နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း လစ်ဗျား အရှေ့အလယ်ပိုင်း

လစ်ဗျားခေါင်းဆောင်ဟောင်း၏သား ဆာအိဖ် အယ်လ်-အစ္စလာမ် ကဒါဖီ အသတ်ခံရ ကြောင်း သတင်းထွက်ပေါ်

ရိုက်တာ – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်

လစ်ဗျားခေါင်းဆောင်ဟောင်း ကာနယ် မူအမ္မာ ကဒါဖီ၏သားဖြစ်သူ ဆာအိဖ် အယ်လ်-အစ္စလာမ် ကဒါဖီ (Saif al-Islam Gaddafi) သည် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သတင်းများအရ သိရသည်။

တစ်ချိန်က ဖခင်ဖြစ်သူ၏ အမွေဆက်ခံမည့်သူအဖြစ် လူသိများခဲ့သော အသက် ၅၃ နှစ်အရွယ် ဆာအိဖ် သေဆုံးမှုကို ၎င်း၏ နိုင်ငံရေးအဖွဲ့ခေါင်းဆောင်က အင်္ဂါနေ့တွင် အတည်ပြုခဲ့ကြောင်း လစ်ဗျားသတင်းအေဂျင်စီက ဖော်ပြသည်။

၎င်း၏ ရှေ့နေကမူ ဇင်းတန် (Zintan) မြို့ရှိ နေအိမ်တွင် အဖွဲ့ဝင်လေးဦးပါဝင်သော “ ကွန်မန်ဒို” အဖွဲ့တစ်ဖွဲ့က လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း AFP သတင်းဌာနသို့ ပြောကြားခဲ့သော်လည်း အဆိုပါတိုက်ခိုက်မှု၏ နောက်ကွယ်တွင် မည်သူရှိသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အခြားသတင်းတစ်ရပ်တွင်မူ ၎င်း၏နှမဖြစ်သူက ဆာအိဖ်သည် အယ်လ်ဂျီးရီးယား နယ်စပ် အနီးတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း လစ်ဗျားရုပ်သံလိုင်းသို့ ပြောကြားခဲ့သည်။

သမိုင်းကြောင်းနှင့် နောက်ခံအကျဉ်း

၁၉၆၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ လစ်ဗျားကို အုပ်ချုပ်ခဲ့ပြီး အရေးတော်ပုံအတွင်း ဖြုတ်ချသတ်ဖြတ်ခံခဲ့ရသော ၎င်း၏ဖခင်ပြီးလျှင် ဆာအိဖ်သည် နိုင်ငံအတွင်း ဩဇာအရှိဆုံးနှင့် အကြောက်ရဆုံးပုဂ္ဂိုလ်အဖြစ် ကာလရှည်ကြာ ရှုမြင်ခံခဲ့ရသည်။

၁၉၇၂ ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်မှစ၍ ကဒါဖီအစိုးရ ပြိုလဲချိန်အထိ လစ်ဗျားနှင့် အနောက်နိုင်ငံများအကြား ဆက်ဆံရေးပြန်လည်ကောင်းမွန်လာစေရန် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ရက်ရက်စက်စက် နှိမ်နင်းရာတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံရပြီးနောက် ဖခင်ဖြစ်သူ အာဏာမှဖယ်ရှားခံရချိန်တွင် ဆာအိဖ်သည် ဇင်းတန်မြို့ရှိ ပြိုင်ဘက်လက်နက်ကိုင်အဖွဲ့တစ်ခု၏ ခြောက်နှစ်နီးပါးကြာ ထောင်သွင်းအကျဉ်းချခြင်းကို ခံခဲ့ရသည်။

၂၀၁၁ ခုနှစ် အတိုက်အခံဆန္ဒပြပွဲများကို နှိမ်နင်းရာတွင် ပါဝင်ပတ်သက်မှုဖြင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က ၎င်းကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် တရားစွဲဆိုရန် ကြိုးပမ်းခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ထရီပိုလီရှိ တရားရုံးတစ်ခုက ၎င်းကို မျက်ကွယ်တွင် သေဒဏ်ချမှတ်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် အရှေ့ပိုင်း တိုဘရွတ်ခ် (Tobruk) မြို့ရှိ လက်နက်ကိုင်အဖွဲ့က လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေဖြင့် ပြန်လည်လွှတ်ပေး ခဲ့သည်။

နိုင်ငံရေးရပ်တည်ချက်

လစ်ဗျားနိုင်ငံသည် ကဒါဖီပြုတ်ကျပြီးနောက်ပိုင်း လက်နက်ကိုင်အဖွဲ့အသီးသီး ထိန်းချုပ် ထားသော နယ်မြေများအဖြစ် ကွဲပြားနေပြီး လက်ရှိတွင် ပြိုင်ဘက်အစိုးရနှစ်ရပ်ကြား အားပြိုင်နေဆဲဖြစ်သည်။

ဆာအိဖ်သည် အစိုးရတွင် တရားဝင်ရာထူးမရယူထားသော်လည်း ၎င်း၏ဖခင် အာဏာ ရှိစဉ်က နျူကလီးယားလက်နက် အစီအစဉ်ကို စွန့်လွှတ်ရန် အပါအဝင် အဆင့်မြင့်ဆွေးနွေးပွဲ များကို ဦးဆောင်ခဲ့သည်။ အဆိုပါ သဘောတူညီချက်များကြောင့် လစ်ဗျားအပေါ် ချမှတ် ထားသော နိုင်ငံတကာပိတ်ဆို့မှုများ ရုပ်သိမ်းနိုင်ခဲ့သဖြင့် အချို့က ၎င်းကို လစ်ဗျား၏ ပြုပြင်ပြောင်းလဲရေးသမားအဖြစ် မြင်ခဲ့ကြသည်။

၎င်းက ဖခင်ထံမှ အာဏာဆက်ခံရန် ဆန္ဒမရှိကြောင်း အမြဲတစေ ငြင်းဆိုခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင် သမ္မတရွေးကောက်ပွဲဝင်မည်ဟု ကြေညာခဲ့သည်။ သို့သော် အဆိုပါရွေးကောက်ပွဲ မှာမူ အကန့်အသတ်မရှိ နောက်ဆုတ်ထားခြင်းခံခဲ့ရသည်။

လစ်ဗျားခေါင်းဆောင်ဟောင်း ကာနယ် မူအမ္မာ ကဒါဖီ၏သားဖြစ်သူ ဆာအိဖ် အယ်လ်-အစ္စလာမ် ကဒါဖီ (Saif al-Islam Gaddafi)(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လုပ်ကြံရန် ကြံစည်မှုများ၊ အရှုပ်တော်ပုံများနှင့် လေးနှစ်တာစစ်ပွဲကြား ဗိုလိုဒီမာ ဇလန်းစကီး အထိနာခဲ့သော်လည်း အလဲမထိုးနိုင်သေးပုံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 13 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ရက် ကိယက်ဗ်မြို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားတင့်ကားများ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာချိန်၌ ဗိုလိုဒီမာ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

တီဟီရန်တွင် ဆန္ဒပြပွဲသစ်များ ပြန်လည်ဖြစ်ပွား၊ အီရန်က အဘယ်ကြောင့် ‘အရှုံးမပေး’ သေးသည်ကို ထရမ့် သိလိုစိတ်ပြင်းပြနေဟု ဝစ်ကော့ဖ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် အီရန်မြို့တော် တီဟီရန်ရှိ တက္ကသိုလ်များတွင် ဆန္ဒပြပွဲများ ဒုတိယမြောက်နေ့အဖြစ်
နိုင်ငံတကာသတင်း မက္ကဆီကို လက်တင်အမေရိက

မက္ကဆီကိုကမူးယစ်ရာဇာ “အယ်မန်ချို”ကို သူ့ချစ်သူ၏ယုံကြည်ရသူနှင့် အမေရိကန် ထောက်လှန်ရေးအကူအညီပူးပေါင်းပြီးဘယ်လိုထောက်လှမ်းသုတ်သင်နိုင်ခဲ့သလဲ?

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 10 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့များသည် နိုင်ငံ၏ အလိုရှိဆုံး ဂိုဏ်းခေါင်းဆောင် နေမီစီယို အယ်မန်ချို အိုစီဂွေရာ ဆာဗားန်တေးစ်ကို တနင်္ဂနွေနေ့က အန္တရာယ်ကြီးမားသော စစ်ဆင်ရေးတစ်ခုအတွင်း အသေဖမ်းဆီးနိုင်ခဲ့ရာ၊
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းတွင် မှားယွင်းသော တွက်ချက်မှုတစ်ခုကြောင့် ရုရှားသည် လေးနှစ်ကြာသည့်တိုင် အဖိုးအခပေးဆပ်နေရဆဲဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အစောပိုင်းနာရီများတွင် ကိယက်ဗ် (Kyiv) မြို့ရှိ ဟိုတယ်တစ်ခု၏ အေးစိမ့်နေသော ခေါင်မိုးပေါ်၌ ကျွန်တော်ရပ်နေစဉ်၊
နိုင်ငံတကာသတင်း အမေရိကန်

တရားရုံးချုပ်က ထရန့် နှင့် ရီပတ်ပလီကင်ပါတီ (GOP) အဖွဲ့ဝင်များအတွက် ကွယ်ဝှက် ထားသော လက်ဆောင်တစ်ခု ပေးအပ်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် တရားရုံးချုပ်သည် သောကြာနေ့တွင် သမ္မတ ဒေါ်နယ်ထရန့် ၏ ဒုတိယမြောက် သက်တမ်း အတွင်း အပြင်းထန်ဆုံးသော ပယ်ချမှုတစ်ခုကို ပြုလုပ်ခဲ့သည်။ သမ္မတကိုယ်တိုင် ခန့်အပ်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 51 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့် ရေတပ်အင်အားကို သိသိသာသာ ဆက်လက်တိုးမြှင့်လျက်ရှိသည်။ တီဟီရန်အစိုးရကို ခြိမ်းခြောက်ရန်နှင့် အကယ်၍ ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့်
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 53 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 51 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ရန် အစ္စရေးအစိုးရက ရှေ့ဆက်လုပ်ဆောင်နေပြီး ယင်းလုပ်ရပ် ကို ပါလက်စတိုင်းတို့က “အင်အားသုံး နယ်မြေသိမ်းပိုက်ခြင်း