နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

တရုတ်

တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက်

ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ မောင်းနှင်သော တက္ကစီ) အများအပြား “ စနစ်ပိုင်း ဆိုင်ရာ ချို့ယွင်းမှု” ကြောင့် ရပ်တန့်သွားခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့တွင် ပြောကြား ခဲ့သည်။ ဤဖြစ်ရပ်သည် လျင်မြန်စွာ တိုးတက်လာနေသော အဆိုပါဝန်ဆောင်မှု၏ ဘေးကင်းလုံခြုံရေးအပေါ် စိုးရိမ်မှုများကို တစ်ဖန်ပြန်လည် မြင့်တက်စေခဲ့သည်။

အင်္ဂါနေ့နှောင်းပိုင်းတွင် Apollo Go ကားအများအပြားသည် လမ်းမလယ်ခေါင်တွင် ရပ်တန့် နေပြီး ရှေ့ဆက်မသွားနိုင်တော့ကြောင်း တိုင်ကြားချက်များကို လက်ခံရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ ၏ တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။

ခရီးသည်များသည် ယာဉ်ပေါ်မှ ဘေးကင်းစွာ ဆင်းနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။

အနည်းဆုံး Apollo Go ယာဉ် အစီးရေ ၁၀၀ ခန့် ထိခိုက်မှုရှိခဲ့ကြောင်း ယာဉ်ထိန်းရဲအရာရှိ တစ်ဦးက ရှန်ဟိုင်းအခြေစိုက် The Paper သတင်းဌာနမှ ထုတ်ဝေသည့် ဗီဒီယိုတစ်ခုတွင် ပြောကြားခဲ့သည်။ ကားတံခါးများကို ဖွင့်၍ရသော်လည်း ခရီးသည်အချို့မှာ ယာဉ်ကြော ပိတ်ဆို့မှုကြောင့် ကားပေါ်မှဆင်းရန် တွန့်ဆုတ်နေကြပြီး ရဲတပ်ဖွဲ့ထံ အကူအညီတောင်းခံ ခဲ့ကြသည်ဟု အဆိုပါအရာရှိက ဆက်လက်ပြောဆိုသည်။

ရိုက်တာသတင်းဌာနမှ အတည်ပြုထားပြီး တရုတ်ဗားရှင်း TikTok (Douyin) ပေါ်တွင် တင်ထားသည့် ဗီဒီယိုတစ်ခု၌ အလုပ်များသော လမ်းမများပေါ်တွင် ယာဉ်များရပ်တန့်နေပြီး ယာဉ်ကြောပိတ်ဆို့မှုကို ဖြစ်စေသည်ကို မြင်တွေ့ရသည်။

ခရီးသည်အချို့မှာ ယာဉ်အတွင်း၌ နှစ်နာရီခန့် နီးပါး ပိတ်မိနေခဲ့ကြောင်း ဒေသတွင်း မီဒီယာ များက ဖော်ပြသည်။

Baidu ကုမ္ပဏီအနေဖြင့် မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပေ။

ဤမတော်တဆမှုကြောင့် တရုတ်လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ရိုဘိုတက္ကစီများ၏ ဘေးကင်းမှုနှင့် အသင့်ဖြစ်မှုအပေါ် ဆွေးနွေးမှုများ တစ်ကျော့ပြန် ပေါ်ပေါက်လာခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လကလည်း ချုံကင်းမြို့တွင် ခရီးသည်တင်ဆောင်လာသော Apollo Go ရိုဘိုတက္ကစီတစ်စီးသည် ဆောက်လုပ်ရေးကျင်းထဲသို့ ပြုတ်ကျခဲ့ဖူးပြီး၊ မေလတွင်လည်း Pony.ai မှ မောင်းနှင်သော ကားတစ်စီး ပေကျင်းမြို့ရှိ လမ်းပေါ်တွင် မီးလောင်မှုဖြစ်ပွား ခဲ့သည်။ အဆိုပါ ဖြစ်ရပ်နှစ်ခုလုံးတွင် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပေ။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ဆန်ဖရန်စစ္စကိုမြို့တွင် ဖြစ်ပွားခဲ့သည့် အကြီးစားလျှပ်စစ်မီး ပြတ်တောက်မှုကြောင့်လည်း Waymo ရိုဘိုတက္ကစီများ ရပ်တန့်သွားပြီး ယာဉ်ကြော ပိတ်ဆို့မှု များ ဖြစ်ပေါ်ခဲ့ဖူးသည်။

Baidu သည် Pony.ai နှင့် WeRide တို့ကဲ့သို့ပင် တရုတ်နိုင်ငံ၏ အကြီးဆုံး အလိုအလျောက် မောင်းနှင်သည့် ယာဉ်စု (Autonomous fleet) လုပ်ငန်းရှင်များထဲမှ တစ်ဦးဖြစ်သည်။ ထိုကုမ္ပဏီများသည် တရုတ်နိုင်ငံ၏ အဓိကမြို့ကြီးများတွင် စီးပွားဖြစ် ရိုဘိုတက္ကစီ ဝန်ဆောင်မှု များကို လုပ်ဆောင်နေကြပြီး အရှေ့အလယ်ပိုင်း အပါအဝင် ပြည်ပဈေးကွက် များသို့လည်း လုပ်ငန်းများကို ချဲ့ထွင်နေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 31 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အကြီးစားကယ်ဆယ်ရေးမစ်ရှင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ အီရန်နိုင်ငံ အတွင်း တစ်ရက်ကျော်ကြာ ဖမ်းဆီးမခံရစေရန် တိမ်းရှောင်နေခဲ့သည့် လေသူရဲကို ကယ်ထုတ်နိုင်ခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ဧပြီလ (၅)ရက် ညတွင်းချင်း ကယ်ဆယ်ရေးသတင်းကို ကြေညာခဲ့သည့် သမ္မတ ဒေါ်နယ်ထရန့်က အီရန်အနေဖြင့် သဘောတူညီချက်တစ်ခု မရယူနိုင်လျှင် သို့မဟုတ် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်မဖွင့်ပေးလျှင် နောက်ထပ် စစ်ရေးအရေးယူမှုများ