နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ကုန်ပစ္စည်းတွင် စည်းကြပ်ခွန်အတွက်ကုန်ကျစရိတ်ကို ဖော်ပြမည့် အမေဇုန်ပြောဆိုချက်ကြောင့် ထရန့်ဒေါထွက်

++++++++++++++++++

ဧပြီလ (၃၀) ရက်။

အမေရိကန် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလဲဗစ်ထ်က ဧပြီ ၂၉ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ အတည်မပြုရသေးသော အမေရိကန် အွန်လိုင်းလက်လီရောင်းချရေး ထိပ်တန်းကုမ္ပဏီကြီး အမေဇုန် (Amazon) က ကုန်ပစ္စည်းအရောင်းဈေးနှုန်းတွင် ထပ်တိုးကောက်ခံသည့် စည်းကြပ်အခွန်ကုန်ကျစရိတ်အား ဖော်ပြရန် စီစဉ်ထားသည့်လုပ်ရပ်သည် “ရန်လိုပြီး နိုင်ငံရေးအရ တိုက်ခိုက်တဲ့လုပ်ရပ် ဖြစ်တယ်” ဟု ဝေဖန်ပြောကြားခဲ့သည်။

အမေဇုန်သည် စားသုံးသူများထံ ကုန်ပစ္စည်းတိုင်း၏ ဈေးနှုန်းတွင် စည်းကြပ်ခွန်ကြောင့် ထပ်တိုးလာသောစရိတ်ကို ဖော်ပြသွားမည်ဖြစ်ကြောင်း၊ ထိုငွေပမာဏကို ကုန်ပစ္စည်း၏ စုစုပေါင်းဈေးနှုန်းနှင့် အတူ ဖော်ပြမည်ဖြစ်ကြောင်း ဧပြီ ၂၉ ရက် အစောပိုင်းက Punchbowl News သတင်းဝက်ဘ်ဆိုက်တွဖော်ပြခဲ့သည်။

အမေဇုန်စီစဉ်မည့်လုပ်ရပ်သည် “ရန်လိုပြီး နိုင်ငံရေးအရတိုက်ခိုက်တဲ့လုပ်ရပ်” ဖြစ်ကြောင်းနှင့် ဘိုင်ဒန်အစိုးရက ငွေကြေးဖောင်းပွမှုကို နှစ် ၄၀ အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိအောင် လုပ်ဆောင်ခဲ့စဉ်က “အမေဇုန်က ဘာလို့ ဒီလိုမလုပ်တာလဲ” ဟု သူမက မေးခွန်းထုတ်ခဲ့သည်။

ထို့နောက် လီဗစ်သည် ၂၀၂၁ ခုနှစ် ရိုက်တာသတင်းအစီရင်ခံစာကို ကိုးကားပြီး အမေဇုန်နှင့် တရုတ်တို့အကြား မိတ်ဖက်လုပ်ဆောင်မှုနှင့် “တရုတ်ဝါဒဖြန့်မှုလက်တံ”တို့သည် သုံးစွဲသူများ၏ သုံးသပ်ချက်များကို တရုတ်ဝက်ဘ်ဆိုက်များတွင် ဆင်ဆာလုပ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

အိမ်ဖြူတော်က ပြောကြားပြီးနောက် အမေဇုန်၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက အမေရိကန် CNBC ချန်နယ်တွင် “အချို့သောကုန်ပစ္စည်းများတွင်သာ စည်းကြပ်ခွန်ကုန်ကျစရိတ် ဖော်ပြရန် စဉ်းစားနေခြင်းဖြစ်ပြီး အဆိုပါကုန်ပစ္စည်းများသည် အလွန်တန်ဖိုးနည်း ဈေးဝယ်မှုအပိုင်း Amazon Haul တွင်သာဖြစ်ပြီး အမေဇုန်ပလက်ဖောင်းတစ်ခုလုံးတွင် မဟုတ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အမေဇုန်တည်ထောင်သူ ဂျက် ဘီးဇော့ (Jeff Bezos)အား ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ကုမ္ပဏီအား အခွန်စည်းကြပ်မှုကြောင့် ၎င်း၏ရောင်းကုန်အချို့ကို အပိုကုန်ကျစရိတ်များဖြင့် ဖော်ပြရန် စဉ်းစားနေသည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် အဆိုပါအပြောင်းအရွှေ့ကို ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထရမ့်၏အခွန်စည်းကြပ်မှုများသည် ကုန်ပစ္စည်းများ၏ကုန်ကျစရိတ်ကို မည်သို့အကျိုးသက်ရောက်ကြောင်း အမေရိကန်စားသုံးသူများအား တိုက်ရိုက်ညွှန်ပြနိုင်သည့်အတွက် ဖြစ်သည်။

အစီရင်ခံစာကို အကြောင်းကြားရန် ထရမ့်ကို အကြီးတန်းအုပ်ချုပ်ရေးအရာရှိတစ်ဦးမှ ဖုန်းဆက်ခဲ့ပြီး များမကြာမီတွင်ပင် ထရမ့်သည် ဂျက် ဘီးဇော့ကို ဖုန်းခေါ်ခဲ့သည်။

“သမ္မတကြီး စိတ်ဆိုးနေတယ်ဆိုတာ ထင်ရှားပါတယ်” ဟု အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောကြားခဲ့သည်ဟုဆိုသည်။ “ဒေါ်လာဘီလီယံပေါင်းများစွာရှိတဲ့ ကုမ္ပဏီတစ်ခုက ကုန်ကျစရိတ်တွေကို စားသုံးသူတွေကို ဘာကြောင့်ပေးခိုင်းရမှာလဲ” ဟု ပြောဆိုခဲ့သည်။

ဖုန်းခေါ်ဆိုပြီးနောက်တွင် ထရမ့်သည် “ကောင်းမွန်သောဖုန်းခေါ်ဆိုမှု” ဟု ပြောဆိုခဲ့သည်။

“ဂျက် ဘီးဇော့က အရမ်းတော်ပြီး အံ့သြစရာကောင်းပါတယ်” ဟု သတင်းထောက်များအား ထရမ့်က ပြောကြားခဲ့သည်။ “သူက ပြဿနာကို မြန်မြန်ဖြေရှင်းလိုက်တယ်။ သူက လူကောင်းပဲ။” ဟု ထရမ့်က ဆက်လက်ပြောကြားခဲ့သည်။

ထရမ့်သည် တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် အခွန် ၁၄၅ ရာခိုင်နှုန်းနှင့် အခြားနိုင်ငံအားလုံးအပေါ် အနည်းဆုံး ၁၀ ရာခိုင်နှုန်း စည်းကြပ်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 60 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 68 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 72 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 62 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 65 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 80 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 73 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက