နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 10 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ပြင်သစ်သမ္မတမက်ခရွန်နဲ့ လက်ဆွဲနှုတ်ဆက်ချိန် သမ္မတထရမ့်ရဲ့ ညာဘက်လက်မှာ “ ကြီးမားတဲ့အညိုအမဲစွဲနေတာကို” တွေ့မြင်ရတယ်လို့ဆို

ဖေဖော်ဝါရီလ (၂၆) ရက်။

အမေရိကန်သမ္မတထရမ့်နဲ့ ပြင်သစ်သမ္မတမက်ခရွန်တို့ ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ ၂၄ ရက်နေ့က အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပြီး ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ သမ္မတထရမ့်အနေနဲ့ ဂရုတစိုက် လုပ်ဆောင်ဖို့ ထရမ့်ကို သတိပေးခဲ့ပြီး ယူကရိန်းက လက်နက်ချတာတဲ့ အဓိပ္ပါယ်မျိုး မသက်ရောက်စေရဘူးလို့ သတိပေးပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် တိုးတက်မှု ရှိလာတယ်လို့ ပြောဆိုနေကြတဲ့ ထရမ့်နဲ့ ပူတင်အကြား ဖုန်းခေါ်ဆိုမှုဟာ ယူကရိန်းကို အနိုင်ကျင့်နေတဲ့ ထရမ့်ရဲ့ ကြိုးပမ်း မှုဖြစ်နေတယ်လို့ ဥရောပခေါင်းဆောင်တွေက စိုးရိမ်နေကြပါတယ်။ ဒီလိုအချိန်မှာ မက်ခရွန်ဟာ အိမ်ဖြူတော်ကို ပထမဆုံးလာရောက်တဲ့ ဥရောပခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

တွေ့ဆုံမှုအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ထရမ့်က ငြိမ်းချမ်းရေးသဘောတူညီချက်ကို မကြာမီ မရရှိပါက၊ “ ဒါဟာ ဒီနှစ်နိုင်ငံတင် မဟုတ်ဘူး၊ တခြားနိုင်ငံတွေ ပါဝင်နေပြီး၊ ဒါဟာ တကယ့်စစ်ပွဲကြီး ဖြစ်လာနိုင်ပြီး တတိယကမ္ဘာစစ်ကြီး ဖြစ်သွားနိုင်ပါတယ်။ အဲဒါကို ကျနော်တို့ ခွင့်ပြုဖို့ ရည်ရွယ်မထားဘူး” လို့ ပြောကြားခဲ့ပါတယ်။

ဒီအစည်းအဝေးကျင်းပတဲ့နေ့မှာပဲ ကုလသမဂ္ဂ အထွေထွေညီလာခံ အထူးအစည်းအဝေးကို ကျင်းပခဲ့ပြီး ယူကရိန်းက တင်သွင်းတဲ့ ရုရှားနဲ့ တခြားရုရှားတပ်တွေ ယူကရိန်းကနေ ဆုတ်ခွာဖို့ တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ကန့်ကွက်ခဲ့ပါတယ်။

ဂျပန်အပါအဝင် နိုင်ငံပေါင်း ၉၃ နိုင်ငံက မဲအများစုနဲ့ အတည်ပြုဆုံးဖြတ်ခဲ့ပေမဲ့ အမေရိကန်၊ ရုရှား၊ အီရန်၊ မြောက်ကိုရီးယားနဲ့ ဘီလာရုစ်အပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံက ကန့်ကွက်ခဲ့ပါတယ်။ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၆၅ နိုင်ငံက ကြားနေခဲ့ပါတယ်။

ထရမ့်နဲ့ ပူတင် အကြား နီးစပ်မှုကြောင့် ကမ္ဘာကြီး ကမောက်ကမ ဖြစ်နေချိန်မှာ ထရမ့်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ တိုးလာခဲ့ပါတယ်။

တွေ့ဆုံမှုအတွင်း ထရမ့်နဲ့ မက်ခရွန်ဟာ အကြိမ်များစွာ လက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်။ အရင်တုန်းကတော့ သူတို့နှစ်ယောက်ဟာ ပြင်းပြင်းထန်ထန် လက်မောင်းလှဲသလိုမျိုး လက်ဆွဲနှုတ်ဆက်သူတွေအဖြစ် လူသိများပါတယ်။ လက်ဆွဲနှုတ်ဆက်တိုင်း အလယ်တန်းကျောင်းသားတွေလို တစ်ဖက်လူရဲ့ လက်ကို တွန်းချဖို့ ကြိုးစားသလိုမျိုး လုပ်တတ်ကြပါတယ်။ ဒီတစ်ခါလည်း သူတို့နှစ်ဦးရဲ့ လက်ဆွဲနှုတ်ဆက်မှုအပေါ် အာရုံစူးစိုက်ခဲ့ကြပါတယ်။ သူတို့နှစ်ဦး လက်ဆွဲနှုတ်ဆက်ပုံကို ကြည့်ပြီး ထရမ့် ကျန်းမာရေးချို့တဲ့နေတယ်လို့ ထင်ကြေးပေးခဲ့ကြပါတယ်။

အတွင်းလူတစ်ဦးက “ ထရမ့်ရဲ့ ညာဘက်လက်ခုံမှာ ကြီးမားတဲ့ အညိုအမဲဆွဲနေပြီး မသိသာ မထင်ရှားအောင် မိတ်ကပ်နဲ့ ဖုံးအုပ်ထားတယ်လို့ ဆိုပါတယ်။ သူ့လက်က ဒဏ်ရာက ကျန်းမာရေး ပြဿနာကို ရင်ဆိုင်နေရတယ်လို့ ညွှန်ပြနေနိုင်ပါတယ်။ Drip နဲ့ အာဟာရသွင်းတာမျိုးဆိုရင် ဒီအညိုအမဲက အရမ်းကြီးလွန်းပါတယ်။ ထရမ့်မှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး စိတ်ပူစရာရှိနေလို့ အစိုးရက လျှို့ဝှက်ထားတယ်လို့ ထင်မြင်နေကြပြီး တချို့အာဏာပိုင်တွေက ဖွင့်ပြောဖို့ တောင်းဆိုနေကြတယ်” လို့ ဆိုပါတယ်။

ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချတာတွေကို မှားယွင်းစေတတ်ပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ပူတင်က ယူကရိန်းကို ကျူးကျော်ဝင်ရောက်တဲ့အခါ ပူတင်ရဲ့ ကျန်းမာရေးပြဿနာတွေအကြောင်း တီးတိုးပြောဆိုခဲ့ကြပြီး ဗြိတိန်မီဒီယာတွေက ပူတင်ဟာ “ပြင်းထန်စွာဖျားနာနေ” ပြီး ခေတ်မမီတော့တဲ့ နယ်မြေကို စစ်ပွဲနဲ့ ရယူဖို့ ဆုံးဖြတ်ချက်ကို ချခဲ့တယ်လို့ ပြောခဲ့ကြပါတယ်။ ကုသလို့ မရတဲ့ ရောဂါလား ဒါမှမဟုတ် ဖျားနာနေတာလား။ ဘယ်လိုပဲဖြစ်ဖြစ် ပူတင်ရဲ့ အတွေးအမြင်ကို ပြောင်းလဲစေခဲ့ပါတယ်။ ထရမ့်ရဲ့ဒဏ်ရာနဲ့ ပတ်သက်ပြီး နိုင်ငံခြားမီဒီယာ အများအပြားက “ ထရမ့်ရဲ့ ဆုံးဖြတ်ချက်တွေကို နှေးကွေးသွားစေနိုင်တယ်” လို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ထရမ့်ရဲ့ ညာဘက်လက်ခုံမှာ အညိုအမဲဒဏ်ရာတွေကို မကြာခဏတွေ့မြင်ရပြီး အာဟာရဖြည့်စွက်စာတွေကို သွေးကြောသွင်းခံယူနေတယ်လို့ ပြောဆိုတာတွေလည်းရှိနေပြီး ဆရာဝန်တွေကတော့ ထရမ့်ရဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့ လက်မထောင်ပြပေးခဲ့ကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အိုမန်ပင်လယ်ကွေ့အတွင်း ‘စည်းကမ်းဖောက်ဖျက်သော’ ရေနံတင်သင်္ဘောအား သိမ်းဆည်းခဲ့ကြောင်း အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 28 Views
Aljazeera- ၂၀၂၆ခုနှစ်၊ မေလ ၈ရက် အီရန်အစိုးရရုပ်သံလိုင်းက IRGC တပ်ဖွဲ့ဝင်များ ဘာဘေးဒိုးစ်အလံတင် Ocean Koi သင်္ဘောပေါ်သို့ တက်ရောက်စီးနင်းပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲမှ ထွက်ပေါက်ရှာနေတဲ့ ထရမ့် မိမိရဲ့ ဗျူဟာနဲ့ ချောက်ပိတ်မိနေ

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 52 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၇)ရက် အကယ်၍ စကားလုံးများဖြင့် စစ်တိုက်၍ရပါက ဒေါ်နယ်ထရမ့်၏ အီရန်ပဋိပက္ခမှာ ဟိုးယခင် ကတည်းက ပြီးဆုံးသွားလောက်ပြီ ဖြစ်သည်။ သို့သော် သမ္မတသည် တစ်လခွဲထက်မပိုစေရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ၁၀ ပတ်မြောက်အထိ
နိုင်ငံတကာသတင်း အမေရိကန်

ဂျက်ဖရီ အက်ပ်စတိန်း၏ သေတမ်းစာဟု ယူဆရသည့် မှတ်တမ်းကို အမေရိကန် တရားသူကြီးတစ်ဦး ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 36 Views
BBC – ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) မသေဆုံးမီ တစ်လအလိုတွင် ရေးသားခဲ့သည်ဟု ယူဆရသော သေတမ်းစာမှတ်တမ်းကို ထုတ်ပြန်ရန် အမေရိကန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံအနေနဲ့ အီရန်ကို ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ တွန်းအားပေးနိုင်မလား။ အပြန်အလှန် တစ်ခုခုရမှသာ ဖြစ်နိုင်ပါလိမ့်မယ်

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 42 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက် ပေကျင်းမြို့ — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံ မြို့တော်သို့ မလာရောက်မီ ရက်ပိုင်းအလိုမှာပဲ အီရန်ထိပ်တန်း သံတမန်၏ ပေကျင်းခရီးစဉ် ပေါ်ပေါက်လာခြင်းက အဓိကမေးခွန်းတစ်ခုကို မီးမောင်းထိုးပြနေသည်-
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

တောင်ပိုင်းလက်ဘနွန်တစ်ခွင် တိုက်ခိုက်မှုများပြုလုပ်ကြောင်း အစ္စရေးစစ်တပ် ကြေညာချက်ထုတ်ပြန်စဉ်အတွင်း ကျေးရွာသူကြီးအပါအဝင် ၆ ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 37 Views
CNN-၂၀၂၆ခုနှစ်၊ မေလ၆ရက် လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ အသစ်တစ်ဖန် တိုက်ခိုက်မှုများကြောင့် လူ ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် အမျိုးသားသတင်းအေဂျင်စီ (NNA) က ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးစစ်တပ်သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ ထရမ့်ပြောကြား၊ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများ

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၆ရက် မကြာသေးမီရက်ပိုင်းအတွင်း ရေကြောင်းလမ်းနဲ့ပတ်သက်ပြီး တင်းမာမှုတွေ ရှိနေပေမယ့်လည်း အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဟော်မုဇ်ရေလက်ကြား (Strait of
အမေရိကန် အရှေ့အလယ်ပိုင်း

ရေနံချက်စက်ရုံတွင် ‘မီးအကြီးအကျယ်လောင်ကျွမ်းမှု’ ဖြစ်ပွားပြီးနောက် အာရပ်စော်ဘွား များပြည်နယ် (UAE) က အီရန်အား တိုက်ခိုက်မှုများပြုလုပ်သည်ဟု စွပ်စွဲလိုက်ခြင်း

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 45 Views
Al Jazeera -၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အီရန်ဒရုန်းတစ်စင်းကြောင့် ဖူဂျေရာ (Fujairah) ရေနံလုပ်ငန်းဇုန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အာရပ်စော်ဘွားများပြည်နယ် (UAE) သည်