက်ပိုင်းမှာ စစ်ပွဲများပြန်လည်ဖြစ်ပွါးနေပြီး လူအသေအပျောက်လည်းရှိနေတယ်လို့ လက်ဘနွန်နိုင်ငံပိုင် မီဒီယာတွေက အတိအလင်းဖော်ပြခဲ့ကြပါတယ်။

လက်ဘနွန်နိုင်ငံမှာ ခြေကုတ်ယူထားတဲ့ ဟစ်ဇ်ဘိုလာတပ်ဖွဲ့ကတော့ အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုဟာ မိမိတို့မဟုတ်ကြောင်းကို ငြင်းဆိုထားပါတယ်။ အမေရိကန်ရဲ့ ကြားဝင်စေ့စပ်ဗပးမှုကြောင့် အစ္စရေးနဲ့ နိုဝင်ဘာလ မှာ အပစ်အခတ်ရပ်စဲခဲ့တဲ့ ကတိကဝတ်တွေကို ဆက်လက်ထိန်းထားဆဲပဲလို့လည်း ဆိုပါတယ်။ လက်ရှိအချိန်ထိတော့ လက်ဘနွန်ဘက်က ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်မှုဟာ ဘယ်အဖွဲ့ရဲ့လက်ချက်ဖြစ်တယ်ဆိုတာကို မသိရသေးပါဘူး။

လက်ဘနွန်နိုင်ငံ တောင်ဘက်က မီတူလာမြို့မှာ ဒုံးကျည်အန္တရယ်အချက်ပေးဥဩသံတွေကြောင့် မြို့ခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ စနေနေ့က ပစ်ခတ်တိုက်ခိုက်မှုဟာ ဂါဇာကမ်းမြောင်မှာ အပစ်အခတ်ရပ်စဲရေးပြုလုပ်ထားပြီးတဲ့နောက် ဟားမက်စ်တွေရဲ့ မဟာမိတ် ဟစ်ဇ်ဘိုလာတွေအပေါ် အစ္စရေးရဲ့ ပထမဆုံးမှုဖြစ်ပါတယ်။

ဟားမက်စ်နဲ့ ဟစ်ဇ်ဘိုလာ နှစ်ဖွဲ့စလုံးဟာ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ စစ်သွေးကြွအဖွဲ့တွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းက ဖြစ်ပွါးခဲ့တဲ့ ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတို့ စစ်ပွဲဟာ ဂါဇာကမ်းမြောင်စစ်ပွဲကနေ ဆင့်ပွါးကူးစက်လာခဲ့တဲ့ စစ်မီးဖြစ်ပါတယ်။ အစ္စရေးစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ လက်ဘနွန်နယ်စပ်ရဲ့ လေးမိုင်အကွာကနေ ဒုံးကျည် သုံးစင်းပစ်လွှတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အတည်ပြုခဲ့ပြီး ဘယ်အဖွဲ့က ပစ်တယ်ဆိုတာကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

လက်ဘနွန်နိုင်ငံအတွင်းအခြေစိုက်တဲ့ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းရေးအဖွဲ့ကတော့ နယ်စပ်မတည်ငြိမ်မှုတွေကြောင့် စစ်ရေးအရှိန်တိုးမြင့်လာမှာကို စိုးရိမ်မိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 40 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 40 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 28 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 43 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ
နိုင်ငံတကာသတင်း အမေရိကန်

‘ကျွန်ုပ်တို့ ဂရင်းလန်းကို လိုအပ်တယ်’ – ဒိန်းမတ်ပိုင်နက်ကို သိမ်းယူရန် ထရန့်က ထပ်မံခြိမ်းခြောက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 39 Views
BBC- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၅ရက် ဒိန်းမတ်ခေါင်းဆောင်က အဆိုပါကျွန်းနှင့်ပတ်သက်၍ “ ခြိမ်းခြောက်မှုများ ရပ်တန့်ရန်” တိုက်တွန်းခဲ့ပြီးနောက်၊ ဒေါ်နယ်ထရန့်က ဂရင်းလန်း (Greenland) ကို သိမ်းယူရန် အဆိုပြုချက်ကို ထပ်မံပြောကြားခဲ့သည်။ အမေရိကန်သမ္မတက သတင်းထောက်များကို ပြောကြားရာတွင် “