နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် ပူတင်မှာ တကယ်လိုလားတဲ့စိတ်ရှိရဲ့လားလို့ ထရန့်က မေးခွန်းထုတ်

ဧပြီလ (၂၇) ရက်။

ထရန့်သည် ပုပ်ရဟန်းမင်း၏ ဈာပနအခမ်းအနားမတိုင်မီ စနေနေ့က ဗာတီကန်တွင် ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီး နှင့် တွေ့ဆုံခဲ့သည်။

ရောမမြို့ရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပနဘေးကနေရာတွင် ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် တွေ့ဆုံပြီးနောက် ဒေါ်နယ်ထရန့်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ကတိကဝတ်ကို စနေနေ့က မေးခွန်းထုတ်ခဲ့သည်။

“ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း အရပ်သားနေထိုင်ရာနေရာတွေ၊ မြို့ကြီးတွေနဲ့ မြို့တွေကို ဒုံးကျည်တွေပစ်ဖို့ ပူတင်အတွက် အကြောင်းပြနိုင်စရာအချက် မရှိပါဘူး” ဟု အမေရိကန် သမ္မတက Truth Social တွင် ယခု သီတင်းပတ်အတွင်း ဖြစ်ပွားခဲ့သော ယူကရိန်းတွင် ရုရှားစစ်တပ်၏ တိုက်ခိုက်မှုအတွင်း လူပေါင်းများစွာသေဆုံးပြီး ဒါဇင်နှင့်ချီသော ဒဏ်ရာရရှိမှုကို ကိုးကား၍ ရေးသားခဲ့သည်။

“ သူက စစ်ပွဲကို မရပ်တန့်ချင်ဘူး၊ သူက ကျွန်တော်ကို နှစ်သိမ့်နေတာလို့ ကျွန်တော် တွေးလာမိတယ်” ဟု ထရန့် မှပြောကြားခဲ့ပြီး ဆက်လက်၍ “ ပူတင်ကို အခြားကိစ္စတွေနဲ့ ပြောင်းလဲဆက်ဆံမှ ဖြစ်လိမ်မယ်” ဟု မှတ်ချက်ပေးခဲ့သည်။ “ ဘဏ်” သို့မဟုတ် ‘ထပ်မံပိတ်ဆို့မှုများမှတဆင့် ဖိအားပေးရလိမ့်မည် ‘ ဟု ထပ်လောင်းပြောကြားခဲ့သည်။

ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုများ ထပ်မံချမှတ်ခြင်းသည် အမေရိကန်တွင် ပါတီနှစ်ရပ်မှ ထောက်ခံမှုရရှိထားသည့် အယူအဆတစ်ခု ဖြစ်ပြီး၊ ပါတီဝင်အမတ် ၅၀ ဖြစ်သည့် ဒီမိုကရက်ပါတီ ၂၅ နှင့် ရီပတ်ဘလစ်ကန် ၂၅ ဦးက ထောက်ခံမှုဖြင့် အမေရိကန်တွင် ယခုလအစောပိုင်းက ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုများ ထပ်မံချမှတ်မည့် ဥပဒေကြမ်းကို မိတ်ဆက်ခဲ့သည်။

ထရန့် သည် ရုရှားနှင့် ယူကရိန်းကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို သဘောတူထောက်ခံရန် ရက်သတ္တပတ်များစွာကြာ ဆော်သြခဲ့ပြီး သောကြာနေ့တွင် သဘောတူညီချက်သည် အဆုံးစွန်အထိ နီးကပ်လာနိုင်ကြောင်း ရုရှားနှင့် ယူကရိန်းတို့ကို “မြင့်မားသော ခေါင်းဆောင်အဆင့်” ဆွေးနွေးပွဲ အတွက် တွေ့ဆုံရန် တိုက်တွန်းခဲ့သည်။

သီတင်းပတ်အစောပိုင်းတွင် ထရန့်သည် ၂၀၁၄ ခုနှစ်တွင် ယူကရိန်း၏ အလိုဆန္ဒကို ဆန့်ကျင်သည့် ခရိုင်းမီးယားကို ရုရှားက ဆက်လက်ထိန်းချုပ်ထားနိုင်စေမည့် မည်သည့်ငြိမ်းချမ်းရေး သဘောတူညီချက်မျိုးကိုမဆို ပယ်ချသည့်အတွက် ဇလန်းစကီးကို ပြစ်တင်ရှုတ်ချခဲ့သည်။

ရောမမြို့တွင် ထရန့် နှင့်တွေ့ဆုံပြီးနောက် X တွင် ပို့စ်တစ်ခု၌ ဇလန်းစကီးက အမေရိကန်သမ္မတအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အစည်းအဝေးကို “ ကောင်းမွန်ကြောင်း” နှင့် “ ထူးခြားသည့်သင်္ကေတ” တစ် ခုဖြစ်သည်ဟု ခေါ်ဆိုခဲ့သည်။

ယူကရိန်းသမ္မတက “ ကျွန်တော်တို့ လွှမ်းခြုံထားတဲ့အရာအားလုံးအတွက် ရလဒ်တွေကို မျှော်လင့်နေပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည် – “ ကျွန်တော်တို့ရဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ခြင်း၊ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး အပြည့်အ၀နဲ့ ယုံကြည်စိတ်ချရပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးသည် နောက်ထပ်စစ်ပွဲ မဖြစ်ပွားအောင် တားဆီးပေးမည်” ဟု ပြောကြားခဲ့သည်။

ထရန့် နှင့် ဆွေးနွေးအမြင်ဖလှယ်မှုသည် ပူးတွဲရလဒ်များ ရရှိလာပါက သမိုင်းဝင် ဖြစ်လာနိုင်သည်ဟု ဇလန်းစကီးက ထပ်လောင်းပြောကြားခဲ့သည်။

စနေနေ့က သူ့၏ Truth Social တွင် ထရမ့်က သူ့ရှေ့က သမ္မတများဖြစ်ကြသည့် ဘားရက်အိုဘားမားနှင့် ဂျိုးဘိုင်ဒင်တို့ကို ရုရှားက ခရိုင်းမီးယားကို သိမ်းယူရန် ခွင့်ပြုခဲ့ခြင်းကို အပြစ်တင်ခဲ့သည်။

“ရုရှားက ခရိုင်းမီးယားကို တချက်မှ မပစ်ရဘဲ ယူကရိန်းကနေ ခိုးယူနိုင်ဖို့ အိုဘားမားက လုပ်ခဲ့တာပဲ၊” ဟု ထရန့် က ရေးသားခဲ့ပြီး နောက်ပိုင်းတွင် “ အိုဘားမား နဲ့ ဘိုင်ဒင် လက်ထက်က ကျန်ခဲ့တဲ့ အရှုပ်အထွေးတွေကို ကျွန်တော်က ရှင်းပစ်ဖို့ ကြိုးစားနေရတာပါ”ဟု ဆိုသည်။

ရောမတွင် ထရန့် နှင့် ဇလန်းစကီးတို့ ၏တွေ့ဆုံမှုသည် ဖေဖော်ဝါရီတွင် ယူကရိန်းသမ္မတ အိမ်ဖြူတော်သို့ လာရောက်လည်ပတ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမှုဖြစ်သည်။ ထိုလည်ပတ်မှုအတွင်း ဘဲဥပုံရုံးအစည်းအဝေးတွင် ထရန့်သည် ဇလန်းစကီးနှင့် ဒုသမတဂျေဒီဗန့်တို့အကြားတွင် စကားအခြေတင် ဖြစ်ခဲ့ရသည်။ ထရန့် နှင့်ဗန့်စ် မှ ဇလန်းစကီးသည် စစ်ပွဲတွင် အမေရိကန်၏ပံ့ပိုးမှုအတွက် လုံလောက်သော ကျေးဇူးတင်ပုံမရကြောင်း ပြစ်တင်ဝေဖန်ခဲ့ကြသည်။

ရောမမြို့၌ရှိစဉ် ဇလန်းစကီးသည်ဥရောပခေါင်းဆောင်များဖြစ်သည် ဗြိတိသျှဝန်ကြီးချုပ် ကီယာစတာမာနှင့် ပြင်သစ်ဝန်ကြီးချုပ် အီမန်နျူရယ် မက်ခရွန်တို့နှင့်လည်း တွေ့ဆုံခဲ့သည်။ မက်ခရွန်က ဇလန်းစကီးနှင့် “ ယနေ့အလွန်အပြုသဘောဆောင်သော ဖလှယ်မှုများ” ရှိခဲ့ကြောင်း X တွင် ပြင်သစ်ဘာသာဖြင့် ရေးသားခဲ့သည်။

“ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ဆိုတာ သမ္မတထရန့် နဲ့ ကျွန်တော်တို့က မျှဝေထားတဲ့ ရည်မှန်းချက်ပါ။ ယူကရိန်းမှာ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးအတွက် အဆင်သင့်ဖြစ်နေပါပြီ။ ယူကရိန်းသမ္မတ ဇလန်းစကီးက ဒါကို အကောင်အထည်ဖော်ဖို့ အမေရိကန်နဲ့ ဥရောပသားတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ချင်ပါတယ်။ အခု သမ္မတပူတင်က ငြိမ်းချမ်းရေးကို တကယ်လိုလားကြောင်း သက်သေပြဖို့ပဲ လိုတာပါ” ဟု မက်ခရွန်က ပြောကြားခဲ့သည်။

ဇလန်းစကီးက စတာမာနှင့် သူ၏ ဆွေးနွေးမှုသည် “ အပြည့်အဝ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး ထူထောင်ရန်နှင့် နောက်ထပ် လုံခြုံရေး အာမခံချက်များ ဖော်ဆောင်ရန် လိုအပ်သော အချက်များကို အာရုံစိုက်ဆွေးနွေးခဲ့သည်” ဟု ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 32 Views
ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို CNN-
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်တွင် မြေပြင်တပ်ဖွဲ့များ ချထားရေးနှင့် ပတ်သက်၍ အမေရိကန်သည် “ ခန့်မှန်းရခက်သူ” ဖြစ်ရန် လိုအပ်ကြောင်း ဟက်ဆက်သ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် က အီရန်နိုင်ငံအတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့ဝင်များ (boots on
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 145 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊ အမေရိကန်နှင့် အီရန်တို့သည် ၎င်းတို့၏ ရပ်တည်ချက်များကို ပိုမိုတင်းမာအောင် လုပ်ဆောင်နေကြသည်။ သမ္မတ ဒေါ်နယ်ထရန့်က
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 34 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က အီရန်၏ စာရင်းတွင် မပါဝင်ခဲ့ဖူးသည့် အချက်တစ်ချက် ပါဝင်လာခဲ့သည်၊ ၎င်းမှာ ဟော်မုဇ် ရေလက်ကြား
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 62 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 61 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 66 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ