နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီနဲ့ တွေ့ဆုံတာ လုံးဝမဟုတ်ဘူးလို့ CNF ရှင်းလင်းချက်ထုတ်ပြန်

ဖေဖော်ဝါရီလ (၂၄)ရက်။

စစ်ကောင်စီအကြီးအကဲနဲ့ တွေ့ဆုံခဲ့တယ်ဆိုပြီး ရေးသားနေကြတာဟာ လုံးဝမဟုတ်ဘူးဆိုပြီး ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ အတွင်းဝန်ရုံးက မနေ့က ရှင်းလင်းချက်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီအကြီးအကဲတစ်ဦးနဲ့ ချင်းပြည်ကောင်စီ(CC)အပါအဝင် CHRO တာဝန်ရှိသူအချို့ ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့တယ်လို့ “ ဒို့ဌာနေ Zogam” သတင်းဆိုတဲ့ Facebook page တစ်ခုမှာ ဖော်ပြခဲ့တာပါ။

အဲ့ဒီသတင်းထဲ စစ်ကောင်စီနဲ့ CC အပါအဝင် CHRO တာဝန်ရှိသူအချို့ တွေ့ဆုံပြီး ကတိကဝတ်တွေ ပေးကြတယ်ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ရေးသားတာဟာ လုပ်ကြံရေးသားတာဖြစ်ပြီး လုံးဝ(လုံးဝ) မဟုတ်ဘူးလို့ အသိပေးထားပါတယ်။

နောက်ပြီး CNF အနေနဲ့ စစ်အာဏာသိမ်းတဲ့နောက်ပိုင်း NCA လမ်းကြောင်းကို စွန့်လွှတ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့အချို့ကို စစ်မြေပြင်မှာ စစ်ရေးဗျူဟာအရ လက်နက်ချ အလင်းဝင်စေဖို့ ‌ဖိအားပေးပြောဆိုတာကလွဲပြီး စစ်ကောင်စီလက်အောက်က ဘယ်အဖွဲ့၊ ဘယ်ပုဂ္ဂိုလ်နဲ့မှ ဆက်သွယ်ပြောဆိုတာမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

ဒို့ဌာနေ Zogam ဆိုတဲ့ သတင်းဌာနရဲ့ ဖော်ပြချက်ထဲမှာ CNF က ZPCC/ZRA-EC နဲ့ ချင်းညီနောင်တပ်ဖွဲ့ကို အပြီးတိုင်တိုက်ထုတ်ပြီး ချင်းနိုင်ငံရေးကိစ္စမှာ NCA လမ်းကြောင်းအတိုင်း ဆက်လက်ရပ်တည်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခုလို သတင်းတွေနဲ့ပတ်သက်ပြီး CNF ဘက်က လုံးဝ မဟုတ်မှန်ဘူးလို့ ရှင်းချက်ထုတ်ထားကာ စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်ပြောဆိုထားတာ မရှိဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဘူးဆိုပြီး စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 20 Views
ဇန်နဝါရီလ (၂၁)ရက်။ ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဘူးဆိုပြီး စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

တနှစ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၈၈၀၀)ကျော်ရှိခဲ့ပြီး အရပ်သား (၂၃၀၀)ကျော် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 19 Views
ဇန်နဝါရီလ (၂၁)ရက်။ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် တနှစ်ထဲ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၈၈၂၁)ကြိမ်ရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

(၂)နှစ်ထဲ တပ်ကထွက်ပြေးတဲ့ ရဲဘော် (၁၄)ဦးရှိတယ်လို့ MSRF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 18 Views
ဇန်နဝါရီလ (၂၁)ရက်။ ၂၀၂၄ခုနှစ်ကနေ အခုနှစ် ဇန်နဝါရီလအထိ တပ်ကထွက်ပြေးတဲ့ ရဲဘော် (၁၄)ဦးရှိတယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီရဲဘော် (၁၄)ဦးဟာ သတ်မှတ်ခွင့်ရက်ထဲ တပ်ရင်းကို ပြန်မလာတဲ့ တပ်ပြေးတွေနဲ့ ရှေ့တန်းနဲ့ နောက်တန်းတို့မှာ
မြန်မာသတင်း

AA ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေရှိတဲ့နေရာအနီးကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 19 Views
ဇန်နဝါရီလ (၂၁)ရက်။ မနေ့က ည (၇)နာရီကျော်အချိန်က ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့အစပ်မှာ AA ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေရှိတဲ့နေရာအနီးကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၇)နာရီ (၂၄)မိနစ်နဲ့ (၂၈)မိနစ်မှာ
မြန်မာသတင်း

ခွင့်ပြုမိန့်မတင်ဘဲ ညစ်ညမ်းအက ဖျော်ဖြေတယ်ဆိုပြီး သဉ္ဇာဝင့်ကျော်ကို စစ်ကော်မရှင် အမှုဖွင့်ထား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 20 Views
ဇန်နဝါရီလ (၂၁)ရက်။ ခွင့်ပြုမိန့်တင်ပြတာမရှိဘဲ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းအကနဲ့ ဖျော်ဖြေတယ်ဆိုပြီး သရုပ်ဆောင် သဉ္ဇာဝင့်ကျော်ကို စစ်ကော်မရှင်က အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ဇန်နဝါရီလ (၁၅)ရက်နေ့က ရန်ကုန်ရှိ နိုဗိုတယ်ဟိုတယ်မှာ သက်ဆိုင်ရာကို ခွင့်ပြုမိန့်တင်ပြတာမရှိဘဲ “ Cloud Seven
မြန်မာသတင်း

စစ်ခေါင်းဆောင်က လူငယ်တွေကို နေရာပေးဖို့လိုတယ်ဆိုပြီး ရှေ့တန်းပို့ အသေခံခိုင်းနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 34 Views
ဇန်နဝါရီလ (၂၀)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လူငယ်တွေကို နေရာပေးဖို့လိုတယ်ဆိုပြီး ရှေ့တန်းပို့ အသေခံခိုင်းနေတယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လူငယ်တွေကို နေရာပေးဖို့လိုတယ်၊ လူငယ်တွေဟာ တိုင်းပြည်ရဲ့ အဓိက စွမ်းအားဖြစ်တယ် ဆိုပြီး
မြန်မာသတင်း

တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ TNLA က အကျဉ်းသား (၁၅)ဦးကို လွတ်ငြိမ်းခွင့်ပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 33 Views
ဇန်နဝါရီလ (၂၀)ရက်။ (၆၃)နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ အကျဉ်းသား (၁၅)ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအကျဉ်းသားတွေဟာ တအာင်းပြည်ထဲရှိ အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျူးလွန်ပြီး အကျဉ်းကျနေသူတွေဖြစ်ကာ TNLA က
မြန်မာသတင်း

ကျွန်းစုမြို့ (၁၂)ရက်ကြာတိုက်ပွဲထဲ ပကဖစခန်း မီးလောင်ပျက်စီးခဲ့ပြီး ရဲဘော် (၂)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 35 Views
ဇန်နဝါရီလ (၂၀)ရက်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၃၁)ရက်နေ့ကစပြီး ကျွန်းစုမြို့ ဘဒ္ဒနဲကျေးရွာအုပ်စုရှိ ကျောက်တန်းငယ်ရွာဘက်ကို မန်းကြီးမြစ်ကြောင်းအတိုင်း စစ်‌တပ်ရေတပ်နဲ့ ပျူစောထီးတို့ပေါင်းကာ စစ်ကြောင်းထိုးခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကြောင်းနဲ့ မြို့နယ်ပကဖတို့ ထိတွေ့တိုက်ပွဲ (၃)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်နဲ့