နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက်

ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏ ရပ်တည်ချက်ကို ရုရှားက ကြာသပတေးနေ့တွင် ထပ်လောင်း အတည်ပြု ပြောကြားလိုက်သည်။

“ ယူကရိန်း ပိုင်နက်အတွင်း အနောက်နိုင်ငံတွေရဲ့ စစ်ဘက်ဆိုင်ရာ ယူနစ်တွေ၊ စစ်ဘက် အဆောက်အအုံတွေ၊ ဂိုဒေါင်တွေနဲ့ တခြား အခြေခံ အဆောက်အအုံတွေကို ဖြန့်ကြက် ချထားတာဟာ နိုင်ငံခြား ကျူးကျော်ဝင်ရောက်မှုအဖြစ် သတ်မှတ်သွားမှာ ဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက သတိပေးပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇက်ဟာရိုဗာ (Maria Zakharova) က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ကီရာစတာမာ(Keir Starmer) နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) တို့သည် ပြီးခဲ့သည့် အင်္ဂါနေ့က ကျင်းပသော “ ဆန္ဒရှိစွာ ပူးပေါင်း ထားသည့် မဟာမိတ် အဖွဲ့” (Coalition of the Willing) အစည်းအဝေးတွင် ယူကရိန်း၏ လုံခြုံရေးကို အာမခံရန် နိုင်ငံစုံ တပ်ဖွဲ့များ စေလွှတ်ရန် “ ရည်ရွယ်ချက်ရှိကြောင်း ကြေညာချက်” ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုလုပ်ရပ်အပေါ် ၎င်းက ပြန်လည် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

ယူကရိန်းတွင် အနောက်အုပ်စု တပ်ဖွဲ့များ ရှိနေခြင်းကို ရုရှားက ကာလရှည်ကြာ ကန့်ကွက် လာခဲ့ခြင်း ဖြစ်သည်။ “ ဒီသတိပေးချက်တွေကို အမြင့်ဆုံး အဆင့်ကနေ အကြိမ်ကြိမ် ပြောကြား ခဲ့ပြီးပြီ၊ အခုထိလည်း သက်ရောက်မှု ရှိနေဆဲပဲ” ဟု Zakharova က ဆိုကာ၊ ယူကရိန်း မဟာမိတ်များ၏ သဘောတူညီချက်ကို “ စစ်မက်လိုလားသော ကြေညာချက်သစ်” ဟု ဝိသေသပြု ပြောဆိုခဲ့သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကမူ နောင်တွင် ရုရှား၏ ကျူးကျော်မှုကို ဟန့်တား နိုင်ရန်အတွက် ငြိမ်းချမ်းရေး သဘောတူညီချက်၏ အစိတ်အပိုင်းအဖြစ် အနောက်မဟာမိတ် များ ထံမှ ခိုင်မာသော လုံခြုံရေး အာမခံချက်များကို တောင်းဆိုထားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

ဥရောပနှင့် အမေရိကန်တို့က ပေးလိုသော လုံခြုံရေး အာမခံချက်၏ ပုံသဏ္ဌာန်မှာ လပေါင်းများစွာ ဆွေးနွေးပြီးနောက် တဖြည်းဖြည်း ပေါ်လွင်လာခဲ့သည်။ အင်္ဂါနေ့က သဘောတူညီချက်သည် ဗြိတိန်နှင့် ပြင်သစ်တပ်ဖွဲ့များ ယူကရိန်းတွင် တာဝန်ထမ်း ဆောင် နိုင်ရန် ဥပဒေကြောင်းအရ မူဘောင်ကို ချမှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု စတာမာ(Starmer) က ဆိုသည်။

ဗုဒ္ဓဟူးနေ့က ပြင်သစ်တွင် ထပ်မံဆွေးနွေးပြီးနောက် လုံခြုံရေး အာမခံချက်ဆိုင်ရာ သဘော တူညီချက်သည် ယခုအခါ “ အမေရိကန် သမ္မတနဲ့ အမြင့်ဆုံး အဆင့်မှာ အပြီးသတ်ဖို့ အခြေခံအားဖြင့် အဆင်သင့်ဖြစ်နေပြီ” ဟု ဇလန်းစကီးက ကြာသပတေးနေ့တွင် ပြောကြား ခဲ့သည်။

သို့သော်လည်း အမေရိကန်၊ ဥရောပနှင့် ယူကရိန်းတို့ ကိုယ်တိုင် သဘောတူညီချက် ရရှိခဲ့လျှင် တောင်မှ မော်စကို၏ ထုတ်ပြန်ချက်က နှစ်ဖက်အုပ်စုကြား ဆွေးနွေးမှုများတွင် မည်မျှအထိ ကွာဟနေဆဲဖြစ်သည်ကို မီးမောင်းထိုးပြနေသည်။

“ ပူတင်က အလျှော့အတင်းလုပ်ဖို့ အသင့်ဖြစ်နေမှပဲ ကျွန်တော်တို့ ငြိမ်းချမ်းရေး သဘော တူညီချက် ရနိုင်မှာပါ။ ရုရှားက ဘာတွေပဲ ပြောပြော၊ ပူတင်က ငြိမ်းချမ်းရေးအတွက် အသင့်ဖြစ်နေတဲ့ လက္ခဏာ မပြသေးဘူး” ဟု စတာမာ က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

အင်္ဂလိပ်စစ်သားများနှင့်ပြင်သစ်စစ်သားများစစ်ရေးပူးတွဲလေ့ကျင့်နေစဥ် (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 22 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 28 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 31 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 32 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 25 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 27 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 29 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု