CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်” ဟု အီရန်ကို အမိန့်ပေးခဲ့သည်။
ထို့နောက် ထရန့်သည် အလွန်အရေးပါသော အဆိုပါ ရေလမ်းကြောင်းကို ပြန်ဖွင့်ရန် အီရန်အတွက် နောက်ဆုံးအချိန်အသစ်ကို သတ်မှတ်လိုက်ပုံရပြီး၊ မနေ့က မွန်းလွဲပိုင်းတွင် “အင်္ဂါနေ့၊ အရှေ့ဘက်စံတော်ချိန် ည ၈ နာရီ!” ဟု ရေးသားခဲ့သည်။
နောက်ဆုံးရ အခြေအနေများနှင့် ပတ်သက်၍ သိထားသင့်သည်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
- ကမ္ဘာတစ်ဝှမ်းရှိ အီရန်သံရုံးများသည် ထရန့်၏ သတိပေးချက်အပေါ် ဝေဖန်ကဲ့ရဲ့သော တုံ့ပြန်မှုများကို တင်ခဲ့ကြပြီး၊ အီရန်လွှတ်တော်ဥက္ကဋ္ဌကမူ ထရန့်သည် အမေရိကန်ကို “ရှင်လျက်နဲ့ ငရဲကျခြင်း” ဆီသို့ တွန်းပို့နေသည်ဟု စွပ်စွဲခဲ့ကာ ဒေသတစ်ခုလုံး “မီးဟုန်းဟုန်းတောက်” သွားနိုင်ကြောင်း သတိပေးခဲ့သည်။
- အီရန်အခြေစိုက် Mehr သတင်းဌာန၏ အဆိုအရ အီရန်အပေါ် အစ္စရေး-အမေရိကန်တို့၏ ညတွင်းချင်း တိုက်ခိုက်မှုများအတွင်း သေဆုံးသူများထဲတွင် အသက် ၁၀ နှစ်အောက် ကလေးငယ် ခြောက်ဦး ပါဝင်ကြောင်း သိရသည်။
- လက်ဘနွန်နိုင်ငံပိုင် မီဒီယာများ၏ အဆိုအရ လက်ဘနွန်အပေါ် ညတွင်းချင်း တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်။
- အစ္စရေးနိုင်ငံ၊ ဟိုင်ဖာ (Haifa) မြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို မနေ့က အီရန်က ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ရာ ရုပ်အလောင်းလေးခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အစ္စရေး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။
- အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) နှင့် အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ကတ်ဇ် (Israel Katz) တို့၏ အဆိုအရ အီရန်၏ နောက်ထပ် အဆင့်မြင့် လုံခြုံရေးအရာရှိတစ်ဦး သတ်ဖြတ်ခံခဲ့ရသည်။
- အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ကူဝိတ်နှင့် ဆော်ဒီအာရေးဗီးယား အပါအဝင် ပင်လယ်ကွေ့နိုင်ငံများသည် သီတင်းပတ်ပေါင်းများစွာ အဆက်မပြတ် ဗုံးကြဲခံရပြီးနောက် ယနေ့အစောပိုင်းတွင်လည်း အီရန်၏ တိုက်ခိုက်မှုများကို ဆက်လက် ခုခံကာကွယ်နေကြရသည်။
- ထရန့်၏ အီရန်ကို တိုက်ခိုက်မည်ဟူသော ခြိမ်းခြောက်မှုအသစ်များက ရင်းနှီးမြှုပ်နှံ သူများကို စိုးရိမ်တုန်လှုပ်စေခဲ့ပြီး မနေ့က စျေးနှုန်းများ အရှိန်အဟုန်ဖြင့် မြင့်တက် ခဲ့ရာ၊ ယနေ့အစောပိုင်းတွင် ရေနံစျေးနှုန်းများသည် အပြောင်းအလဲ သိပ်မရှိဘဲ မြင့်မားသော အခြေအနေမှာပင် ရှိနေသည်။
- အီရန်နိုင်ငံပေါ်တွင် ပစ်ချခံခဲ့ရသော ဂျက်လေယာဉ်မှ အမေရိကန် လေသူရဲတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီးနောက်၊ သမ္မတထရန့်သည် ယနေ့ အရှေ့ဘက်စံတော်ချိန် မွန်းလွဲ ၁ နာရီတွင် အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များနှင့် တွေ့ဆုံရန် ရှိနေသည်။









