နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ကုလသမဂ္ဂတွင် ပြောကြားခဲ့သော ဒေါ်နယ်ထရန့်၏ မိန့်ခွန်းမှ အဓိကအချက်များ (အကျဉ်းချုပ်)

CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂၄ရက်

သမ္မတ ဒေါ်နယ်ထရန့်သည် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားရာ၌ စာတမ်းဖတ်စက် (teleprompter) ပျက်နေခြင်းဖြင့် အစပြုခဲ့သည်။ ၎င်းက ယင်းအဖြစ် အပျက်ကို ကုလသမဂ္ဂ၏ အရည်အသွေးမမီမှုကို ပြသသည့် နိမိတ်တစ်ခုအဖြစ် အသုံးပြုခဲ့ပြီး ပြင်ဆင်ထားသည့် မိန့်ခွန်းစာသားမှ သွေဖည်ကာ နှလုံးသားထဲမှလာသောစကားကို ပြောမည် ဟု ဆိုခဲ့သည်။

သူ၏မိန့်ခွန်းသည် မဟာမိတ်နိုင်ငံများကို ပြစ်တင်ခြင်း၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြိုးပမ်းမှုများကို ပြက်ရယ်ပြုခြင်းနှင့် ကုလသမဂ္ဂ၏ ထိရောက်မှုမရှိခြင်းကို မေးခွန်းထုတ်ခြင်းတို့အပေါ် အဓိကအာရုံစိုက်ခဲ့သည်။ ပရိသတ်မှာ အများအားဖြင့် တိတ်ဆိတ်နေခဲ့သည်။

မိန့်ခွန်းမှ အဓိကအချက် (၅) ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ရွှေ့ပြောင်းအခြေချမှုအပေါ် သြဝါဒခြွေခြင်း

ထရန့်သည် အခြားနိုင်ငံများ၏ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ မူဝါဒများကို ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး၊ အထူးသဖြင့် ဥရောပနိုင်ငံများကို ပစ်မှတ်ထားခဲ့သည်။ သူက ထိန်းချုပ်မှုမရှိသော ရွှေ့ပြောင်းဝင်ရောက်မှုသည် အနောက်တိုင်း၏ အမွေအနှစ်ကို ဖျက်ဆီးနေသည်ဟု သတိပေး ခဲ့သည်။ အမေရိကန်တွင် သူကျင့်သုံးခဲ့သည့် တရားမဝင်နယ်စပ်ဖြတ်ကျော်သူအားလုံးကို ဖမ်းဆီးထိန်းသိမ်းပြီး နိုင်ငံမှနှင်ထုတ်သည့် တင်းကျပ်သောမူဝါဒကို အခြားခေါင်းဆောင်များ အတုယူသင့်ကြောင်း တိုက်တွန်းခဲ့သည်။

၂။ ရာသီဥတုပြောင်းလဲမှုကို “ အကြီးမားဆုံး လိမ်လည်မှု” ဟု သုံးနှုန်းခြင်း

ထရန့်က ရာသီဥတုပြောင်းလဲမှုသည် “ ကမ္ဘာပေါ်တွင် အကြီးမားဆုံး လိမ်လည်လှည့်ဖြားမှု” ဖြစ်သည်ဟု ခေါ်ဆိုခဲ့ပြီး ၎င်းနှင့်ပတ်သက်၍ သတိပေးချက်များမှာ မှားယွင်းကြောင်းနှင့် “ မိုက်မဲသောလူများ” က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ စိမ်းလန်းသော စွမ်းအင်မူဝါဒများသည် ဖွံ့ဖြိုးပြီးနိုင်ငံများကို ထိခိုက်စေပြီး စည်းကမ်းမလိုက်နာသော ညစ်ညမ်းနိုင်ငံများကိုသာ အကျိုးအမြတ်ဖြစ်ထွန်းစေသည်ဟု သူက စွပ်စွဲခဲ့သည်။

၃။ ယူကရိန်းနှင့် ဂါဇာအရေး – မိန့်ခွန်းနှင့် မိန့်ခွန်းအလွန်

မိန့်ခွန်းအတွင်း၌ ထရန့်သည် ယူကရိန်းနှင့် ဂါဇာစစ်ပွဲများအကြောင်း အကျဉ်းချုံးသာ ထည့်သွင်းပြောကြားခဲ့သည်။ သူက ဥရောပနိုင်ငံများ ရုရှားထံမှ စွမ်းအင်ဆက်လက် ဝယ်ယူနေခြင်းကို ရှုတ်ချခဲ့သည်။

သို့သော် မိန့်ခွန်းအပြီးတွင်မူ သူ၏သဘောထား သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

  • ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် တွေ့ဆုံရာတွင် နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံများသည် ရုရှားလေယာဉ်များ ၎င်းတို့၏လေပိုင်နက်ထဲသို့ ဝင်ရောက်လာပါက ပစ်ချသင့်သည်ဟု ပြောကြားခဲ့သည်။
  • ထို့နောက် လူမှုကွန်ရက်တွင် ယူကရိန်းသည် မူလနယ်နိမိတ်များအားလုံးကို ပြန်လည်ရရှိသည်အထိ တိုက်ပွဲဝင်နိုင်ပြီး “ အနိုင်ရနိုင်သည်” ဟု ဆိုခဲ့သည်။ ဤအချက်သည် ယခင်က ယူကရိန်းအနေဖြင့် နယ်မြေအချို့ကို စွန့်လွှတ်ရမည်ဟု ပြောဆိုခဲ့သည့် သူ၏ရပ်တည်ချက်နှင့် လုံးဝဆန့်ကျင်နေသည်။

၄။ ချို့ယွင်းနေသော စက်ပစ္စည်းများနှင့် ယိုယွင်းနေသော အဖွဲ့အစည်း

ထရန့်သည် သူတက်လာစဉ် ရပ်တန့်သွားသော စက်လှေကားနှင့် အလုပ်မလုပ်သော စာတမ်းဖတ်စက်ကို ဥပမာပေးကာ ကုလသမဂ္ဂ၏ အသုံးမကျမှုကို ပုံဖော်ပြောကြားခဲ့သည်။ “ ကုလသမဂ္ဂရဲ့ ရည်ရွယ်ချက်က ဘာလဲ” ဟု သူကမေးခွန်းထုတ်ခဲ့ပြီး ကုလသမဂ္ဂ၏ လုပ်ဆောင်ချက်များသည် “ အနှစ်သာရမရှိသော စကားလုံးများ” မျှသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

၅။ အကြောင်းအရာမှ သွေဖည်၍ ပြောကြားချက်များ

စာတမ်းဖတ်စက်မရှိသည့်အတွက် ထရန့်၏မိန့်ခွန်းသည် အကြောင်းအရာတစ်ခုမှတစ်ခုသို့ ကူးပြောင်းကာ ရှုပ်ထွေးနေခဲ့သည်။ သူသည် အမေရိကန်မြို့ကြီးများရှိ ရာဇဝတ်မှုများ၊ လေရဟတ်များ၏ ထိရောက်မှု၊ နွားများကို သတ်ဖြတ်လိုသည့် အစီအစဉ်များ စသည့် မသက်ဆိုင်သောအကြောင်းအရာများကို ထည့်သွင်းပြောကြားခဲ့သည်။ သူ၏မိန့်ခွန်းသည် သတ်မှတ်ထားသော (၁၅) မိနစ်ထက် ကျော်လွန်သွားခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်များပါဝင်သော ပရိသတ်မှာ တိတ်ဆိတ်စွာ နားထောင်နေခဲ့ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု