နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ထရန့်သည်အပစ်အခတ်ရပ်စဲရေးလုပ်ရန်ရုရှားကိုပေးထားသည့်ရက်ကို တိုတောင်းပစ်ခဲ့သည်။

ဇူလိုင်လ (၂၈) ရက်။

အပစ်အခတ်ရပ်စဲရေး နောက်ဆုံးရက်အဖြစ် ပူတင်ကို ၁၀ ရက်မှ ၁၂ ရက်အတွင်း လုပ်ရန်အချိန် ပေးထားကြောင်း ထရန့်က ပြောကြားခဲ့သည်။
ယူကရိန်းနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် သဘောတူရန် ရုရှားသမ္မတ ဗလာဒီမာပူတင်အတွက် သတ်မှတ်ထားသည့် ရက် ၅၀ ကို လျှော့ချပြီး ၁၀ ရက်မှ ၁၂ ရက်အတွင်း လုပ်ရန် သမ္မတ ဒေါ်နယ်ထရန့်က တနင်္လာနေ့တွင် ပြောလိုက်သည်။

“ ဟုတ်ပါတယ်၊ ဒီနေ့ကနေစပြီး ၁၀ရက် ဒါမှမဟုတ် ၁၂ ရက်လောက်အတွင်း နောက်ဆုံး သတ်မှတ်ရက် အသစ်လုပ်မယ်” ဟု စကော့တလန်၊ Turnberry ရှိ သူ၏ဂေါက်ရိုက် အပန်းဖြေ စခန်းမှ ယူကေ ၀န်ကြီးချုပ် ကီရာစတာမာ (Keir Starmer) နှင့်တွေ့ဆုံစဉ် ထရန့် မှ သတင်းထောက်များအား ပြောကြားခဲ့သည်။

“စောင့်နေစရာ အကြောင်းမရှိပါဘူး” ဟု သမ္မတက ထပ်လောင်းပြောသည်။ “ကျွန်တော်က ရက်ရောသဘောကောင်းချင်ပေမယ့် ဘာမှတိုးတက်လာတာကျွန်တော်တို့ မတွေ့ရဘူး။”

ထရန့်သည်ပူတင်အပေါ်ဒုတိယအခွန်စည်းကြပ်မှုများလုပ်ရန်ခြိမ်းခြောက်ခဲ့သည်၊ “ ၎င်းသည်ပိတ်ဆို့မှုများဖြစ်နိုင်ပြီးအကောက်ခွန်များ၊ ဒုတိယအခွန်အခများဖြစ်နိုင်သည်” ဟုပြောခဲ့သည်။ သမ္မတက “ကျွန်တော် ရုရှားကို အဲဒီလို မလုပ်ချင်ဘူး” ဟု ဆိုခဲ့သည်။

“ ယေဘူယျအနေနဲ့တွေးမယ်ဆိုရင် မင်းက သဘောတူညီမှချက်ကို မလုပ်ချင်ဘူး” ဟု ထရမ့်က ရုရှားသမ္မတကို ရည်ညွှန်းပြောဆိုခဲ့ပြီး “ ဘာဖြစ်မယ်ဆိုတာကို စောင့်ကြည့်လိုက်ကြရအောင်ပေါ့”

အစောပိုင်းတွင် ထရန့်က သူသည် ပူတင်အားရက်ပေါင်း ၅၀ပေးထားခြင်းကို လျော့ချ၍ တိုတောင်းသည့်ရက်ကို သတ်မှတ်မည်ဟုဆိုပြီး ဘာကြောင့် ယခုလို လျှော့ချရသလဲဆိုရင် “ ငါက အဖြေကို သိနေပြီလို့ ထင်တာကြောင့်ပါ” ဟု ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ အကြိမ်ပေါင်းများစွာ သဘောတူဖြေရှင်းနိုင်ခဲ့တယ်လို့ ကျွန်တော်တို့ ထင်နေခဲ့ကြပြီးတဲ့နောက်မှာ သမ္မတပူတင်ဟာ ကိ့ဗ် (Kyiv) လိုမျိုး မြို့အချို့ကို ဒုံးကျည်တွေနဲ့ စတင်ပစ်ခတ်ခဲ့ပြီး ဘိုးဘွားရိပ်သာနဲ့ တခြားနေရာမှာရှိတဲ့ လူအများအပြားကို သတ်ဖြတ်ခဲ့တယ်” ဟု ထရန့်က တနင်္လာနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။

CNN သတင်း။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 5 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 8 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းရန် တောင်းဆိုလိုက်ခြင်းသည် ပေကျင်းအတွက် အကျိုးရှိသွားစေနိုင်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် တရုတ်သတင်း ရင်းမြစ်အချို့က
ကနေဒါ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ရုရှား၊ တရုတ်နှင့် အမေရိကန် – အီရန်စစ်ပွဲ၏ ကမ္ဘာ့အကျိုးအမြတ်ရရှိသူများနှင့် အရှုံးပေါ်သူများ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 27 Views
BBC- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများသည် ပဋိပက္ခကြောင့် ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုနှင့်အတူ ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ယော့ခ်ရှိုင်းယား (Yorkshire) ရှိ နေအိမ်များအတွက်
နိုင်ငံတကာသတင်း အမေရိကန်

လွှတ်တော်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌက အက်ပ်စတိန်း (Epstein) စုံစမ်းစစ်ဆေးမှု အတွက် ရှေ့နေချုပ် ပမ် ဘွန်ဒီ (Pam Bondi) ကို ဆင့်ခေါ်

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 25 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် လွှတ်တော်ကြီးကြပ်ရေးကော်မတီ (House Oversight Committee) ဥက္ကဋ္ဌ ဂျိမ်းစ် ကိုးမား (James Comer) သည် ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein)
နိုင်ငံတကာသတင်း အမေရိကန်

တရားသူကြီးများအပေါ် ရန်လိုတိုက်ခိုက်မှုများ ‘ရပ်တန့်ရန် လိုအပ်ပြီ’ ဟု တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 23 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် တရားစီရင်ရေးကဏ္ဍအပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများ မပြုလုပ်ရန် တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် (John Roberts) က သတိပေးလိုက်ပြီး၊ တရားရုံး၏ ဆုံးဖြတ်ချက်များအပေါ် ဝေဖန်ခြင်းမှာ သင့်လျော်သော်လည်း
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်အစိုးရ၏ လုပ်ရပ်များကြောင့် အစ္စရေး၏ ကျဆင်းနေပြီးသား ပုံရိပ်ကို မည်သို့ ထိခိုက်စေနိုင်သနည်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်နှင့် အစ္စရေး ဆက်ဆံရေးအတွက် မကောင်းသော အချိန်အခါမျိုးတွင် အစ္စရေးနှင့် ပူးပေါင်းကာ အီရန်စစ်ပွဲကို စတင်ခဲ့သည်။ ပထမဆုံး တိုက်ခိုက်မှုများ မပြုလုပ်မီ တစ်ရက်အလိုတွင် Gallup