နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် ပူတင်မှာ တကယ်လိုလားတဲ့စိတ်ရှိရဲ့လားလို့ ထရန့်က မေးခွန်းထုတ်

ဧပြီလ (၂၇) ရက်။

ထရန့်သည် ပုပ်ရဟန်းမင်း၏ ဈာပနအခမ်းအနားမတိုင်မီ စနေနေ့က ဗာတီကန်တွင် ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီး နှင့် တွေ့ဆုံခဲ့သည်။

ရောမမြို့ရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပနဘေးကနေရာတွင် ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် တွေ့ဆုံပြီးနောက် ဒေါ်နယ်ထရန့်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ကတိကဝတ်ကို စနေနေ့က မေးခွန်းထုတ်ခဲ့သည်။

“ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း အရပ်သားနေထိုင်ရာနေရာတွေ၊ မြို့ကြီးတွေနဲ့ မြို့တွေကို ဒုံးကျည်တွေပစ်ဖို့ ပူတင်အတွက် အကြောင်းပြနိုင်စရာအချက် မရှိပါဘူး” ဟု အမေရိကန် သမ္မတက Truth Social တွင် ယခု သီတင်းပတ်အတွင်း ဖြစ်ပွားခဲ့သော ယူကရိန်းတွင် ရုရှားစစ်တပ်၏ တိုက်ခိုက်မှုအတွင်း လူပေါင်းများစွာသေဆုံးပြီး ဒါဇင်နှင့်ချီသော ဒဏ်ရာရရှိမှုကို ကိုးကား၍ ရေးသားခဲ့သည်။

“သူက စစ်ပွဲကို မရပ်တန့်ချင်ဘူး၊ သူက ကျွန်တော်ကို နှစ်သိမ့်နေတာလို့ ကျွန်တော် တွေးလာမိတယ်” ဟု ထရန့် မှပြောကြားခဲ့ပြီး ဆက်လက်၍ “ပူတင်ကို အခြားကိစ္စတွေနဲ့ ပြောင်းလဲဆက်ဆံမှ ဖြစ်လိမ်မယ်” ဟု မှတ်ချက်ပေးခဲ့သည်။ “ဘဏ်” သို့မဟုတ် ‘ထပ်မံပိတ်ဆို့မှုများမှတဆင့် ဖိအားပေးရလိမ့်မည် ‘ ဟု ထပ်လောင်းပြောကြားခဲ့သည်။

ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုများ ထပ်မံချမှတ်ခြင်းသည် အမေရိကန်တွင် ပါတီနှစ်ရပ်မှ ထောက်ခံမှုရရှိထားသည့် အယူအဆတစ်ခု ဖြစ်ပြီး၊ ပါတီဝင်အမတ် ၅၀ ဖြစ်သည့် ဒီမိုကရက်ပါတီ ၂၅ နှင့် ရီပတ်ဘလစ်ကန် ၂၅ ဦးက ထောက်ခံမှုဖြင့် အမေရိကန်တွင် ယခုလအစောပိုင်းက ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုများ ထပ်မံချမှတ်မည့် ဥပဒေကြမ်းကို မိတ်ဆက်ခဲ့သည်။

ထရန့် သည် ရုရှားနှင့် ယူကရိန်းကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို သဘောတူထောက်ခံရန် ရက်သတ္တပတ်များစွာကြာ ဆော်သြခဲ့ပြီး သောကြာနေ့တွင် သဘောတူညီချက်သည် အဆုံးစွန်အထိ နီးကပ်လာနိုင်ကြောင်း ရုရှားနှင့် ယူကရိန်းတို့ကို “မြင့်မားသော ခေါင်းဆောင်အဆင့်” ဆွေးနွေးပွဲ အတွက် တွေ့ဆုံရန် တိုက်တွန်းခဲ့သည်။

သီတင်းပတ်အစောပိုင်းတွင် ထရန့်သည် ၂၀၁၄ ခုနှစ်တွင် ယူကရိန်း၏ အလိုဆန္ဒကို ဆန့်ကျင်သည့် ခရိုင်းမီးယားကို ရုရှားက ဆက်လက်ထိန်းချုပ်ထားနိုင်စေမည့် မည်သည့်ငြိမ်းချမ်းရေး သဘောတူညီချက်မျိုးကိုမဆို ပယ်ချသည့်အတွက် ဇလန်းစကီးကို ပြစ်တင်ရှုတ်ချခဲ့သည်။

ရောမမြို့တွင် ထရန့် နှင့်တွေ့ဆုံပြီးနောက် X တွင် ပို့စ်တစ်ခု၌ ဇလန်းစကီးက အမေရိကန်သမ္မတအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အစည်းအဝေးကို “ကောင်းမွန်ကြောင်း” နှင့် “ထူးခြားသည့်သင်္ကေတ” တစ် ခုဖြစ်သည်ဟု ခေါ်ဆိုခဲ့သည်။

ယူကရိန်းသမ္မတက “ကျွန်တော်တို့ လွှမ်းခြုံထားတဲ့အရာအားလုံးအတွက် ရလဒ်တွေကို မျှော်လင့်နေပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည် – “ကျွန်တော်တို့ရဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ခြင်း၊ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး အပြည့်အ၀နဲ့ ယုံကြည်စိတ်ချရပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးသည် နောက်ထပ်စစ်ပွဲ မဖြစ်ပွားအောင် တားဆီးပေးမည်” ဟု ပြောကြားခဲ့သည်။

ထရန့် နှင့် ဆွေးနွေးအမြင်ဖလှယ်မှုသည် ပူးတွဲရလဒ်များ ရရှိလာပါက သမိုင်းဝင် ဖြစ်လာနိုင်သည်ဟု ဇလန်းစကီးက ထပ်လောင်းပြောကြားခဲ့သည်။

စနေနေ့က သူ့၏ Truth Social တွင် ထရမ့်က သူ့ရှေ့က သမ္မတများဖြစ်ကြသည့် ဘားရက်အိုဘားမားနှင့် ဂျိုးဘိုင်ဒင်တို့ကို ရုရှားက ခရိုင်းမီးယားကို သိမ်းယူရန် ခွင့်ပြုခဲ့ခြင်းကို အပြစ်တင်ခဲ့သည်။

“ရုရှားက ခရိုင်းမီးယားကို တချက်မှ မပစ်ရဘဲ ယူကရိန်းကနေ ခိုးယူနိုင်ဖို့ အိုဘားမားက လုပ်ခဲ့တာပဲ၊” ဟု ထရန့် က ရေးသားခဲ့ပြီး နောက်ပိုင်းတွင် “ အိုဘားမား နဲ့ ဘိုင်ဒင် လက်ထက်က ကျန်ခဲ့တဲ့ အရှုပ်အထွေးတွေကို ကျွန်တော်က ရှင်းပစ်ဖို့ ကြိုးစားနေရတာပါ”ဟု ဆိုသည်။

ရောမတွင် ထရန့် နှင့် ဇလန်းစကီးတို့ ၏တွေ့ဆုံမှုသည် ဖေဖော်ဝါရီတွင် ယူကရိန်းသမ္မတ အိမ်ဖြူတော်သို့ လာရောက်လည်ပတ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမှုဖြစ်သည်။ ထိုလည်ပတ်မှုအတွင်း ဘဲဥပုံရုံးအစည်းအဝေးတွင် ထရန့်သည် ဇလန်းစကီးနှင့် ဒုသမတဂျေဒီဗန့်တို့အကြားတွင် စကားအခြေတင် ဖြစ်ခဲ့ရသည်။ ထရန့် နှင့်ဗန့်စ် မှ ဇလန်းစကီးသည် စစ်ပွဲတွင် အမေရိကန်၏ပံ့ပိုးမှုအတွက် လုံလောက်သော ကျေးဇူးတင်ပုံမရကြောင်း ပြစ်တင်ဝေဖန်ခဲ့ကြသည်။

ရောမမြို့၌ရှိစဉ် ဇလန်းစကီးသည်ဥရောပခေါင်းဆောင်များဖြစ်သည် ဗြိတိသျှဝန်ကြီးချုပ် ကီယာစတာမာနှင့် ပြင်သစ်ဝန်ကြီးချုပ် အီမန်နျူရယ် မက်ခရွန်တို့နှင့်လည်း တွေ့ဆုံခဲ့သည်။ မက်ခရွန်က ဇလန်းစကီးနှင့် “ယနေ့အလွန်အပြုသဘောဆောင်သော ဖလှယ်မှုများ” ရှိခဲ့ကြောင်း X တွင် ပြင်သစ်ဘာသာဖြင့် ရေးသားခဲ့သည်။

“ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ဆိုတာ သမ္မတထရန့် နဲ့ ကျွန်တော်တို့က မျှဝေထားတဲ့ ရည်မှန်းချက်ပါ။ ယူကရိန်းမှာ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးအတွက် အဆင်သင့်ဖြစ်နေပါပြီ။ ယူကရိန်းသမ္မတ ဇလန်းစကီးက ဒါကို အကောင်အထည်ဖော်ဖို့ အမေရိကန်နဲ့ ဥရောပသားတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ချင်ပါတယ်။ အခု သမ္မတပူတင်က ငြိမ်းချမ်းရေးကို တကယ်လိုလားကြောင်း သက်သေပြဖို့ပဲ လိုတာပါ” ဟု မက်ခရွန်က ပြောကြားခဲ့သည်။

ဇလန်းစကီးက စတာမာနှင့် သူ၏ ဆွေးနွေးမှုသည် “အပြည့်အဝ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး ထူထောင်ရန်နှင့် နောက်ထပ် လုံခြုံရေး အာမခံချက်များ ဖော်ဆောင်ရန် လိုအပ်သော အချက်များကို အာရုံစိုက်ဆွေးနွေးခဲ့သည်” ဟု ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 45 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 49 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 44 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 47 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 52 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက