နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အီရန်

တီဟီရန်တွင် ဆန္ဒပြပွဲသစ်များ ပြန်လည်ဖြစ်ပွား၊ အီရန်က အဘယ်ကြောင့် ‘အရှုံးမပေး’ သေးသည်ကို ထရမ့် သိလိုစိတ်ပြင်းပြနေဟု ဝစ်ကော့ဖ် ပြောကြား

CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်

အီရန်မြို့တော် တီဟီရန်ရှိ တက္ကသိုလ်များတွင် ဆန္ဒပြပွဲများ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားနေစဉ်၊ အီရန်နိုင်ငံအနေဖြင့် ၎င်း၏ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ရန် အဘယ်ကြောင့် ယခုထက်ထိ “ အလျော့မပေး” (Capitulated) သေးသနည်း ဆိုသည်ကို သမ္မတ ဒေါ်နယ်ထရမ့်က “ သိလိုစိတ်ပြင်းပြနေသည်” ဟု ထရမ့်၏ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) က ပြောကြားလိုက်သည်။

“ ကျွန်တော် သူစိတ်ပျက်နေတယ်’ ဆိုတဲ့ စကားလုံးကိုတော့ မသုံးချင်ပါဘူး၊ ဘာလို့လဲဆိုတော့ သူ့မှာ တခြားရွေးချယ်စရာ နည်းလမ်းတွေ အများကြီးရှိတယ်ဆိုတာ သူနားလည်လို့ပါ။ ဒါပေမဲ့ သူတို့ ဘာလို့ အလျော့မပေးသေးတာလဲဆိုတာကိုတော့ သူ သိချင်နေပါတယ်” ဟု ဝစ်ကော့ဖ်က Fox News နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

“ ဒီလောက် ဖိအားတွေပေးထားတာ၊ ရေတပ်အင်အားတွေ ဒီလောက်ရှိနေတာကို သူတို့ ဘာလို့ ကျွန်တော်တို့ဆီလာပြီး ‘ကျွန်တော်တို့ လက်နက်တွေနဲ့အတိုက်ခံရမှုကိုမလိုချင်ပါဘူး၊ ဒါကြောင့် ဒါတွေလုပ်ဖို့ အသင့်ရှိပါတယ်’ လို့ မပြောကြသေးတာလဲ? သူတို့ကို အဲဒီအခြေအနေရောက်အောင် လုပ်ဖို့ တော်တော်ခက်နေပါတယ်” ဟု ကြာသပတေးနေ့က ရိုက်ကူးထားသည့် အင်တာဗျူးတွင် ၎င်းက ဆိုသည်။

ယင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ဂ်ချီ (Abbas Araghchi) က “ ကျွန်တော်တို့ ဘာလို့ အလျော့မပေးတာလဲ သိချင်လား? ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ‘အီရန်လူမျိုး’ တွေ ဖြစ်နေလို့ပါပဲ” ဟု X လူမှုကွန်ရက်တွင် တနင်္ဂနွေနေ့က ရေးသားခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ စနေနေ့က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအပြီး တနင်္ဂနွေနေ့တွင် အစိုးရထောက်ခံပွဲများနှင့် အမေရိကန်ဆန့်ကျင်ရေး လှုပ်ရှားမှုများရှိကြောင်း အီရန်နိုင်ငံပိုင် မီဒီယာများက ဖော်ပြခဲ့သည်။ Amirkabir တက္ကသိုလ်တွင် အစိုးရထောက်ခံသူများနှင့် ဆန့်ကျင်သူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး အချို့ကျောင်းသားများက ဘုရင်စနစ် ပြန်လည်ကျင့်သုံးရန် ကြွေးကြော်ခဲ့ကြသည်။

တီဟီရန်တက္ကသိုလ်မှ ပရော်ဖက်ဆာ ဟိုစိန် ဂိုဒန်ဆက်ဇ် က ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့သော မငြိမ်မသက်မှုများတွင် သေဆုံးခဲ့သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်ကာလများကြောင့် တက္ကသိုလ်များတွင် ရိုက်ခတ်မှုရှိနေကြောင်း ပြောကြားခဲ့သည်။ ကျောင်းသားများသည် ပြီးခဲ့သည့်လက လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော သူငယ်ချင်းများအတွက် ရည်စူး၍ ၄၀ ရက်ပြည့် ဝမ်းနည်းခြင်းအခမ်းအနားများနှင့်အတူ ဆန္ဒပြမှုများကို ပေါင်းစည်း လုပ်ဆောင် နေကြခြင်း ဖြစ်သည်။

သမ္မတထရမ့်ကမူ ပြီးခဲ့သည့်လ ဆန္ဒပြပွဲများအတွင်း လူပေါင်း ၃၂,၀၀၀ ခန့် သေဆုံးခဲ့သည်ဟု သောကြာနေ့တွင် ပြောကြားခဲ့ရာ၊ ယင်းသည် ယခင်က ထွက်ပေါ်ခဲ့သည့် သေဆုံးစာရင်းများ ထက် များစွာ ပိုမိုများပြားနေသည်။

လက်ရှိတွင် အမေရိကန်သည် အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်နိုင်ခြေကို စဉ်းစားနေစဉ် အရှေ့အလယ်ပိုင်းတွင် စစ်အင်အား ဖြည့်တင်းလျက်ရှိသည်။ USS Gerald R. Ford လေယာဉ်တင် သင်္ဘောအုပ်စုသည် ဒေသတွင်းသို့ ဦးတည်နေပြီး တိုက်လေယာဉ် အများအပြားကိုလည်း နေရာချထားပြီးဖြစ်သည်။

သို့သော်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာရတ်ဂ်ချီက နျူကလီးယားကိစ္စနှင့် ပတ်သက်၍ သံတမန်နည်းလမ်းအရ ဖြေရှင်းနိုင်ခြေ များစွာရှိကြောင်း ပြောကြားခဲ့သည်။ နှစ်ဖက်စလုံး၏ စိုးရိမ်မှုများကို ဖြေရှင်းပေးနိုင်မည့် အဆိုပြုချက်မူကြမ်းကို ရေးဆွဲနေပြီး မတ်လအစောပိုင်း တွင် ဆွေးနွေးပွဲသစ်များ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

အီရန်အရာရှိတစ်ဦး၏ အဆိုအရ တီဟီရန်သည် ၎င်းတို့၏ သန့်စင်ပြီး ယူရေနီယံ လက်ကျန် အချို့ကို ပြည်ပသို့ တင်ပို့ခြင်း သို့မဟုတ် သိပ်သည်းဆ လျှော့ချခြင်းတို့ ပြုလုပ်ရန် စဉ်းစား နေသော်လည်း၊ အပြန်အလှန်အားဖြင့် အီရန်၏ “ ငြိမ်းချမ်းသော နျူကလီးယား သန့်စင်ခွင့်” ကို အသိအမှတ်ပြုရန်နှင့် ပိတ်ဆို့မှုများ လျှော့ချပေးရန် တောင်းဆိုထားသည်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့က အီရန်နိုင်ငံ၊ တီဟီရန်မြို့ လမ်းမတစ်ခုပေါ်ရှိ အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီ နှင့် ၁၉၇၉ အစ္စလာမ္မစ်တော်လှန်ရေးခေါင်းဆောင် အယာတိုလာ ရူဟိုလာ ခိုမေနီ တို့၏ ပုံတူနံရံဆေးရေးပန်းချီအနီးတွင် လူများ လမ်းလျှောက်နေစဉ်။ (Majid Asgaripour/Wana News Agency/Reuters)(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အကြီးစားကယ်ဆယ်ရေးမစ်ရှင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ အီရန်နိုင်ငံ အတွင်း တစ်ရက်ကျော်ကြာ ဖမ်းဆီးမခံရစေရန် တိမ်းရှောင်နေခဲ့သည့် လေသူရဲကို ကယ်ထုတ်နိုင်ခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ဧပြီလ (၅)ရက် ညတွင်းချင်း ကယ်ဆယ်ရေးသတင်းကို ကြေညာခဲ့သည့် သမ္မတ ဒေါ်နယ်ထရန့်က အီရန်အနေဖြင့် သဘောတူညီချက်တစ်ခု မရယူနိုင်လျှင် သို့မဟုတ် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်မဖွင့်ပေးလျှင် နောက်ထပ် စစ်ရေးအရေးယူမှုများ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား ‘အီစတာပွဲတော်ကာလ စစ်ရှိန်မြှင့်တင်မှု’ ကို ရွေးချယ်ခဲ့သည်ဟု ဇလန်းစကီး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 31 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မော်စကိုသည် အီစတာပွဲတော်ကာလ