နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ထိပ်တန်းခေါင်းဆောင်က အမေရိကန်သည် ၎င်း၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်ခြင်းမှာ အောင်မြင်မှုမရရှိခဲ့ဟုဆို

BBC သတင်း ၂၀၂၅ခုနှစ် ဂျွန်လ ၂၇ရက်

အင်္ဂါနေ့က အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပြီးနောက် ၎င်း၏ ပထမဆုံးသော လူသိရှင်ကြား မိန့်ခွန်းတွင် အီရန်၏ ထိပ်တန်းခေါင်းဆောင်က အမေရိကန်သည် ၎င်း၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်ခြင်းမှ အောင်မြင်မှုမရရှိခဲ့ဟု အခိုင်အမာ ပြောကြားခဲ့သည်။

.

အယာတိုလာအလီခါမီနီက အဆိုပါတိုက်ခိုက်မှုသည် အီရန်၏နျူကလီးယားအစီအစဉ်ကို နှောင့်ယှက်ရန် ထူးထူးခြားခြား တစ်စုံတစ်ရာ မအောင်မြင်ခဲ့ဘဲ ကာတာရှိ အမေရိကန် လေတပ်အခြေစိုက်စခန်းအား လက်တုံ့ပြန်ခြင်းသည် ပြင်းထန်သော ထိုးနှက်ချက်တခု ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အဆိုပါတိုက်ခိုက်မှုများသည် အီရန်၏နျူကလီးယားရည်မှန်းချက်များကို ဆိုးရွားစွာ ထိခိုက်စေခဲ့ကြောင်း ဝါရှင်တန်က ၎င်း၏အကဲဖြတ်မှု နှစ်ဆတိုးလာချိန်တွင် ထွက်ပေါ် လာခြင်းဖြစ်သည်။

အမေရိကန်နှင့် အစ္စရေးတို့ စုစည်းထားသော ထောက်လှမ်းရေးများက အဆိုပါ စစ်ဆင်ရေး သည် “နျူကလီးယား အစီအစဉ်ကို သိသိသာသာ ပျက်စီးစေပြီး နှစ်ပေါင်းများစွာ နောက်ပြန်ဆုတ်သွားသည်” ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်(Pete Hegseth) က ပြောကြားခဲ့သည်။

ယခင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နိုင်ငံအတွင်းရှိ အဓိကနျူကလီးယား နေရာသုံးခုကို တိုက်ခိုက်ခြင်းသည် ၎င်းတို့အား လုံးလုံးလျားလျား ချေမှုန်းခဲ့ကြောင်း ပြောကြားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုမှာ ခန့်မှန်းထားသည်ထက် ပိုမိုကျယ်ပြန့်နိုင်သည်ဟု အမည်မဖော်လိုသည့် အမေရိကန်အရာရှိများကို ကိုးကားပြီး ဒေါသတကြီးတုံ့ပြန်ခဲ့သည်။

ကြာသပတေးနေ့မနက်က ပြုလုပ်တဲ့ ပင်တဂွန်စစ်ဌာနချုပ် သတင်းစာရှင်းလင်းပွဲမှာ အကြီးတန်းဗိုလ်ချုပ်ကြီး ဒန်ကိန်း(Dan Caine) နဲ့ စကားပြောရာမှာ ဟက်ဆက် က မစ်ရှင်ဟာ “သမိုင်းဝင်အောင်မြင်မှု” ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး “[အီရန်]ရဲ့အနျူမြူ သန့်စင် တဲ့ အဆောက်အအုံတွေကို လုပ်ကိုင်လည်ပတ်လို့ မရတော့ဘူးလို့ ဆိုပါတယ်။

သတင်းထောက်များနှင့် မကြာခဏ စစ်ပွဲအခြေအနေကိုအလဲအလှယ်တင်ပြနေစဉ်တွင် အမေရိကန်သည် အားကောင်းသည့် ဘန်ကာဗုံးများဟု ခေါ်သည့် ဗုံးများဖြင့် အမေရိကန်က ပစ်မှတ်ထားခဲ့သည့် ဖော်ဒို မှ သန့်စင်ထားသော ယူရေနီယံများကိုထုတ်ယူသွားကြောင်း ဖော်ပြသည့် မည်သည့်ထောက်လှမ်းရေးကိုမျှ အမေရိကန်က သတိမပြုမိကြောင်းလည်း ဟက်ဆက်က ပြောကြားခဲ့သည်။

ဇွန် ၁၃ ရက်က အစ္စရေးနှင့် တိုက်ရိုက် ပဋိပက္ခ ဖြစ်ပွားပြီးကတည်းက လူအများ အမြင်အာရုံ မှပျောက်ကွယ်သွားခဲ့သည့် ခါမေနီသည် ကြာသပတေးနေ့ နံနက်တွင် ရုပ်မြင်သံကြားမှ မိန့်ခွန်း ပြောကြားခဲ့ပြီး တစ်ပတ်ကြာ လူထုအကြား တိတ်ဆိတ်နေမှုကို အဆုံးသတ်ခဲ့သည်။

ထိပ်တန်းခေါင်းဆောင်သည် ဘန်ကာထဲတွင် ခိုလှုံနေပြီး ဆက်သွယ်ရေးကို ကန့်သတ် ထားသောကြောင့် ၎င်း၏ဘယ်မှာရှိနေကြောင်း ထင်ကြေးပေးမှုများ ဖြစ်ပေါ်စေခဲ့သည်။ အီရန်အာဏာပိုင်များသည် ကြာသပတေးနေ့တွင် သူပြောနေသည့်နေရာကို ထုတ်ဖော် ပြောကြား ခြင်းမရှိသော်လည်း အကြီးတန်းအရာရှိတစ်ဦးက ယခုသီတင်းပတ်အစောပိုင်းတွင် လုံခြုံသောနေရာတွင် ရှိနေကြောင်း ဝန်ခံထားသည်။

အယာတိုလာအလီခါမီနီ က အဆိုပါတိုက်ခိုက်မှုသည် အီရန်၏နျူကလီးယားအစီအစဉ်ကို နှောင့်ယှက်ရန် ထူးထူးခြားခြား တစ်စုံတစ်ရာ မအောင်မြင်ခဲ့ဘဲ အီရန်ကို နောက်ထပ် တိုက်ခိုက်မှုများကို ထပ်မံပြုလုပ်လာပါကအရှေ့အလယ်ပိုင်းတွင်ရှိ အမေရိကန် လေတပ်အခြေစိုက်စခန်းများအား ပြင်းထန်သော လက်တုံ့ပြန်ခြင်းကို ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီးအီရန်သည် အစ္စရေးနှင့်အမေရိကန်တို့အပေါ် အနိုင်ရခဲ့ကြောင်း ဆိုခဲ့သည်။

ခါမီနီက ထရန့်သည် အဆိုပါ အီရန်၏နျူကလီးယားရည်မှန်းချက်များကို ဆိုးရွားစွာ ထိခိုက်စေခဲ့ကြောင်း ပြောကြားမှုသည်ချဲ့ကားပြောဆိုခဲ့ခြင်းဖြစ်ပြီး “သူတို့ဘာတခု ကိုမှပြီးမြောက်အောင်မလုပ်နိုင်ခဲ့သလို ဘာရည်မှန်းချက် ကိုမှလည်း အောင်မြင်မှု မရရှိခဲ့ပါဘူး” ဟုဆိုခဲ့သည်။

ကာတာရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းကို တိုက်ခိုက်မှုကို ကိုးကားပြီး ခါမေနီက “ဒီဖြစ်ရပ်ဟာ အနာဂတ်မှာ ထပ်ခါတလဲလဲဖြစ်နိုင်ပြီး တိုက်ခိုက်မှုတစ်ခုခုဖြစ်ရင် ရန်သူနဲ့ ရန်လိုသူတွေအတွက် ကုန်ကျစရိတ်က ကြီးကြီးမားမားရှိမှာ သေချာပါတယ်ဟုဆိုခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း မည်သူမျှ မသေဆုံးကြောင်း ထရန့် က ပြောကြားခဲ့ပြီး ယင်းတိုက်ခိုက်မှုကို မစတင်မီ အီရန်မှ ကြိုတင်အသိပေးထားခဲ့သည်ဟုသိရသည်။ အခြေစိုက်စခန်း မပျက်စီးဘူးလို့ အမေရိကန်က ပြောခဲ့သည်။

ဘီဘီစီ၏ အမေရိကန်မိတ်ဖက်ဖြစ်သော CBS News က အိမ်ဖြူတော်သည် အီရန်အား စေ့စပ်ညှိနှိုင်းရေး စားပွဲသို့ ပြန်လည်ဆွဲဆောင်ရန် အရပ်သားများကို ကူညီထောက်ပံ့ရေး ၊ နျူကလီးယားသန့်စင်သည့် အစီအစဉ်မဟုတ် သည့်နျူကလီးယားကိုအများအကျိုးအတွက် ရန်ပုံငွေ ပံ့ပိုးပေးခြင်း အပါအဝင်ကိစ္စတို့ကိုဆွေးနွေးသွားကြမည်ဖြစ်သည်။

သို့သော်လည်း အမေရိကန်နှင့် ဆွေးနွေးရန် စီစဉ်ထားခြင်းမရှိကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးက ကြာသပတေးနေ့တွင် အီရန်နိုင်ငံပိုင် ရုပ်သံသို့ ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက “ မရပ်တန့်ပါက အီရန်သည် အချိန်တိုအတွင်း နျူကလီးယားလက်နက် ထုတ်လုပ်နိုင်သည်” ဟု ပြောကြားပြီးနောက် ဇွန် ၁၃ ရက်တွင် အီရန်နှင့် အစ္စရေးတို့ကြား တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့သည်။

တိုက်ခိုက်မှုမဖြစ်ခင်တရက်စောပြီး ကမ္ဘာ့နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ရဲ့ အုပ်ချုပ်ရေးမှူးတွေက အီရန်ဟာ အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် သူ့ရဲ့ မပြန့်ပွားရေးတာဝန်တွေကို ချိုးဖောက်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

အီရန်နိုင်ငံက ၎င်း၏နျူကလီးယားအစီအစဉ်သည် အရပ်ဘက် ရည်ရွယ်ချက် တစ်ခုတည်း အတွက်သာဖြစ်ပြီး နျူလက်နက်ထုတ်လုပ်ရန် မည်သည့်အခါမျှ မကြိုးပမ်းခဲ့ကြောင်း ဆိုခဲ့ သည်။

အီရန်နိုင်ငံသည် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) နှင့် ပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်ရန် တောင်းဆိုသည့် ပါလီမန်လွှတ်တော်ဥပဒေကြမ်းကို ကြာသပတေးနေ့တွင် အတည်ပြုခဲ့ပြီး ၎င်းသည် ၎င်း၏နေရာများတွင် နျူကလီးယားစစ်ဆေးရေးမှူးများကို စစ်ဆေးခွင့်ပြုမည်ဟု ကတိမပေးတော့ပေ။

လေကြောင်းတိုက်ခိုက်မှု ၁၂ ရက်အတွင်း လူ ၆၁၀ သေဆုံးခဲ့ကြောင်း အီရန်ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပြီး အစ္စရေးအာဏာပိုင်များထံကအစ္စရေး ၂၈ ဦး သေဆုံး ခဲ့ကြောင်း သိရသည်။

ထရမ့်သည် အစ္စရေးနှင့် အီရန်အကြား အပစ်အခတ်ရပ်စဲရေးကို လျင်မြန်စွာ ဖျန်ဖြေရန် မကြိုးပမ်းမီ ဖော်ဒို(Fordo)၊ နက်တန့်ဇ်(Natanz) နှင့် အစ်ဖာဟန် (Isfahan) ရှိ နျူကလီးယား အဆောက်အအုံများကို အမေရိကန်က ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် တိုက်ရိုက်ပါဝင် တိုက်ခိုက် ခဲ့သည်။

ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေး အဖွဲ့ အကြီးအကဲ ရာဖယ် ဂရော့စီ(Rafael Grossi) က တီဟီရန်သည် တိုက်ခိုက်မှု ဖြစ်လာနိုင်သောကြောင့် ၎င်း၏ မြင့်မား ကြွယ်ဝသော ယူရေနီယံ အများအပြားကို အခြားနေရာသို့ ရွှေ့ပြောင်းထားရန် အခွင့်အလမ်း ရှိနေကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

အယာတိုလာအလီခါမီနီ

ကာကွယ်ရေးဦးစီးချုပ် ဒင်ကိန်း

ကာကွယ်ရေးဝန်ကြီးပိဟက်ဆက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 5 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 13 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 43 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 33 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း