နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ကုန်ပစ္စည်းတွင် စည်းကြပ်ခွန်အတွက်ကုန်ကျစရိတ်ကို ဖော်ပြမည့် အမေဇုန်ပြောဆိုချက်ကြောင့် ထရန့်ဒေါထွက်

++++++++++++++++++

ဧပြီလ (၃၀) ရက်။

အမေရိကန် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလဲဗစ်ထ်က ဧပြီ ၂၉ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ အတည်မပြုရသေးသော အမေရိကန် အွန်လိုင်းလက်လီရောင်းချရေး ထိပ်တန်းကုမ္ပဏီကြီး အမေဇုန် (Amazon) က ကုန်ပစ္စည်းအရောင်းဈေးနှုန်းတွင် ထပ်တိုးကောက်ခံသည့် စည်းကြပ်အခွန်ကုန်ကျစရိတ်အား ဖော်ပြရန် စီစဉ်ထားသည့်လုပ်ရပ်သည် “ရန်လိုပြီး နိုင်ငံရေးအရ တိုက်ခိုက်တဲ့လုပ်ရပ် ဖြစ်တယ်” ဟု ဝေဖန်ပြောကြားခဲ့သည်။

အမေဇုန်သည် စားသုံးသူများထံ ကုန်ပစ္စည်းတိုင်း၏ ဈေးနှုန်းတွင် စည်းကြပ်ခွန်ကြောင့် ထပ်တိုးလာသောစရိတ်ကို ဖော်ပြသွားမည်ဖြစ်ကြောင်း၊ ထိုငွေပမာဏကို ကုန်ပစ္စည်း၏ စုစုပေါင်းဈေးနှုန်းနှင့် အတူ ဖော်ပြမည်ဖြစ်ကြောင်း ဧပြီ ၂၉ ရက် အစောပိုင်းက Punchbowl News သတင်းဝက်ဘ်ဆိုက်တွဖော်ပြခဲ့သည်။

အမေဇုန်စီစဉ်မည့်လုပ်ရပ်သည် “ရန်လိုပြီး နိုင်ငံရေးအရတိုက်ခိုက်တဲ့လုပ်ရပ်” ဖြစ်ကြောင်းနှင့် ဘိုင်ဒန်အစိုးရက ငွေကြေးဖောင်းပွမှုကို နှစ် ၄၀ အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိအောင် လုပ်ဆောင်ခဲ့စဉ်က “အမေဇုန်က ဘာလို့ ဒီလိုမလုပ်တာလဲ” ဟု သူမက မေးခွန်းထုတ်ခဲ့သည်။

ထို့နောက် လီဗစ်သည် ၂၀၂၁ ခုနှစ် ရိုက်တာသတင်းအစီရင်ခံစာကို ကိုးကားပြီး အမေဇုန်နှင့် တရုတ်တို့အကြား မိတ်ဖက်လုပ်ဆောင်မှုနှင့် “ တရုတ်ဝါဒဖြန့်မှုလက်တံ” တို့သည် သုံးစွဲသူများ၏ သုံးသပ်ချက်များကို တရုတ်ဝက်ဘ်ဆိုက်များတွင် ဆင်ဆာလုပ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

အိမ်ဖြူတော်က ပြောကြားပြီးနောက် အမေဇုန်၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက အမေရိကန် CNBC ချန်နယ်တွင် “ အချို့သောကုန်ပစ္စည်းများတွင်သာ စည်းကြပ်ခွန်ကုန်ကျစရိတ် ဖော်ပြရန် စဉ်းစားနေခြင်းဖြစ်ပြီး အဆိုပါကုန်ပစ္စည်းများသည် အလွန်တန်ဖိုးနည်း ဈေးဝယ်မှုအပိုင်း Amazon Haul တွင်သာဖြစ်ပြီး အမေဇုန်ပလက်ဖောင်းတစ်ခုလုံးတွင် မဟုတ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အမေဇုန်တည်ထောင်သူ ဂျက် ဘီးဇော့ (Jeff Bezos)အား ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ကုမ္ပဏီအား အခွန်စည်းကြပ်မှုကြောင့် ၎င်း၏ရောင်းကုန်အချို့ကို အပိုကုန်ကျစရိတ်များဖြင့် ဖော်ပြရန် စဉ်းစားနေသည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် အဆိုပါအပြောင်းအရွှေ့ကို ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထရမ့်၏အခွန်စည်းကြပ်မှုများသည် ကုန်ပစ္စည်းများ၏ကုန်ကျစရိတ်ကို မည်သို့အကျိုးသက်ရောက်ကြောင်း အမေရိကန်စားသုံးသူများအား တိုက်ရိုက်ညွှန်ပြနိုင်သည့်အတွက် ဖြစ်သည်။

အစီရင်ခံစာကို အကြောင်းကြားရန် ထရမ့်ကို အကြီးတန်းအုပ်ချုပ်ရေးအရာရှိတစ်ဦးမှ ဖုန်းဆက်ခဲ့ပြီး များမကြာမီတွင်ပင် ထရမ့်သည် ဂျက် ဘီးဇော့ကို ဖုန်းခေါ်ခဲ့သည်။

“သမ္မတကြီး စိတ်ဆိုးနေတယ်ဆိုတာ ထင်ရှားပါတယ်” ဟု အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောကြားခဲ့သည်ဟုဆိုသည်။ “ ဒေါ်လာဘီလီယံပေါင်းများစွာရှိတဲ့ ကုမ္ပဏီတစ်ခုက ကုန်ကျစရိတ်တွေကို စားသုံးသူတွေကို ဘာကြောင့်ပေးခိုင်းရမှာလဲ” ဟု ပြောဆိုခဲ့သည်။

ဖုန်းခေါ်ဆိုပြီးနောက်တွင် ထရမ့်သည် “ ကောင်းမွန်သောဖုန်းခေါ်ဆိုမှု” ဟု ပြောဆိုခဲ့သည်။

“ ဂျက် ဘီးဇော့က အရမ်းတော်ပြီး အံ့သြစရာကောင်းပါတယ်” ဟု သတင်းထောက်များအား ထရမ့်က ပြောကြားခဲ့သည်။ “ သူက ပြဿနာကို မြန်မြန်ဖြေရှင်းလိုက်တယ်။ သူက လူကောင်းပဲ။” ဟု ထရမ့်က ဆက်လက်ပြောကြားခဲ့သည်။

ထရမ့်သည် တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် အခွန် ၁၄၅ ရာခိုင်နှုန်းနှင့် အခြားနိုင်ငံအားလုံးအပေါ် အနည်းဆုံး ၁၀ ရာခိုင်နှုန်း စည်းကြပ်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 22 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 15 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 17 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 30 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို