နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

အမေရိကန်သမ္မတ ပူတင်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ပြောဆိုပြီးနောက် ထရမ့်သည် ယူကရိန်းအကြောင်း လုံလောက်စွာ အသိပေးခြင်း မရှိသေးကြောင်း ကရင်မလင် ထိပ်တန်းလက်ထောက်က ပြောကြားခဲ့သည်။

မေလ ၂၈ ရက်

ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်ကို “မီးနဲ့ကစားနေတယ်” လို့ အမေရိကန်သမ္မတက ပြောပြီးနောက် ယူကရိန်းမှာ အခြေအနေတွေကို လုံလောက်တဲ့ အသိပေးမှု မရှိဘူးလို့ ကရင်မလင် ထိပ်တန်းလက်ထောက်တစ်ဦးက စွပ်စွဲလိုက်ပါတယ်။

ထရန့်ရဲ့ Truth Social ပို့စ်မှာ ရေးသားခဲ့တဲ့ “ သမ္မတဗလာဒီမာပူတင် နားမလည်တာက ဒီကိစ္စဟာ ကျွန်တော်တို့အကျိုးအတွက်သာ မဟုတ်ဘူးဆိုရင်၊ ရုရှားနိုင်ငံအတွက် တကယ်ဆိုးရွားတဲ့ ဖြစ်ရပ်များစွာ ဖြစ်သွားခဲ့မှာ ဖြစ်တယ်၊ ကျွန်တော် ဆိုလိုတာက တကယ့်ကို ဆိုးဆိုးဝါးဝါး ဖြစ်မှာကို ဆိုလိုတယ်။ သူကမီးနဲ့ကစားနေတယ်။” ဆိုတာကို ပူတင်ရဲ့လက်ထောက် ယူရီ ဥရှကော့ဗ် (Yury Ushakov) က အင်္ဂါနေ့မှာ တုံ့ပြန်ခဲ့ပါတယ်။

ယခုနှစ် အစောပိုင်းက အမေရိကန်အရာရှိများနှင့် တွေ့ဆုံရန် မော်စကိုက ဆော်ဒီအာရေးဗီးယားသို့ စေလွှတ်ခဲ့သော စေ့စပ်ညှိနှိုင်းရေးအဖွဲ့တွင် ပါဝင်ခဲ့သည့် ဝါရှင်တန်ဆိုင်ရာ ရုရှားသံအမတ်ဟောင်း ဥရှကော့ဗ် (Ushakov) က ထရန့်လက်ခံရရှိသည့် သတင်းအချက်အလက်များ၏ တိကျမှန်ကန်မှုကို မေးခွန်းထုတ်ခဲ့သည်။

“ ထရန့်က အကြောင်းအရာတွေ အများကြီး ပြောနေတာ၊ ထုံးစံအတိုင်း၊ ဒါတွေအားလုံးကိုဖတ်ပြီး စောင့်ကြည့်နေပါတယ်။ ဒါပေမယ့် နည်းမျိုးစုံနဲ့ ရုရှ-ယူကရိန်း ထိပ်တိုက်တွေ့မှုတွေမှာ အမှန်တကယ် ဖြစ်ပျက်နေတာကို နိဂုံးချုပ်အနေနဲ့ မှတ်ချက်ချရရင် ထရန့်က လုံလောက်တဲ့ အသိပေးမှု မရှိဘူးလို့ အဖြေထွက်ပါတယ်” ဟု ဥရှကော့ဗ်က ရုရှားနိုင်ငံပိုင် တီဗီချန်နယ် Russia-1 ကို ပြောကြားခဲ့ပါတယ်။

ဥရှကော့ဗ်က ထရန့်ဟာ “ ယူကရိန်းက မကြာခဏ ကြီးမားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ငြိမ်းချမ်းစွာ ရှိနေတဲ့ ရုရှားမြို့တွေကို တိုက်ခိုက်နေတာကို သတိထားမိပုံ မပေါ်ကြောင်း” ထရန့်က ရုရှားရဲ့ တိုက်ခိုက်မှုကိုသာမြင်ပြီး မော်စကိုက ယူကရိန်းရဲ့ “ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေနဲ့ စစ်ဘက်ဆိုင်ရာ စက်မှုဇုန်တွေကိုသာ သီးသန့်တိုက်ခိုက်နေတာ ဖြစ်တယ်” လို့ လွဲမှားတွေ့အချက်ကို ထောက်ပြ ပြောဆိုထားပါတယ်။

ဥရှကော့ဗ်ရဲ့ မျက်နှာသာပေးခံရတဲ့ ကရင်မလင် သတင်းထောက်တစ်ဦးထံ ပြောကြားခဲ့တဲ့ မှတ်ချက်က ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် (Dmitry Peskov) က သတင်းထောက်တွေ နဲ့ တွေ့ဆုံစဉ် ထရန့်ရဲ့ ပြောဆိုချက်အပေါ် မှတ်ချက်ပေးဖို့ ငြင်းဆိုပြီးနောက်မှ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကိုသာ တိုက်ခိုက်ခြင်းဖြစ်တယ်ဆိုတဲ့ ရုရှားရဲ့ ပြောဆိုချက်ဟာ လုံးဝမမှန်ကန်ဘဲ မကြာသေးမီက ယူကရိန်းမြို့ကြီးတွေမှာ အရပ်သားပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုကို ပြင်းထန်စွာ လုပ်ဆောင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ရက်သတ္တပတ် အနည်းငယ်အတွင်း ရုရှားဘက်ကနေ ဒရုန်းနဲ့ ဒုံးကျည်တွေသုံးပြီး လူနေရပ်ကွက်တွေကို တိုက်ခိုက်မှုကြောင့် အရပ်သားဒါဇင်နဲ့ချီ သေဆုံးခဲ့ရပါတယ်။

ယူကရိန်းလေတပ်ရဲ့ အချက်အလက်ကို အသုံးပြုပြီး CNN က စုစည်းထားတဲ့ ကိန်းဂဏန်းတစ်ခုအရ ရုရှားက စတင်ခဲ့တဲ့ အကြီးဆုံး ဒရုန်းတိုက်ခိုက်မှု ငါးခုအနက် လေးခုဟာ ပြီးခဲ့တဲ့သီတင်းနှစ်ပတ်အတွင်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

သီတင်းပတ်ကုန်က ရုရှားလေကြောင်းတိုက်ခိုက်မှုအတွင်း မိသားစုတစ်စုမှ ကလေးသုံးဦးအပါအဝင် အရပ်သား ၁၄ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

မွေးချင်း ၃ ဦးဖြစ်သည့် အသက် ၈ နှစ်အရွယ် စတိန်နိစလပ်ဗ် မာတင်ညူ့ (Stanislav Martyniuk) ၊ အမဖြစ်သူ ၁၂ နှစ်အရွယ် တာမရာ (Tamara) နဲ့ အကိုအကြီးဆုံး အသက် ၁၇ နှစ်အရွယ် ရိုမန် (Roman) တို့အတွက် ဈာပနကို ယူကရိန်းအလယ်ပိုင်းရှိ ကိုရိုစတစ်ရှုဗ် (Korostyshiv) မှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ပါတယ်။

ရာနှင့်ချီတဲ့ လူအများအပြားဟာ သူတို့ရဲ့ အဖြူရောင်ခေါင်းတလားကို သယ်ဆောင်လာတဲ့အချိန် မြို့ရင်ပြင်မှာ မျက်ရည်တွေနဲ့ ပြည့်လျှံသွားခဲ့ပါတယ်။ မောင်နှမသုံးဦး သင်ယူခဲ့တဲ့ ဒေသခံ ဂီတကျောင်းတစ်ကျောင်းက သူတို့အတွက် “နောက်ဆုံးခေါင်းလောင်း” ကို တီးခတ်ကာ သူတို့ရဲ့ နောက်ဆုံးစာသင်နှစ်ကုန်မှာ ကျောင်းဆင်းမယ့် ကျောင်းသားတွေအတွက် တီးပေးတဲ့ ရိုးရာခေါင်းလောင်းသံကို တီးခတ်ပြီး ဦးညွှတ်ခဲ့ကြပါတယ်။

ယူကရိန်းအပေါ် အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုဖြစ်တဲ့ မာတင်ညူ့ ကလေးတွေကို ရုရှားက ပစ်သတ်ခဲ့တဲ့ တိုက်ခိုက်မှုအပြီးမှာ ထရမ့်က ရုရှားခေါင်းဆောင်ကို လုံးဝ ရူးသွပ်သွားပြီလို့ စွပ်စွဲခဲ့ပါတယ်။

“ ရုရှားက ဗလာဒီမာပူတင်နဲ့ ကျွန်တော် အမြဲတမ်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်၊ ဒါပေမယ့် တစ်ခုခုတော့ ဖြစ်သွားတယ်။ သူက လုံးဝကို ရူးသွားပြီ။ သူက လူတွေကို မလိုအပ်ဘဲ သတ်နေတာ၊ စစ်သားတွေအကြောင်း ပြောနေတာ မဟုတ်ပါဘူး။ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ယူကရိန်းမြို့ကြီးတွေကို ပစ်ပြီး ဘာအကြောင်းပြချက်မှ မရှိဘဲ လူတွေကို သတ်နေတယ်၊ ” ဟု ထရန့်က Truth Social မှာ ရေးသားခဲ့ပါတယ်။

ရုရှားသမ္မတဟောင်းနဲ့ ဝန်ကြီးချုပ်အဖြစ်ကနေ လုံခြုံရေးအရာရှိဖြစ်လာသူ ဒီမီထရီ မက်ဗီဒက်က ထရန့်ရဲ့ ခြိမ်းခြောက်မှုကို “ ကျုပ်က တကယ်ဆိုးတဲ့အရာတစ်ခုကိုပဲ သိတယ်။ ဒါက တတိယကမ္ဘာစစ်ပဲ ထရန့်နားလည်မယ်လို့ ကျုပ်မျှော်လင့်ပါတယ်။” လို့ ပြောလိုက်ပါတယ်။

ပူတင်က သမ္မတတာဝန်ထမ်းဆောင်နိုင်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ကန့်သတ်ချက်ကြောင့် သမ္မတအဖြစ်ကနေ နုတ်ထွက်ခဲ့ရချိန်မှာ မက်ဗီဒက်က သမ္မတအဖြစ် ထမ်းဆောင်ခဲ့ပြီး ပူတင်က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။ ပူတင်က ဥပဒေပါကန့်သတ်ချက်ကို ဖျက်သိမ်းခဲ့ပြီးနောက် တစ်သက်လုံး သမ္မတဖြစ်နိုင်တဲ့ အာမခံမှုကို ရရှိခဲ့ပါတယ်။

ရုရှားနိုင်ငံ၏ ၀န်ကြီးချုပ်ဟောင်းနှင့် သမ္မတအဖြစ် မက်ဗီဒက်သည် တစ်ချိန်က သြဇာအရှိဆုံး ရုရှားအရာရှိများထဲမှာ ပါဝင်ခဲ့သော်လည်း မကြာသေးမီနှစ်များအတွင်းမှာတော့ လူမှုမီဒီယာတွေမှာ အမုန်းပွားမှုနဲ့ ဝါဒဖြန့်မှုတွေကြောင့် လူသိများလာခဲ့ပါတယ်။

ထရမ့်ရဲ့ ယူကရိန်းနဲ့ ရုရှားနိုင်ငံဆိုင်ရာ အထူးသံတမန် Keith Kellogg က မက်ဗီဒက်ရဲ့ မှတ်ချက်တွေကို “မဆင်မခြင်” ပြောဆိုမှုလို့ ခေါ်ခဲ့ပါတယ်။

“တတိယကမ္ဘာစစ်နဲ့ ခြောက်လှန့်ပြီး ကြောက်ရွံ့ထိတ်လန့်စေခြင်းဟာ မပြောသင့်တဲ့ ထင်ရာစိုင်းတဲ့ မှတ်ချက်တစ်ခု ဖြစ်ပါတယ်” လို့ X မှာ ရေးသားခဲ့ပြီး အမေရိကန်ဟာ ရုရှားရဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 31 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ