နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက်

ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏ ရပ်တည်ချက်ကို ရုရှားက ကြာသပတေးနေ့တွင် ထပ်လောင်း အတည်ပြု ပြောကြားလိုက်သည်။

“ယူကရိန်း ပိုင်နက်အတွင်း အနောက်နိုင်ငံတွေရဲ့ စစ်ဘက်ဆိုင်ရာ ယူနစ်တွေ၊ စစ်ဘက် အဆောက်အအုံတွေ၊ ဂိုဒေါင်တွေနဲ့ တခြား အခြေခံ အဆောက်အအုံတွေကို ဖြန့်ကြက် ချထားတာဟာ နိုင်ငံခြား ကျူးကျော်ဝင်ရောက်မှုအဖြစ် သတ်မှတ်သွားမှာ ဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက သတိပေးပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇက်ဟာရိုဗာ (Maria Zakharova) က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ကီရာစတာမာ(Keir Starmer) နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) တို့သည် ပြီးခဲ့သည့် အင်္ဂါနေ့က ကျင်းပသော “ဆန္ဒရှိစွာ ပူးပေါင်း ထားသည့် မဟာမိတ် အဖွဲ့” (Coalition of the Willing) အစည်းအဝေးတွင် ယူကရိန်း၏ လုံခြုံရေးကို အာမခံရန် နိုင်ငံစုံ တပ်ဖွဲ့များ စေလွှတ်ရန် “ရည်ရွယ်ချက်ရှိကြောင်း ကြေညာချက်” ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုလုပ်ရပ်အပေါ် ၎င်းက ပြန်လည် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

ယူကရိန်းတွင် အနောက်အုပ်စု တပ်ဖွဲ့များ ရှိနေခြင်းကို ရုရှားက ကာလရှည်ကြာ ကန့်ကွက် လာခဲ့ခြင်း ဖြစ်သည်။ “ဒီသတိပေးချက်တွေကို အမြင့်ဆုံး အဆင့်ကနေ အကြိမ်ကြိမ် ပြောကြား ခဲ့ပြီးပြီ၊ အခုထိလည်း သက်ရောက်မှု ရှိနေဆဲပဲ” ဟု Zakharova က ဆိုကာ၊ ယူကရိန်း မဟာမိတ်များ၏ သဘောတူညီချက်ကို “စစ်မက်လိုလားသော ကြေညာချက်သစ်” ဟု ဝိသေသပြု ပြောဆိုခဲ့သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကမူ နောင်တွင် ရုရှား၏ ကျူးကျော်မှုကို ဟန့်တား နိုင်ရန်အတွက် ငြိမ်းချမ်းရေး သဘောတူညီချက်၏ အစိတ်အပိုင်းအဖြစ် အနောက်မဟာမိတ် များ ထံမှ ခိုင်မာသော လုံခြုံရေး အာမခံချက်များကို တောင်းဆိုထားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

ဥရောပနှင့် အမေရိကန်တို့က ပေးလိုသော လုံခြုံရေး အာမခံချက်၏ ပုံသဏ္ဌာန်မှာ လပေါင်းများစွာ ဆွေးနွေးပြီးနောက် တဖြည်းဖြည်း ပေါ်လွင်လာခဲ့သည်။ အင်္ဂါနေ့က သဘောတူညီချက်သည် ဗြိတိန်နှင့် ပြင်သစ်တပ်ဖွဲ့များ ယူကရိန်းတွင် တာဝန်ထမ်း ဆောင် နိုင်ရန် ဥပဒေကြောင်းအရ မူဘောင်ကို ချမှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု စတာမာ(Starmer) က ဆိုသည်။

ဗုဒ္ဓဟူးနေ့က ပြင်သစ်တွင် ထပ်မံဆွေးနွေးပြီးနောက် လုံခြုံရေး အာမခံချက်ဆိုင်ရာ သဘော တူညီချက်သည် ယခုအခါ “အမေရိကန် သမ္မတနဲ့ အမြင့်ဆုံး အဆင့်မှာ အပြီးသတ်ဖို့ အခြေခံအားဖြင့် အဆင်သင့်ဖြစ်နေပြီ” ဟု ဇလန်းစကီးက ကြာသပတေးနေ့တွင် ပြောကြား ခဲ့သည်။

သို့သော်လည်း အမေရိကန်၊ ဥရောပနှင့် ယူကရိန်းတို့ ကိုယ်တိုင် သဘောတူညီချက် ရရှိခဲ့လျှင် တောင်မှ မော်စကို၏ ထုတ်ပြန်ချက်က နှစ်ဖက်အုပ်စုကြား ဆွေးနွေးမှုများတွင် မည်မျှအထိ ကွာဟနေဆဲဖြစ်သည်ကို မီးမောင်းထိုးပြနေသည်။

“ပူတင်က အလျှော့အတင်းလုပ်ဖို့ အသင့်ဖြစ်နေမှပဲ ကျွန်တော်တို့ ငြိမ်းချမ်းရေး သဘော တူညီချက် ရနိုင်မှာပါ။ ရုရှားက ဘာတွေပဲ ပြောပြော၊ ပူတင်က ငြိမ်းချမ်းရေးအတွက် အသင့်ဖြစ်နေတဲ့ လက္ခဏာ မပြသေးဘူး” ဟု စတာမာ က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

အင်္ဂလိပ်စစ်သားများနှင့်ပြင်သစ်စစ်သားများစစ်ရေးပူးတွဲလေ့ကျင့်နေစဥ် (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 36 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 37 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 39 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 40 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 43 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက