နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အထက်လွှတ်တော်လူများစုခေါင်းဆောင် ဂျွန်သွန်း က အစိုးရအုပ်ချုပ်ရေးအဖွဲ့၏ တိုက်ခိုက်မှုဆိုင်ရာ ဥပဒေကြောင်းအရ အကြောင်းပြချက်ကို နားထောင်ရန် မျှော်လင့်ထားပြီး လွှတ်တော်၏ သဘောတူညီချက် မလိုအပ်ကြောင်း ပြောကြား

CNN -Morgan Rimmer နှင့် Ted Barrett ရေးသားသည်။

၂၀၂၆ခုနှစ်၊ မတ်လ ၃ရက်

အထက်လွှတ်တော် လူများစုခေါင်းဆောင် ဂျွန်သွန်း (John Thune) က ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် အီရန်အပေါ် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ထရမ့်အုပ်ချုပ်ရေးအဖွဲ့၏ ရှင်းလင်းတင်ပြသူများထံမှ ဥပဒေကြောင်းအရ ခိုင်လုံသော အကြောင်းပြချက်များကို ချပြလာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

“သူတို့မှာ ခိုင်လုံတဲ့ ဥပဒေကြောင်းအရ အကြောင်းပြချက်ရှိလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု သွန်း က ပြောကြားခဲ့ပြီး အဆိုပါ စစ်ဆင်ရေးအတွက် အစိုးရအဖွဲ့အနေဖြင့် လွှတ်တော်၏ အတည်ပြုချက် ရယူရန် မလိုအပ်ကြောင်း ငြင်းဆိုခဲ့သည်။

“အခု အစိုးရအုပ်ချုပ်ရေးအဖွဲ့ လုပ်ဆောင်ခဲ့တာဟာ ယခင် အုပ်ချုပ်ရေးအဖွဲ့တွေ လုပ်ဆောင်ခဲ့တာတွေနဲ့ ကိုက်ညီမှုရှိပါတယ်။ အရင်က ပဋိပက္ခတွေကို ပြန်ကြည့်ရင် ၄၁ ဆက်မြောက်သမ္မတ ဘွတ်ရှ် (Bush) ကနေ အိုဘားမား(Obama) အထိ၊ ဖြေရှင်းဖို့ လိုအပ်တဲ့ အမျိုးသားလုံခြုံရေး ပြဿနာ ဒါမှမဟုတ် တုံ့ပြန်ဖို့ လိုအပ်တဲ့ ခြိမ်းခြောက်မှုတွေလို့ ယူဆ ရတဲ့ အလားတူ အခြေအနေမျိုးတွေ ရှိခဲ့ဖူးပါတယ်။ အခု လုပ်ဆောင်ချက်ဟာလည်း အဲဒါကို ကိုယ်စားပြုတယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် “အီရန်မှာ ရှိနေတဲ့ ပဲ့ထိန်းဒုံးကျည် ခြိမ်းခြောက်မှုဟာ ဒေသတွင်း က ကျွန်တော်တို့ရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ မဟာမိတ်တွေကိုပါ ခြိမ်းခြောက်နေတယ်” ဟု ယုံကြည် ကြောင်း ၎င်းက ဆိုသည်။

GOP (ရီပတ်ဘလီကန်) ခေါင်းဆောင် သွန်း သည် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေစဉ် အတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့များ စေလွှတ်မည့် ဖြစ်နိုင်ခြေကိုလည်း ပယ်ချခြင်း မရှိပေ။ “အဲဒီလို ဖြစ်လာမယ်လို့ ကျွန်တော် မမြင်မိပေမဲ့… ဘာဖြစ်လာနိုင်တယ်၊ ဘာမဖြစ်နိုင်ဘူး ဆိုတာကိုတော့ အခုအချိန်မှာ ကျွန်တော် မပြောနိုင်သေးပါဘူး” ဟု ၎င်းက ဆိုသည်။

ထို့အပြင် အီရန်ပြည်သူများအနေဖြင့် ၎င်းတို့၏ အနာဂတ်အစိုးရကို ကိုယ်တိုင် ပုံဖော်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“ဒါဟာ အီရန်ပြည်သူတွေရဲ့ လက်ထဲမှာပဲ အဓိက ရှိနေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ အီရန်အစိုးရရဲ့ ခေါင်းဆောင်ပိုင်း တစ်ခုလုံးဟာ အခြေခံအားဖြင့် ဖယ်ရှားခံလိုက် ရပါပြီ” ဟု ၎င်းက ပြောသည်။ “ဒါကြောင့် သူတို့အနေနဲ့ ဒီမိုကရေစီကို တည်ဆောက်မလား၊ ကမ္ဘာကြီးနဲ့ သူတို့ရဲ့ အိမ်နီးချင်းတွေကို အမြဲတမ်း ခြိမ်းခြောက်နေမယ့်အစား ကမ္ဘာကြီးရဲ့ မိတ်ဖက် ဖြစ်လာမလား ဆိုတာကို ဆုံးဖြတ်နိုင်ဖို့ သမိုင်းဝင် ထူးခြားတဲ့ အခွင့်အရေးနဲ့ အခိုက်အတန့်ကို ရရှိထားတာပါ။”

“အဲဒါ ဘာဖြစ်သင့်တယ်ဆိုတာကို ဝင်ရောက် စွက်ဖက်ပြီး ဆုံးဖြတ်ပေးဖို့ကတော့ ကျွန်တော်တို့ရဲ့ နေရာမဟုတ်ဘူးလို့ ထင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၅ ရက်က ဝါရှင်တန်ဒီစီတွင် သတင်းထောက်များနှင့် စကားပြောဆိုနေသော အထက်လွှတ်တော် လူများစုခေါင်းဆောင် John Thune။ (ဓာတ်ပုံ – Heather Diehl/Getty Images)(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 72 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက