နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေး-လက်ဘနွန်နယ်စပ်မှာ အပြန်အလှန်ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွါး

++++++++++++++++++

အစ္စရေးနဲ့ လက်ဘနွန် နှစ်နိုင်ငံကြား စနေနေ့က အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုဟာ ပြိုပျက်လုပ်နီးပါးဖြစ်လာခဲ့ရပါတယ်။ အစ္စရေးဟာ လက်ဘနွန်ဘက်က ပစ်လိုက်တဲ့ ဒုံးကျည်တွေကို တားဆီးဟန့်တားခဲ့ပြီးနောက်မှာ လက်ဘနွန်နိုင်ငံတောင်ဘက်ကို ပြန်လည်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံရဲ့တောင်ဘက်ပိုင်းမှာ စစ်ပွဲများပြန်လည်ဖြစ်ပွါးနေပြီး လူအသေအပျောက်လည်းရှိနေတယ်လို့ လက်ဘနွန်နိုင်ငံပိုင် မီဒီယာတွေက အတိအလင်းဖော်ပြခဲ့ကြပါတယ်။

လက်ဘနွန်နိုင်ငံမှာ ခြေကုတ်ယူထားတဲ့ ဟစ်ဇ်ဘိုလာတပ်ဖွဲ့ကတော့ အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုဟာ မိမိတို့မဟုတ်ကြောင်းကို ငြင်းဆိုထားပါတယ်။ အမေရိကန်ရဲ့ ကြားဝင်စေ့စပ်ဗပးမှုကြောင့် အစ္စရေးနဲ့ နိုဝင်ဘာလ မှာ အပစ်အခတ်ရပ်စဲခဲ့တဲ့ ကတိကဝတ်တွေကို ဆက်လက်ထိန်းထားဆဲပဲလို့လည်း ဆိုပါတယ်။ လက်ရှိအချိန်ထိတော့ လက်ဘနွန်ဘက်က ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်မှုဟာ ဘယ်အဖွဲ့ရဲ့လက်ချက်ဖြစ်တယ်ဆိုတာကို မသိရသေးပါဘူး။

လက်ဘနွန်နိုင်ငံ တောင်ဘက်က မီတူလာမြို့မှာ ဒုံးကျည်အန္တရယ်အချက်ပေးဥဩသံတွေကြောင့် မြို့ခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ စနေနေ့က ပစ်ခတ်တိုက်ခိုက်မှုဟာ ဂါဇာကမ်းမြောင်မှာ အပစ်အခတ်ရပ်စဲရေးပြုလုပ်ထားပြီးတဲ့နောက် ဟားမက်စ်တွေရဲ့ မဟာမိတ် ဟစ်ဇ်ဘိုလာတွေအပေါ် အစ္စရေးရဲ့ ပထမဆုံးမှုဖြစ်ပါတယ်။

ဟားမက်စ်နဲ့ ဟစ်ဇ်ဘိုလာ နှစ်ဖွဲ့စလုံးဟာ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ စစ်သွေးကြွအဖွဲ့တွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းက ဖြစ်ပွါးခဲ့တဲ့ ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတို့ စစ်ပွဲဟာ ဂါဇာကမ်းမြောင်စစ်ပွဲကနေ ဆင့်ပွါးကူးစက်လာခဲ့တဲ့ စစ်မီးဖြစ်ပါတယ်။ အစ္စရေးစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ လက်ဘနွန်နယ်စပ်ရဲ့ လေးမိုင်အကွာကနေ ဒုံးကျည် သုံးစင်းပစ်လွှတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အတည်ပြုခဲ့ပြီး ဘယ်အဖွဲ့က ပစ်တယ်ဆိုတာကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

လက်ဘနွန်နိုင်ငံအတွင်းအခြေစိုက်တဲ့ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းရေးအဖွဲ့ကတော့ နယ်စပ်မတည်ငြိမ်မှုတွေကြောင့် စစ်ရေးအရှိန်တိုးမြင့်လာမှာကို စိုးရိမ်မိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 25 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 30 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 28 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 24 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ