နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 24 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပြင်သစ် ဥရောပ

ကမ္ဘာ့အင်အားကြီးနိုင်ငံသဖွယ် စတင်ပြုမူဆောင်ရွက်ရန် ဥရောပကို မက်ခရွန် တိုက်တွန်း

BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဥရောပအနေဖြင့် “ အင်အားကြီးနိုင်ငံ” တစ်ခုကဲ့သို့ စတင်ပြုမူဆောင်ရွက်ရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း ပြောကြားကာ ကမ္ဘာ့ဇာတ်ခုံ ပေါ်တွင် မိမိကိုယ်ကိုယ် အခိုင်အမာရပ်တည်ရန် တိုက်တွန်းလိုက်သည်။

တရုတ်၊ ရုရှားနှင့် ယခုအခါ အမေရိကန်တို့ထံမှပါ ကြီးထွားလာနေသော ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် ဥရောပတိုက်အနေဖြင့် “ နိုးကြားကြရန် သတိပေးချက်” နှင့် ရင်ဆိုင် နေရပြီ ဖြစ်ကြောင်း ဥရောပသတင်းစာအုပ်စုတစ်ခုသို့ ၎င်းက ပြောကြားခဲ့သည်။

“ ကျွန်ုပ်တို့ဟာ အင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာဖို့ အသင့်ဖြစ်ပြီလား? ဒါဟာ စီးပွားရေးနဲ့ ဘဏ္ဍာရေးကဏ္ဍ၊ ကာကွယ်ရေးနဲ့ လုံခြုံရေးကဏ္ဍ၊ ပြီးတော့ ကျွန်ုပ်တို့ရဲ့ ဒီမိုကရေစီစနစ်တွေ မှာပါ မေးစရာဖြစ်လာတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။”

“ တခြားခေတ်ကာလတစ်ခုမှာဆိုရင်တော့ ဒါဟာ ‘လူလားမြောက်ကြောင်း သက်သေပြရမယ့်’ အချိန်လို့ ကျွန်တော်တို့ ပြောကောင်းပြောခဲ့ကြပါလိမ့်မယ်” ဟု ယခုသီတင်းပတ်နှောင်းပိုင်း ဘရပ်ဆဲလ်တွင် ကျင်းပမည့် အီးယူထိပ်သီးအစည်းအဝေး မတိုင်မီ ၎င်းက ပြောဆိုခဲ့သည်။

စက်မှုကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်သော ယူရိုဘီလီယံ ရာပေါင်းများစွာကို ရှာဖွေရန် အတွက် အီးယူတစ်ဝှမ်း ဘုံအကြွေးစနစ် (Mutualised loans) ကျင့်သုံးရန် မက်ခရွန်က ၎င်း၏ တောင်းဆိုချက်ကို ထပ်လောင်းပြောကြားခဲ့သည်။

“ ကျွန်ုပ်တို့ရဲ့ အနာဂတ်အသုံးစရိတ်တွေအတွက် ရန်ပုံငွေရှာဖို့ စုပေါင်းကြွေးမြီစွမ်းဆောင်ရည် -အနာဂတ်အတွက် ယူရိုဘွန်း (eurobonds) တွေကို စတင်ဖို့ အချိန်တန်ပါပြီ။ အကောင်းဆုံး စီမံကိန်းတွေကို ရန်ပုံငွေထောက်ပံ့ပေးဖို့ ကြီးမားတဲ့ ဥရောပအစီအစဉ်တွေ လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယခင်က ထိုကဲ့သို့ တောင်းဆိုမှုများကို ဂျာမနီနှင့် အခြားနိုင်ငံများက သံသယဖြင့် ရှုမြင်ခဲ့ကြ သည်။ ပြင်သစ်သည် ၎င်းတို့နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အားနည်းချက်ကြောင့် တစ်နိုင်ငံ တည်း မထမ်းဆောင်နိုင်သော ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးကို ဥရောပအား ဝိုင်းဝန်းထမ်းခိုင်း လိုခြင်း ဖြစ်သည်ဟု ထိုနိုင်ငံများက ယူဆကြသည်။

ပြင်သစ်နိုင်ငံသည် “ တာဝန်ယူမှုစိတ်ဓာတ်ပေါ်တွင် ပိုမိုအခြေခံသော မြောက်ပိုင်းစီးပွားရေး နိုင်ငံအချို့နှင့်မတူဘဲ မျှခြေရှိသော စံနမူနာမျိုး တစ်ခါမျှမရှိခဲ့ဖူးကြောင်း” မက်ခရွန်က ဝန်ခံ ခဲ့သည်။

“ ပြီးတော့ ကျွန်တော်တို့ဆီမှာ ၂၀၁၀ ပြည့်နှစ်တွေတုန်းက ပေါ်တူဂီ၊ စပိန်၊ အီတလီနဲ့ ဂရိတို့မှာ စတင်ခဲ့ပြီး ဒီနေ့မှာ အကျိုးအမြတ်တွေ ခံစားနေရတဲ့ ပြုပြင်ပြောင်းလဲမှုမျိုးတွေ တစ်ခါမှ မရှိခဲ့ပါဘူး။”

သို့သော်လည်း ကမ္ဘာ့ဘဏ္ဍာရေးစျေးကွက်တွင် ဥရောပ၏ စုပေါင်းကြွေးမြီအပေါ် တောင်းဆိုမှုများ မြင့်တက်နေသော်လည်း လက်ရှိတွင် အီးယူ၌ ယင်းကို ထောက်ပံ့ပေးနိုင်စွမ်း မရှိသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ ကမ္ဘာ့စျေးကွက်တွေဟာ အမေရိကန်ဒေါ်လာအပေါ် တည်မှီနေရမှုအပေါ် ပိုပြီးတော့ စိုးရိမ်လာကြပါတယ်။ သူတို့က တခြားရွေးချယ်စရာတွေကို လိုချင်နေကြတာပါ။…”

“ နေရာတိုင်းက ရင်းနှီးမြှုပ်နှံသူတွေအတွက် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ရှိတဲ့ နိုင်ငံဟာ ဆွဲဆောင်မှုအကြီးကြီးပါပဲ။ ကမ္ဘာကြီးရဲ့ လက်ရှိအခြေအနေကို ကြည့်တဲ့အခါ တရုတ်လို အာဏာရှင်စနစ်ရှိတဲ့ဘက်ရှိသလို၊ တခြားတစ်ဖက်မှာတော့ ဥပဒေစိုးမိုးရေးကနေ တစ်စထက် တစ်စ ပိုပြီးဝေးကွာသွားတဲ့ အမေရိကန်ကို တွေ့ရပါတယ်။”

မက်ခရွန်၏ အဆိုအရ အဖွဲ့ဝင် ၂၇ နိုင်ငံပါဝင်သော အီးယူသည် လုံခြုံရေးနှင့် ကာကွယ်ရေး၊ သန့်ရှင်းသော စွမ်းအင်နှင့် ဉာဏ်ရည်တု (AI) ကဲ့သို့သော အရေးကြီးကဏ္ဍများတွင် ရင်းနှီး မြှုပ်နှံရန် တစ်နှစ်လျှင် ယူရို ၁.၂ ထရီလီယံ (ဒေါ်လာ ၁.၄ ထရီလီယံ) လိုအပ်နေသည်။

အီးယူအနေဖြင့် ထိုလုပ်ငန်းကဏ္ဍများကို “ ကာကွယ်စောင့်ရှောက်ရန်” တိုက်တွန်းရင်း ၎င်းက “ တရုတ်တွေလည်း ဒါကိုလုပ်တယ်၊ အမေရိကန်တွေလည်း လုပ်တယ်။ ဒီနေ့ ဥရောပဟာ ကမ္ဘာမှာ အပွင့်လင်းဆုံး စျေးကွက်ဖြစ်နေတယ်” ဟု ဆိုသည်။

“ ဒါကိုကြည့်ပြီး ကျွန်တော်တို့က အကာအကွယ်ပေးရေးဝါဒ (Protectionist) ကျင့်သုံးရမယ်လို့ မပြောပါဘူး။ ဒါဟာ ပိုပြီးတော့ ဟန်ချက်ညီဖို့ကိစ္စပါ – တစ်နည်းအားဖြင့် ပြောရရင် ကျွန်တော်တို့ရဲ့ ပြည်တွင်းထုတ်လုပ်သူတွေအပေါ်သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ဥရောပသားမဟုတ်သူတွေအပေါ်မှာမသတ်မှတ်ဖို့ပါပဲ။”

“ ဒီနေ့မှာ ဥရောပဟာ ပရမ်းပတာဖြစ်နေတဲ့ ကမ္ဘာကြီးထဲမှာ ကြီးမားတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင် နေရပါတယ်” ဟု ၎င်းက ပြောသည်။

“ ရာသီဥတုပြောင်းလဲမှုက မြန်ဆန်လာတယ်။ ကျွန်တော်တို့ရဲ့ လုံခြုံရေးကို ထာဝရ အာမခံ ပေးလိမ့်မယ်လို့ ထင်ခဲ့တဲ့ အမေရိကန်ကလည်း အခုတော့ မသေချာတော့ဘူး။ ရုရှားက ကျွန်တော်တို့ကို စျေးပေါတဲ့ စွမ်းအင်တွေ ထာဝရပေးလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် အဲဒါက လွန်ခဲ့တဲ့ သုံးနှစ်မှာ ရပ်တန့်သွားခဲ့ပြီ။ တရုတ်ကတော့… တစ်နေ့ထက်တစ်နေ့ ပိုပြီးပြင်းထန် လာတဲ့ ပြိုင်ဘက် ဖြစ်လာတယ်။”

“ ဒီနေ့မှာ ကျွန်တော်တို့ ဥရောပသားတွေဟာ ကိုယ့်အားကိုယ်ကိုးရတော့မယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အချင်းချင်းရှိကြပါတယ်။ ကျွန်တော်တို့ဟာ လူဦးရေ ၄၅၀ သန်းရှိတယ်။ ဒါဟာ အင်အားကြီးမားပါတယ်။ ကျွန်တော့်အတွက်တော့ [အင်အားကြီးနိုင်ငံ ဖြစ်လာခြင်း]  ဟာဥရောပရဲ့ စွန့်စားခန်းကို အောင်မြင်အောင် ဖြည့်ဆည်းခြင်းပါပဲ။”

“ စစ်ပွဲကို ရပ်တန့်ဖို့ ကျွန်တော်တို့ အတူတကွ ပူးပေါင်းခဲ့ကြတယ်၊ စျေးကွက်တစ်ခု တည်ဆောက်ဖို့ ကျွန်တော်တို့ အတူတကွ ပူးပေါင်းခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကိုယ်တိုင်က ‘အင်အားကြီးနိုင်ငံ’ အဖြစ် စဉ်းစားဖို့ အမြဲတမ်း တားမြစ်ခဲ့ကြပါတယ်။”

ဂရင်းလန်းကိစ္စနှင့် ပတ်သက်၍ ဝါရှင်တန်နှင့် နောက်ဆုံးဖြစ်ပွားခဲ့သော ထိပ်တိုက်ရင်ဆိုင်မှု တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဒိန်းမတ်နယ်မြေကို သိမ်းယူမည့် ခြိမ်းခြောက်မှုမှ နောက်ဆုတ်သွားသည့်အပေါ် မေးမြန်းရာတွင် မက်ခရွန်က ဥရောပသားများအနေဖြင့် အလှည့်စား မခံသင့်ကြောင်း ပြောကြားခဲ့သည်။

“ အကျပ်အတည်းတစ်ခုအဆုံးမှာ ‘တော်သေးတာပေါ့’ ဆိုပြီး လက်ပိုက်ကြည့်နေတတ်တဲ့ သူရဲဘောကြောင်တဲ့ အလေ့အထရှိပါတယ်။ ခြိမ်းခြောက်မှုတွေ၊ အကျပ်ကိုင်မှုတွေ ရှိလာ ပြီးမှ ရုတ်တရက် ဝါရှင်တန်က အလျှော့ပေးလိုက်တဲ့အခါ လူတွေက အားလုံးပြီးသွားပြီလို့ ထင်တတ်ကြတယ်။”

“ တစ်စက္ကန့်လေးတောင် အဲဒီလို မယုံလိုက်ပါနဲ့” ဟု ပြင်သစ်ခေါင်းဆောင်က ဆိုသည်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် စကားပြောနေစဥ် (ပုံ)။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 11 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 12 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 11 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 24 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 23 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းရန် တောင်းဆိုလိုက်ခြင်းသည် ပေကျင်းအတွက် အကျိုးရှိသွားစေနိုင်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် တရုတ်သတင်း ရင်းမြစ်အချို့က
ကနေဒါ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ရုရှား၊ တရုတ်နှင့် အမေရိကန် – အီရန်စစ်ပွဲ၏ ကမ္ဘာ့အကျိုးအမြတ်ရရှိသူများနှင့် အရှုံးပေါ်သူများ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 32 Views
BBC- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများသည် ပဋိပက္ခကြောင့် ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုနှင့်အတူ ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ယော့ခ်ရှိုင်းယား (Yorkshire) ရှိ နေအိမ်များအတွက်