နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ကာမာလာဟားရစ်စ်ကို ထောက်ခံခဲ့တဲ့ ထင်ရှားကျော်ကြားသူတွေကို လက်စားချေဖို့ ထရန့် ဦးတည်လာပြီလား

ကမ္ဘာကျော် အမေရိကန် အဆိုတော် စပရင်းစတင်းကို “ တရားဥပဒေချိုးဖောက်” ဟု ထရန့်ဆို – ကာမာလာဟားရစ်စ်ကိုထောက်ခံခဲ့တဲ့ ထင်ရှားကျော်ကြားသူတွေကို ဖိနှိပ်ဖို့ ထရန့် ဦးတည်လာပြီလား။

အိမ်ဖြူတော်သတင်းထောက်တော်တော်များများ အိပ်မောကျနေတုန်း သမ္မတဒေါ်နယ်ထရန့်က အဆိုတော် ဘရုစ် စပရင်းစတင်း (Bruce Springsteen) ကို အပြည့်အ၀ စုံစမ်းစစ်ဆေးဖို့ အစိုးရကို ရုတ်တရက် တောင်းဆိုလိုက်ပါတယ်။ စပရင်းစတင်းဟာ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဒုသမ္မတ ကာမာလာဟာရစ်စ်ကို ထောက်ခံခဲ့ပြီး ထရန့်ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့တဲ့ အနုပညာရှင်တွေထဲမှာ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ထရန့်က  စပရင်းစတင်းကို “ မင်းပါးစပ်ပိတ်ထားသင့်ပြီ” လို့ သတိပေးထားပြီး “ မင်းအမေရိကကို ပြန်လာတဲ့အခါ ဘာဖြစ်မလဲဆိုတာ ကြည့်ရအောင်” ။  ဒါကို ခြိမ်းခြောက်မှုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။

ဒါပေမဲ့ ထရန့်သတိပေးပြီး နောက်တစ်နေ့မှာပဲ စပရင်းစတင်းက မန်ချက်စတာဖျော်ဖြေပွဲမှာ “အခု အမေရိကားမှာ ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်တွေကို လှုပ်ခတ်နေတဲ့ အခြေအအနေတွေ ဖြစ်နေပြီ။ ဒါကို ကျွန်တော်တို့ နှုတ်ဆိတ်နေပြီး လျစ်လျူရှုထားလို့ မရပါဘူး” လို့  သမ္မတကို ထပ်မံဝေဖန်ခဲ့ပါတယ်။

အဲ့ဒီပြောဆိုချက်ကြောင့် ထရန့်က ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ကာမာလာဟာရစ်စ်ကို ထောက်ခံအားပေးခဲ့တဲ့ စပရင်းစတင်းအပြင် ဘီရွန်ဆေနဲ့ အော်ပရာဝင်းဖရီး (Oprah Winfrey) တို့ကိုလည်း ပစ်မှတ်ထားပြီး အခြေအမြစ်မရှိတဲ့ စွပ်စွဲမှုတွေ ပိုမိုပြင်းထန်လာစေခဲ့ပါတယ်။

လက်ရှိ ထရန့်အစိုးရအောက်မှာ အရှုပ်တော်ပုံများစွာ၊ အာဏာရှင်မူဝါဒကျင့်ဝတ်တွေနဲ့ ကျင့်ဝတ်ဆိုင်ရာ ပြဿနာတွေ ထင်ထင်ရှားရှား ဖြစ်ပွားလျက်ရှိပါတယ်။ ထရန်ရဲ့ ပြောဆိုချက်တွေကို လူတွေက အာရုံစိုက်ပြီး ကြည့်တဲ့အခါတိုင်း “နောက်တစ်ခါ လာပြန်ပြီ” လို့ ဆိုပြီး လူတွေက ရယ်မောကြပေမဲ့ ဒီတခါ “ ကျော်ကြားသူတွေကို ပုတ်ခတ်ပြောဆိုခြင်း” ကတော့ ရယ်မောစရာဆိုပြီး အာရုံလွှဲပြီး လျစ်လျူရှုလို့ မရလောက်အောင် အန္တရာယ်ဖြစ်လာနိုင်ပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ်  ထရန့်ရဲ့ တိုက်ခိုက်မှုတွေဟာ ၂၀၁၆  ခုနှစ် သူ့ရဲ့  ပထမဆုံးရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်းကတည်းက စတင်ခဲ့ပါတယ်။ ဒါ့အပြင် “ The Boss” လို့ ခေါ်ကြတဲ့ စပရင်းစတင်းကို ထပ်ခါတလဲလဲ ခြိမ်းခြောက်မှုတွေဟာ ဒုတိယ ထရန့် အစိုးရရဲ့ လွတ်လပ်စွာ ပြောဆိုမှုကို ဖြိုခွဲခြင်းနဲ့ ဒီမိုကရေစီကို ဖျက်ဆီးခြင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဟာရီစင် ဖီးလ်စ် (Harrison Fields) က “ တရားဥပဒေအထက်မှာ ရှိနေသူတွေ တာဝန်ခံမှု ရှိစေဖို့ကတော့ ရိုးလင်းစတုန်း (Rolling Stone) အတွက် စိတ်မသက်မသာ ဖြစ်ရရင်တောင် အမေရိကန်ပြည်သူတွေအတွက်ကတော့ လန်းဆန်းစေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ တရားရေးဌာနနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (FEC) တို့က ဒီကိစ္စနဲ့ ပတ်သက်ပြီး စီရင်ပိုင်ခွင့် ရှိပါတယ် “ဒါကတော့ ကိုယ်ပိုင် လွတ်လပ်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လိမ့်မယ်” လို့ ဆိုပါတယ်။ (FEC သည် Newsweek မှ ဆက်သွယ်မေးမြန်းရာမှာ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပြီး တရားရေးဌာနကလည်း အကြောင်းပြန်တာ မရှိပါဘူး)

အဆိုပါကိစ္စနဲ့ ရင်းနှီးသူ သုံးဦးရဲ့ ပြောကြားချက်အရ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲ ကာလအတွင်း ထရန့်ဟာ တရားမျှတမှု ဦးစီးဌာန၊ FEC၊ ပြည်ထောင်စု ဆက်သွယ်ရေး ကော်မရှင်နဲ့ အခြား အေဂျင်စီတွေကို အသုံးပြုပြီး ထရန့်က “တရားမ၀င်” ဘူးလို့ သတ်မှတ်ခံထားရတဲ့ ဒီမိုကရက်တစ်ပါတီကို ထောက်ခံတဲ့ အနုပညာရှင်တွေကို ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ဖို့ အကြိမ်ကြိမ် အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။ ထရန့်ရဲ့ ပစ်မှတ်တွေထဲမှာ talk show hosts တွေနဲ့ လစ်ဘရယ် အနုပညာရှင်တွေ ပါဝင်ပါတယ်။

တနင်္လာနေ့က ထရန့်က သူ့ရဲ့လူမှုမီဒီယာအကောင့်မှာ အောက်ပါအတိုင်း ရေးသားပြီး ပို့စ်တင်ခဲ့ပါတယ်။

“ ညံ့ဖျင်းတဲ့ စွမ်းဆောင်မှု” အတွက် ဘရုစ် စပရင်းစတင်းကို ကာမာလာဟားရစ်စ်က ဘယ်လောက် ပေးခဲ့ရလဲ။ သူမဟာ သူမကို တကယ်ချစ်တယ်ဆိုရင် ဘာကြောင့် ဒီပိုက်ဆံကို ယူခဲ့တာလဲ ရှင်းရှင်းလင်းလင်း တရားမဝင် အလှူငွေ မဟုတ်ဘူးလား။ ဘီယွန်းဆေးကရော ဘယ်လိုလဲ၊ အော်ပရာတို့ ဘိုနိုတို့ကရော ဘာလဲ… ဒါကို အဓိက စုံစမ်းစစ်ဆေးဖို့ တောင်းဆိုချင်ပါတယ်။ ကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက်ပွဲ ကုန်ကျစရိတ်တွေကို ‘အဂတိလိုက်စားမှု’ နဲ့ ဝယ်ဖို့ ခွင့်မပြုပါဘူး။

ဒါပေမယ့် သူ့ရဲ့တရားဝင်ငြင်းခုံချက်ဟာ တကယ်တော့ မမှန်ပါဘူး။ တကယ်တော့ ဆန့်ကျင်ဘက်ဆိုတာ မှန်ပါတယ်။

ဘရုစ် စပရင်းစတင်းနဲ့ အခြားသူတွေကို ဟားရစ်စ် ကမ်ပိန်းက ငွေကြေးပေးဆောင်တာဟာ “ ထောက်ခံချက်ကြေး” မဟုတ်ပါဘူး။ တရားဝင် အနုပညာ ဝန်ဆောင်မှုကြေး ဖြစ်ပါတယ်။

ရွေးကောက်ပွဲဆိုင်ရာဘဏ္ဍာရေးဥပဒေမှာ ကိုယ်စားလှယ်လောင်းတွေဟာ ဝန်ဆောင်မှုတွေအတွက် ဈေးကွက်မှာ သတ်မှတ်ထားတဲ့ “ ငွေကြေး” ပေးဆောင်ဖို့ လိုအပ်ပါတယ်။ ပေးဆောင်ဖို့ ပျက်ကွက်ခြင်းကသာ ဥပဒေနှစ်ခုကို ချိုးဖောက်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ ကန့်သတ်ချက်ပမာဏတွေကို ကျော်လွန်၍ လှူဒါန်းခြင်းနဲ့ ကော်ပိုရေးရှင်းတွေက တိုက်ရိုက်လှူဒါန်းခြင်းဆိုတဲ့ ဒီနှစ်မျိုးက ဥပဒေအရ တရားမဝင်ဘူးလို့ သတ်မှတ်ထားပါတယ်။

ဘယ်လိုပင် ဆိုစေကာမူ မကြာသေးမီနှစ်တွေအတွင်း ထရန့်အစိုးရဟာ ဒီလို “လက်စားချေလိုတဲ့ဆန္ဒ” ကို အခွင့်ကောင်းယူနေတဲ့ ရှေ့နေတွေနဲ့ နိုင်ငံရေးအကြံပေးတွေ ရှိလာခဲ့ပြီး တချို့ဟာဆိုအင် အခု အစိုးရအဖွဲ့အတွင်းမှာ ဝင်ရောက်နေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ထရန့်ဟာ သူ့ကို ရည်ညွှန်းတဲ့ ပြက်လုံးနဲ့ သရော်တာတွေ သာဓကအားဖြင့် ညဥ့်နက်ပိုင်း ဟာသအစီအစဉ်တွေမှာ ပြက်တဲ့ ပြက်လုံးတွေကိုလည်း တရားမဝင်တဲ့ နိုင်ငံရေးဆိုင်ရာ အထောက်အကူတွေလို့ ထည့်သွင်းစဉ်းစားပုံရပါတယ်။ သူ့ရဲ့ ပထမသက်တမ်းအတွင်းမှာ စနေနေ့ည တိုက်ရိုက်လွှင့်တဲ့ (Saturday Night Live) လို တီဗီရှိုးတွေကို  ပိတ်ဆို့အရေးယူဖို့ ကြိုးစားခဲ့ပြီး အရေးယူရန် ABC ရဲ့ အစီအစဉ်မှူး ဂျင်မီကင်းမယ်လ် (Jimmy Kimmel) ကို ဖိအားပေးဖို့ အိမ်ဖြူတော်၀န်ထမ်းတွေကို ညွှန်ကြားခဲ့ပါတယ်။

အရင်တုန်းကတော့ သူ့လက်ထောက်တွေက ဒီလို တောင်းဆိုမှုတွေကို အလွယ်တကူ ဖယ်ရှားပစ်ဖို့ တည်တည်ငြိမ်ငြိမ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။  ဒါပေမဲ့ အခု ဒုတိယသက်တမ်းမှာတော့ ထရန့်ရဲ့ ဘေးမှာ “ကျိုးကြောင်းဆီလျော်မှုမရှိတဲ့အမိန့်တွေ” ကို သစ္စာရှိရှိ လိုက်နာဆောင်ရွက်နေသူတွေပဲ ရှိနေပါတယ်။

ထရန့်ဟာ “ ဥပဒေကို လက်နက်ချအဖြစ် အသုံးချဖို့ စိတ်အားထက်သန်ရတဲ့ အကြောင်းရင်းကတော့ “ ကိုယ်ရေးကိုယ်တာအာဃာတ” ပဲ ဖြစ်ပါတယ်။

သူ့ကို ၂၀၁၈ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်တို့မှာ မင်ဟက်တန်ခရိုင် ရှေ့နေ အယ်ဗင်ဘရက်ဂ် (Alvin Bragg) က အပြာမင်းသမီး စတိုမီဒန်နီရယ် (Stormy Daniels) အား လျှို့ဝှက်ငွေပေးချေမှုတွေနဲ့ ပတ်၀န်းကျင် ငွေကြေးဆိုင်ရာ လှုံ့ဆော်မှုဆိုင်ရာ ဘဏ္ဍာရေးချိုးဖောက်မှုတွေမှာ အဓိကကျူးလွန်သူ အဖြစ် စွဲချက်တင်ခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ တရားစီရင်မှုရလဒ်ကြောင့် သူဟာ အမေရိကန်သမိုင်းမှာ ပြစ်ဒဏ်ချမှတ်ခံရတဲ့ ပထမဆုံး သမ္မတဖြစ်လာခဲ့ပါတယ်။

မကြာသေးမီလတွေအတွင်းမှာ ထရန့်ဟာ သူ့ရဲ့လက်ထောက်တွေကို သူ့ရဲ့ မကျေနပ်ချက်တွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 

“ မဲဆွယ်စည်းရုံးရေး ငွေကြေးဆိုင်ရာ ဘဏ္ဍာရေးချိုးဖောက်မှုတွေနဲ့ ငါ့ကို သူတို့က စွပ်စွဲနိုင်ရင် ကျော်ကြားသူတွေကိုလည်း ငါ့ကို တရားစွဲသလို သူတို့ကိုလည်း တရားစွဲသင့်တယ် မဟုတ်ဘူးလား”  

ထရန့်နဲ့ နီးစပ်တဲ့ ရှေးရိုးစွဲ ရှေ့နေ မိုက်ဒေးဗစ် (Mike Davis) က ရိုးလင်းစတုန်း (Rolling Stone) စပရင်းစတင်းနဲ့ပတ်တက်ပြီး သတင်းထောက်က မေးမြန်းတဲ့အခါ အောက်ပါအတိုင်း ပြောခဲ့ပါတယ်။

“ဒီမိုကရက်တွေက သမ္မတထရန့်ကို တရားစွဲတဲ့အခါပဲ “မဲဆွယ်စည်းရုံးရေး ဘဏ္ဍာရေး ချိုးဖောက်မှုတွေ” နဲ့ တရားစွဲခဲ့ပေမဲ့ သူတို့န ပတ်သက်လာရင်တော့ သူတို့ကိုယ်သူတို့တော မမြင်ချင်ယောင်ဆောင်နေကြပါတယ်။ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိစေရဘူး”

တကယ်လို့ လက်ရှိအစိုးရဟာ ပြောဆိုမှုနဲ့ ရေးသားမှုတွေကို အကြောင်းပြပြီး နိုင်ငံသားတွေကို ဖမ်းဆီးထောင်ချတာမျိုး လုပ်မယ်ဆိုတာကို မပြသသေးဘူးဆိုရင် စပရင်းစတင်းအပေါ်  ထရန့်ရဲ့ တိုက်ခိုက်မှုဟာ “ဖျော်ဖြေရေး” တစ်ခုမျှနဲ့ ပြီးသွားနိုင်ဖွယ် ရှိပါတယ်။ လွန်ခဲ့တဲ့လကလည်း ထရန့်ကိုယ်တိုင်က ဘဲဥပုံရုံးမှာ ကင်မရာတွေရှေ့မှာပဲ ဆိုက်ဘာလုံခြုံရေးအရာရှိဟောင်း ခရစ်စ် ခရက်ဘ်စ် (Chris Krebs) ကို စုံစမ်းစစ်ဆေးဖို့ အမိန့်ကို လက်မှတ်ရေးထိုးခဲ့တာကို သရုပ်ဆောင်ပြသခဲ့ပြီး ခရစ်စ် ခရက်ဘ်စ် ကျူးလွန်တဲ့ ရာဇဝတ်မှုကတော့ “၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ  မသာမာမှု မရှိခဲ့ဘူး” ဆိုတဲ့ သက်သေထွက်ဆိုချက်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ထရန့်အစိုးရအဖွဲ့ဟာ စပရင်းစတင်းကို အမှန်တကယ် စုံစမ်းစစ်ဆေးမှု ရှိ၊ မရှိဆိုတာ မသိရသေးပေမယ့် ဒီကိစ္စဟာ အခြေခံပြဿနာတင် မကတော့ပါဘူး။ “လွတ်လပ်စွာ ထုတ်ပြောဆိုမှု” ကို ကျင့်သုံးရုံမျှနဲ့ပင် နိုင်ငံသားတွေအပေါ် နိုင်ငံတော်အာဏာ အပြည့်အ၀ ကိုင်စွဲထားတဲ့ သမ္မတရဲ့ လုပ်ဆောင်ချက်ဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ နိုင်ငံရေး စံနမူနာဖြစ်ပြီး တကယ်လို့ အခြားသမ္မတတစ်ဦးက အဲ့ဒီလို လုပ်ဆောင်ပါက ဘယ်လိုမှ သည်းခံသင့်တဲ့အရာ မဟုတ်ပါဘူး။

၂၀၂၄ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ထရန့်က “ လက်စားချေမယ်” လို့ ကတိပြုခဲ့ပါတယ်။ “ငါ့ကို တရားစွဲခဲ့သူတွေ သူတို့လည်း အပြစ်စီရင်တာကို ခံရကြလိမ့်မယ်” လို့ ပြောဆိုခဲ့ပါတယ်။ 

အစပိုင်းမှာ ဒါတွေကို အောင်မြင်တဲ့ စီးပွားရေးမူဝါဒကတစ်ဆင့် လက်စားချေမယ်လို့ ပြောင်းလဲ ပြောဆိုခဲ့တာမျိုး ရှိခဲ့ပေမဲ့ လက်တွေ့လုပ်ဆောင်မှုတွေကတော့ “နိုင်ငံရေးအရ ကလဲ့စားချေတာဆိုတာ” ထင်ရှားလာပါတယ်။

အခုနှစ် ဇန်နဝါရီလတွင် ထရန့်ရဲ့ ဖလော်ရီဒါ မာအာလာဂို (Mar-a-Lago) အိမ်ရာမှာ ကျင်းပတဲ့ မှတ်တမ်းရုပ်ရှင်ပြသမှုမှာ ထင်ရှားတဲ့ရှေ့နေ အလန်ဒါရှိုဝစ်ဇ် (Alan Dershowitz) က စင်မြင့်ပေါ်ကနေ တက်လာပြီး အောက်ပါအတိုင်းပြောကြားခဲ့ပါတယ်။

“ ဥပဒေကို လက်နက်အဖြစ်သုံးတာကို ရပ်ဖို့လိုတယ်။ ဥပဒေက လက်တုံ့ပြန်တာ လုပ်ဖို့မဟုတ်ဘူး။ ဒီမိုကရက်တွေကိုလည်း မလုပ်သင့်သလို ဘယ်သူ့ကိုမှလည်း မလုပ်သင့်ဘူး။ နှစ်ဖက်စလုံးက လက်နက်အဖြစ် သုံးနေတာတွေကို စွန့်လွှတ်ရမယ်။”

စင်မြင့်ပေါ်ကနေ ကြည့်ပြီး ထရန့်က အဲဒီစကားတွေကို တုံ့ပြန်တဲ့အနေနဲ့ “ ခေါင်းညိတ်ပြ” ခဲ့ပါတယ်။

ဒါပေမဲ့ အခုဒီအချိန်ရောက်လာတော့ ဒီလို “ သဘောတူညီချက်” ကို  ဘယ်လောက်ထိ ရိုးသားစွာ လိုက်နာမယ်ဆိုတာကတော့ တဖြည်းဖြည်း ထင်ရှားလာပါတော့မယ်။

Source: RollingStone

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့်
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ရန် အစ္စရေးအစိုးရက ရှေ့ဆက်လုပ်ဆောင်နေပြီး ယင်းလုပ်ရပ် ကို ပါလက်စတိုင်းတို့က “အင်အားသုံး နယ်မြေသိမ်းပိုက်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 44 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 49 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 45 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) သည် ဖားမှ ထုတ်ယူဖော်စပ်ထားသော အဆိပ်ကို အသုံးပြု၍မြှားဆိပ်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

နက်တန်ယာဟုက အစ္စရေးရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ထရမ့်နှင့် ဆက်ဆံရေးကို အားကိုးနေရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 56 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် ဒေါ်နယ်ထရမ့်နှင့် ဘင်ဂျမင်နက်တန်ယာဟုတို့၏ ဗုဒ္ဓဟူးနေ့က တွေ့ဆုံမှုမှ ဓာတ်ပုံတစ်ပုံ တည်းသာ ထွက်ပေါ်လာခဲ့သည်- ၎င်းမှာ အစ္စရေးဝန်ကြီးချုပ်ရုံးမှ ဖြန့်ဝေခဲ့သော အိမ်ဖြူတော် ဘဲဥပုံရုံးခန်းအတွင်း လက်ဆွဲနှုတ်ဆက်နေသည့်
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 59 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) သည် သောကြာနေ့တွင် ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိ သွားခဲ့သည်။ ယင်းကြောင့်