နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ ခမရ(၅၃၁)တပ်က အရာခံဗိုလ်တစ်ဦး လက်နက်နဲ့အတူ ဘက်ပြောင်းခိုလှုံ

ဇန်နဝါရီလ (၂၉)ရက်။

ဇန်နဝါရီလ (၂၇)ရက်နေ့က ဖရူဆိုအခြေစိုက် စစ်ကောင်စီရဲ့ ခမရ(၅၃၁)တပ်က အရာခံဗိုလ်တစ်ဦး လက်နက်နဲ့အတူ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ဘက်ပြောင်းခိုလှုံလာတဲ့ အရာခံဗိုလ်က စစ်မှုထမ်းလုပ်သက် နှစ်(၄၀)ကျော်ရှိပြီ။ သူက လက်နက်နဲ့အတူ KNDF ထံ ထွက်ပြေးရောက်ရှိလာပြီး ဘက်ပြောင်းခိုလှုံလာတာ” လို့ ဆိုပါတယ်။

ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီအရာခံဗိုလ်ဟာ စစ်မှုထမ်းလုပ်သက် နှစ်(၄၀)ကျော်ရှိပြီဖြစ်ကာ မတရားတဲ့လုပ်ရပ်တွေနဲ့ အာဏာရှင်စနစ်ဆိုးအောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်လိုတာကြောင့် ထွက်ပြေးခိုလှုံလာတာလို့ ဖော်ပြထားပါတယ်။

ထွက်ပြေးရောက်ရှိလာတဲ့ အရာခံဗိုလ်ဟာ သူနဲ့အတူ MA-3 သေနတ်တစ်လက်အပါအဝင် ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဘက်ပြောင်းခိုလှုံလာကာ ကောင်းမွန်လုံခြုံစွာ စောင့်ရှောက်ထားတယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေအနေနဲ့ ကျန်ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေ စစ်အာဏာရှင်လူတစုရဲ့ အကျိုးစီးပွားအတွက် ရပ်တည်မယ့်အစား အခုလို စစ်ကောင်စီတပ်သားကနေ အချိန်မီစွန့်ခွာပြီး ပြည်သူထံခိုလှုံကာ ဂုဏ်သိက္ခာရှိစွာနဲ့ ရှင်သန်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒါရိုက်တာ မိုက်တီးနဲ့ သရုပ်ဆောင် (၂)ဦးကို ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ထောင် (၇)နှစ်စီချခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 36 Views
နိုဝင်ဘာလ (၃၀)ရက်။ ဒါရိုက်တာ မိုက်တီး၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို စစ်တပ်က ထောင် (၇)နှစ်စီ ချမှတ်ခဲ့ရတယ်လို့
မြန်မာသတင်း

မိုးကုတ်မြို့ထဲ စစ်ကော်မရှင်တပ်တွေ ဝင်ရောက်လာ၊ 

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 39 Views
တိုက်ပွဲပြန်ဖြစ်မှာ စိုးရိမ်တာကြောင့် မြို့ခံအားလုံးနီးပါး တိမ်းရှောင်နေပြီး တိတ်ဆိတ်ခြောက်ကပ်နေ နိုဝင်ဘာလ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်ကစပြီး မန္တလေးတိုင်း မိုးကုတ်မြို့ထဲကို စစ်ကော်မရှင်တပ်တွေ
မြန်မာသတင်း

မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းနိုင်ခဲ့တဲ့အပေါ် NUG ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 37 Views
နိုဝင်ဘာလ (၃၀)ရက်။ မန္တလေးလွှတ်တော်က မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ အတည်ပြုဖွဲ့စည်းနိုင်ခဲ့တဲ့အပေါ် NUG က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ မန္တလေးလွှတ်တော်ရဲ့ ပထမအကြိမ်အစည်းအဝေးမှာ မန္တလေးကြားကာလအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပေးခဲ့တာနဲ့ ကောင်စီဝင်တွေက ကတိသစ္စာပြုခဲ့တာတို့ကို
မြန်မာသတင်း

“အမေရိကန်ဖိအားနဲ့ TPSနဲ့နေထိုင်တဲ့မြန်မာတွေရဲ့ဘဝ”

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 37 Views
“တရုတ်ဖိအားနဲ့ မြစ်ဆုံ ရေကာတာပြန်စတော့မဲ့စိုးရိမ်ချက်” ဒီအပတ်တနင်္ဂနွေနေ့မှာ အမေရိကန်နိုင်ငံမှာ ယာယီကာကွယ်စောင့်ရှောက် ထားရေး အစီအစဥ် (TPS)နဲ့ ရောက်လာတဲ့မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံတော်တော် များများက ပြည်သူများကို ပေးအပ်ထားတဲ့အခွင့်အရေးကိုရုတ်သိမ်းလိုက်ပြီလို့ အမိမြေလုံခြုံရေး ဝန်ကြီး ဌာနက ထုတ်ပြန်ပြောကြားလာပါတယ်။ ဒီကိစ္စဟာဘယ်လိုဖြစ်လာသလဲအမေရိကန်နိုင်ငံမှာရောက်နေတဲ့ TPS
မြန်မာသတင်း

ကျောက်မဲမြို့မှာ စစ်ကော်မရှင်တပ်နဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ SSPP ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 30 Views
နိုဝင်ဘာလ (၂၉)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီကျော်အချိန်က ကျောက်မဲမြို့ ပုံဝိုးကျေးရွာအနီး စစ်ကော်မရှင်တပ်နဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ SSPP/SSA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ SSPP တပ်စခန်းရှိတဲ့ ပုံဝိုးရွာအနီး တောထဲတနေရာကို စစ်ကော်မရှင်တပ်က
မြန်မာသတင်း

ခင်ဦးနယ်တိုက်ပွဲထဲ သေဆုံးသွားတဲ့ စစ်ကော်မရှင်တပ်သားတွေရဲ့ ရုပ်အလောင်းတွေကို တော်လှန်ရေးရဲဘော်တွေ မီးရှို့သင်္ဂြိုလ်ပေးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 42 Views
နိုဝင်ဘာလ (၂၉)ရက်။ ခင်ဦးနယ်တိုက်ပွဲထဲ သေဆုံးသွားတဲ့ စစ်ကော်မရှင်တပ်သားတွေရဲ့ ရုပ်အလောင်းတွေကို တော်လှန်ရေးအင်အားစုတွေက မီးရှို့သင်္ဂြိုလ်‌ခဲ့ရတယ်လို့ မြို့နယ်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခင်ဦးနယ် မုံလှရွာထဲ (၈)ရက်ကြာ ယာယီအထိုင်ချတပ်စွဲနေတဲ့ စစ်ကော်မရှင်တပ်တွေဟာ ထိတွေ့တိုက်ပွဲတွေကနေ မုံလှရွာကို ထွက်ပြေးဆုတ်ခွာသွားခဲ့ကြတယ်လို့
မြန်မာသတင်း

မြင်းခြံမှာ ပြန့်ကျဲနေတဲ့ PDF တပ်ရင်းတပ်ဖွဲ့တွေကို စုစည်းပြီး ခရိုင်အထူးလှုပ်ရှားစစ်ကြောင်း ဖွဲ့စည်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 32 Views
နိုဝင်ဘာလ (၂၉)ရက်။ မြင်းခြံခရိုင်ထဲရှိ တပ်ရင်းတပ်ဖွဲ့တွေကို စုစည်းပြီး ခရိုင်အထူးလှုပ်ရှားစစ်ကြောင်း ဖွဲ့စည်းခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခရိုင်အထူးလှုပ်ရှားစစ်ကြောင်းကို မြင်းခြံခရိုင်ထဲရှိ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို စစ်အုပ်စုရန်က ကာကွယ်ပေးဖို့နဲ့ ပြန့်ကျဲနေတဲ့
မြန်မာသတင်း

ကျောက်တော်မြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးငယ်အပါအဝင် (၇)ဦးသေဆုံးပြီး (၁၀)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 33 Views
နိုဝင်ဘာလ (၂၉)ရက်။ မနေ့က နံနက် (၁၀)နာရီ (၄၀)မိနစ်အချိန်က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ ကြောင်ဖိုရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကြောင်ဖိုရွာ ဗုံးကြဲခံရတာမှာ