နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း

ဝါရှင်တန်နှင့် တီဟီရန်တို့ ဆွေးနွေးမှုများ ပြန်လည်စတင်ချိန်တွင် နေတန်ရာဟုက အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် ကိစ္စရပ်များအား ထရန့်နှင့် ဆွေးနွေးမည်

CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ရက်

အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးမှုများ ပျက်ပြားသွားပါက အစ္စရေးအနေဖြင့် အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားသည့်အနေဖြင့်၊ ယခုသီတင်းပတ်အတွင်း ဝါရှင်တန်သို့ သွားရောက်မည့် ခရီးစဉ်အတွင်း အီရန်အပေါ် စစ်ရေးအရ အရေးယူနိုင်မည့် ရွေးချယ်စရာများကို သမ္မတ ဒေါ်နယ်ထရန့်နှင့် ဆွေးနွေးရန် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟုက ရည်ရွယ်ထားကြောင်း အစ္စရေးသတင်းရင်းမြစ် နှစ်ခုအရ သိရသည်။

အမေရိကန်နှင့် အီရန်အကြား စတင်နေပြီဖြစ်သော ဆွေးနွေးမှုများ အောင်မြင်မည်ကို အစ္စရေးက သံသယရှိနေဆဲဖြစ်သော်လည်း၊ မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်ရန်နှင့် အနာဂတ်တွင် ရရှိလာမည့် မည်သည့်သဘောတူညီချက်အောက်တွင်မဆို အစ္စရေး၏ လွတ်လပ်စွာ စစ်ရေးအရ အရေးယူဆောင်ရွက်ပိုင်ခွင့်ကို ထိန်းသိမ်းထားနိုင်ရန် ဖိအားပေး သွားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

နေတန်ရာဟုသည် အီရန်၏ စစ်ရေးစွမ်းဆောင်ရည်နှင့် ပတ်သက်သည့် နောက်ဆုံးရ ထောက်လှမ်းရေးသတင်းအချက်အလက်များကို ထရန့်ထံ တင်ပြရန် စီစဉ်ထားသည်။

“ ၁၂ ရက်ကြာ စစ်ပွဲမတိုင်ခင်က အခြေအနေအတိုင်း အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည် လက်နက် တိုက်တွေနဲ့ စွမ်းဆောင်ရည်တွေကို ပြန်လည်ဖြည့်တင်းနေတဲ့အပေါ် အစ္စရေးက စိုးရိမ် နေတာပါ။ အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာမရှိရင် အီရန်ဟာ ရက်သတ္တပတ် ဒါမှမဟုတ် လပိုင်းအတွင်းမှာ ပဲ့ထိန်းဒုံးကျည် အစင်းရေ ၁,၈၀၀ ကနေ ၂,၀၀၀ အထိ ပိုင်ဆိုင်လာနိုင် တယ်လို့ အစ္စရေးက ခန့်မှန်းထားပါတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

CNN အနေဖြင့် အဆိုပါ ပြောကြားချက်များကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ အီရန်တာဝန်ရှိသူများကမူ တီဟီရန်အနေဖြင့် စစ်ပွဲကို မလိုလားသော်လည်း စစ်ဖြစ်လာပါက အသင့်ရှိနေကြောင်း ထပ်ခါတလဲလဲ ပြောဆိုထားသည်။

ဝါရှင်တန်သို့ မထွက်ခွာမီ နေတန်ရာဟုက ဗုဒ္ဓဟူးနေ့တွင် ထရန့်နှင့် တွေ့ဆုံမည့် အစီအစဉ်၌ အီရန်ကိစ္စသည် “ ပထမနှင့် အရေးကြီးဆုံး” ခေါင်းစဉ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုတွေ့ဆုံမှုသည် ထရန့်၏ ဒုတိယသက်တမ်း စတင်ပြီးနောက် ခေါင်းဆောင်နှစ်ဦးအကြား သတ္တမအကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်သည်။

“ ဒီခရီးစဉ်မှာ ကျွန်တော်တို့ ဂါဇာကိစ္စ၊ ဒေသတွင်းအရေးကိစ္စတွေအပြင် အဓိကအားဖြင့် အီရန်နဲ့ ဆွေးနွေးပွဲတွေအကြောင်း ပြောဆိုသွားမှာပါ။ ဆွေးနွေးပွဲရဲ့ မရှိမဖြစ် လိုအပ်တဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ အမြင်တွေကို သမ္မတထံ တင်ပြသွားမှာပါ။ ဒီမူဝါဒတွေဟာ အစ္စရေးအတွက်တင် မဟုတ်ဘဲ အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို လိုလားတဲ့ ကမ္ဘာပေါ်က မည်သူမဆိုအတွက် အရေးကြီးပါတယ်” ဟု လေယာဉ်ပေါ်မတက်မီ နေတန်ရာဟုက ပြောကြားခဲ့သည်။

ယခုတွေ့ဆုံမှုသည် မကြာသေးမီ သီတင်းပတ်များအတွင်း အဆင့်မြင့် အရာရှိကြီးများအကြား အပြန်အလှန် တွေ့ဆုံမှုများအပြီးတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ပြီးခဲ့သည့်လက အစ္စရေး စစ်ဘက် (IDF) စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အီယဲလ် ဇာမာ (Eyal Zamir) နှင့် ထောက်လှမ်းရေးဌာန အကြီးအကဲ ဗိုလ်ချုပ် ရှလိုမီ ဘင်ဒါ (Shlomi Binder) တို့သည် ပင်တဂွန်သို့ သွားရောက်ခဲ့ကြသလို၊ ပြီးခဲ့သည့်သီတင်းပတ်ကလည်း သမ္မတ၏ အထူးကိုယ်စားလှယ်များဖြစ်သော စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) နှင့် ဂျရက်ဒ် ကူးရှ်နာ (Jared Kushner) တို့သည် ဂျေရုဆလင်တွင် နေတန်ရာဟုနှင့် လုံခြုံရေးအရာရှိကြီးများကို တွေ့ဆုံခဲ့ကြသည်။

အီရန်နှင့် မည်သည့်သဘောတူညီချက်မဆိုတွင် တီဟီရန်အနေဖြင့် ၎င်း၏ သန့်စင်ပြီး ယူရေနီယံ လက်နက်တိုက်များကို စွန့်လွှတ်ရန်၊ ယူရေနီယံ သန့်စင်မှုအားလုံးကို ရပ်တန့်ရန်၊ ပဲ့ထိန်းဒုံးကျည် အစီအစဉ်ကို ကန့်သတ်ရန်နှင့် ဒေသတွင်းရှိ လက်ဝေခံအဖွဲ့များကို ထောက်ပံ့နေမှုများ အဆုံးသတ်ရန် အမေရိကန်က အာမခံချက်ပေးရန် အစ္စရေးက တွန်းအားပေးနေသည်။ ယင်းတောင်းဆိုချက်များသည် အီရန်၏ စစ်ရေးစွမ်းဆောင်ရည်နှင့် ဒေသတွင်း လှုပ်ရှားမှုများကို ပိုမိုကျယ်ပြန့်စွာ ဆွေးနွေးရန် အမေရိကန်၏ ယခင်တောင်းဆို ချက်များနှင့် ကိုက်ညီနေသည်။

သို့သော် အီရန်ကမူ နျူကလီးယားကိစ္စကိုသာ ဆွေးနွေးလိုကြောင်း အခိုင်အမာ ပြောဆို ထားသည်။ ပြီးခဲ့သည့် ရုံးပိတ်ရက်အတွင်း ထရန့်က အခြားသော အကြောင်းအရာများကို ချန်လှပ်ထားသည့် သဘောတူညီချက်မျိုးကို လက်ခံနိုင်ဖွယ်ရှိကြောင်း အရိပ်အယောင် ပြခဲ့သည်။ Air Force One လေယာဉ်ပေါ်တွင် သတင်းထောက်တစ်ဦးက “ နျူကလီးယားကိစ္စ တစ်ခုတည်းကိုပဲ အကျုံးဝင်တဲ့ သဘောတူညီချက်ကို လက်ခံနိုင်သလား” ဟု မေးမြန်းရာ ထရန့်က “ ဟုတ်ကဲ့၊ အဲဒါက လက်ခံနိုင်စရာပါ။ ဒါပေမဲ့ အဓိကအချက်ကတော့ နျူကလီးယားလက်နက် လုံးဝမရှိရဘူး ဆိုတာပါပဲ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ်အတွက် အဆိုးရွားဆုံး အခြေအနေမှာ “ အမေရိကန်က ယူရေနီယံ သန့်စင်မှုအပေါ်မှာပဲ ကန့်သတ်ချက်ထားပြီး ကျန်တာတွေကို လျစ်လျူရှုလိုက်တဲ့ ကျဉ်းမြောင်းတဲ့ နျူကလီးယား သဘောတူညီချက်မျိုးပဲ ဖြစ်တယ်” ဟု အစ္စရေး အမျိုးသားလုံခြုံရေး လေ့လာရေးဌာနမှ အီရန်အရေးကျွမ်းကျင်သူ ဒန်နီ စီထရင်နိုဝစ်ဇ် (Danny Citrinowicz) က Israel Hayom သတင်းစာတွင် ရေးသားခဲ့သည်။

“ နေတန်ရာဟုရဲ့ အမြင်အရ သူအလိုရှိဆုံး ရွေးချယ်စရာ နှစ်ခုကတော့ – အမေရိကန်ရဲ့ အင်အားသုံးမှုကြောင့် အီရန် စစ်ရေးအရ ရှုံးနိမ့်သွားဖို့၊ ဒါမှမဟုတ် အီရန်အစိုးရရဲ့ မိမိကိုယ်ကိုယ် ခုခံနိုင်စွမ်းကို အကုန်အစင် ဖျက်ဆီးပစ်နိုင်တဲ့ အလွန်ကျယ်ပြန့်တဲ့ သဘောတူညီချက်မျိုး ရရှိဖို့ပဲ ဖြစ်တယ်” ဟု ၎င်းက ဆက်လက်ရေးသားထားသည်။

နေတန်ရာဟုသည် ၂၀၁၅ ခုနှစ်က သမ္မတဟောင်း ဘားရတ်အိုဘားမား လက်ထက်တွင် ချုပ်ဆိုခဲ့သော အီရန်နျူကလီးယား သဘောတူညီချက် (JCPOA) ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သူဖြစ်သည်။ ယင်းသဘောတူညီချက်သည် အီရန်၏ စစ်ရေးစွမ်းဆောင်ရည်ကို မထိခိုက်စေဘဲ ၁၅ နှစ်အကြာတွင် ယူရေနီယံ သန့်စင်မှု ကန့်သတ်ချက်များကို ဖယ်ရှား ပေးထားခြင်းဖြစ်သည်ဟု ၎င်းက ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့သည်။ အကယ်၍ ထရန့်သည် အလားတူ သဘောတူညီချက်မျိုးကို လက်မှတ်ရေးထိုးမည်ဆိုပါက နေတန်ရာဟုအတွက် ဝေဖန်ရန် ပိုမိုခက်ခဲသွားမည်ဖြစ်သည်။

ဇွန်လအတွင်းက အီရန်၏ စစ်ရေးနှင့် နျူကလီးယားစက်ရုံများအပေါ် အစ္စရေး၏ အငိုက်ဖမ်း တိုက်ခိုက်မှုကြောင့် အမေရိကန်နှင့် အီရန်အကြား ဆွေးနွေးမှုများ ခေတ္တရပ်တန့်သွား ခဲ့ဖူး သည်။ ၁၂ ရက်ကြာ ဖြစ်ပွားခဲ့သော အစ္စရေး-အီရန် ပဋိပက္ခသည် ထရန့်က နေတန်ရာဟု အား နောက်ထပ် တိုက်ခိုက်မှုများကို ရပ်တန့်ရန် တောင်းဆိုပြီးနောက်တွင်မှ အဆုံးသတ် ခဲ့ခြင်း ဖြစ်သည်။

နေတန်ရာဟု၏ ဝါရှင်တန်ခရီးစဉ်ကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ကနဦး သတ်မှတ်ထားသော် လည်း၊ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace) အစည်းအဝေး မတိုင်မီ တစ်ရက် အလို ဖြစ်သည့် ယခုရုံးပိတ်ရက်တွင် နေတန်ရာဟု၏ တောင်းဆိုချက်အရ ခရီးစဉ်ကို ရှေ့တိုးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဂါဇာအပစ်အခတ်ရပ်စဲရေးကို နောက်တစ်ဆင့်သို့ မြှင့်တင်ရန် ဆွေးနွေးမည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ညီလာခံသို့ ၎င်းတက်ရောက်မည် မဟုတ်သည်မှာ မသေချာသေးပေ။ နေတန်ရာဟုသည် ပြီးခဲ့သည့်လက ဒါးဗို့စ်တွင် ကျင်းပခဲ့သော ထရန့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ အဖွင့်အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်း မရှိပေ။

ထရန့်သည် ဂါဇာအပစ်အခတ်ရပ်စဲရေးကို ဒုတိယအဆင့်သို့ ရောက်ရှိရန် တွန်းအားပေးနေပြီး ဂါဇာကို စီမံခန့်ခွဲမည့် ပါလက်စတိုင်း ပညာရှင်ကော်မတီနှင့် ဘုတ်အဖွဲ့ကိုလည်း ကြေညာ ထားပြီး ဖြစ်သည်။ ဇန်နဝါရီလတွင် နောက်ဆုံးကျန်ရှိနေသော အစ္စရေးဓားစာခံ၏ ရုပ်အလောင်းကို ပြန်လည်ရရှိပြီးနောက်၊ အစ္စရေးသည် ဂါဇာနှင့် အီဂျစ်အကြားရှိ ရာဖာ (Rafah) နယ်စပ်ဖြတ်ကျော်ဂိတ်ကို ပြီးခဲ့သည့်အပတ်က ကန့်သတ်ချက်ဖြင့် ပြန်လည် ဖွင့်လှစ် ပေးခဲ့သည်။ သို့သော်လည်း နေတန်ရာဟုကမူ ဂါဇာတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မစတင်မီ ဟားမတ်စ်တို့ လက်နက်စွန့်ရန် လိုအပ်ကြောင်း ဆက်လက်အလေးပေး ပြောကြားနေဆဲဖြစ်သည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့က အစ္စရေးသို့ ပြန်လည်သယ်ဆောင်လာခဲ့သည့် ဓားစာခံ ရန်ဂါဗီလီ (Ran Gvili) ၏ ဇန်နဝါရီ ၂၈ ရက် ဈာပနအခမ်းအနားတွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟု မိန့်ခွန်းပြောကြားနေစဉ်။ (ဓာတ်ပုံ – Chaim Goldberg/AFP/Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို
ကနေဒါ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ရုရှား၊ တရုတ်နှင့် အမေရိကန် – အီရန်စစ်ပွဲ၏ ကမ္ဘာ့အကျိုးအမြတ်ရရှိသူများနှင့် အရှုံးပေါ်သူများ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 20 Views
BBC- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများသည် ပဋိပက္ခကြောင့် ဟော်မုဇ် ရေလက်ကြား
နိုင်ငံတကာသတင်း အမေရိကန်

လွှတ်တော်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌက အက်ပ်စတိန်း (Epstein) စုံစမ်းစစ်ဆေးမှု အတွက် ရှေ့နေချုပ် ပမ် ဘွန်ဒီ (Pam Bondi) ကို ဆင့်ခေါ်

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် လွှတ်တော်ကြီးကြပ်ရေးကော်မတီ (House Oversight Committee) ဥက္ကဋ္ဌ ဂျိမ်းစ် ကိုးမား (James Comer) သည် ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein)
နိုင်ငံတကာသတင်း အမေရိကန်

တရားသူကြီးများအပေါ် ရန်လိုတိုက်ခိုက်မှုများ ‘ရပ်တန့်ရန် လိုအပ်ပြီ’ ဟု တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 16 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် တရားစီရင်ရေးကဏ္ဍအပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများ မပြုလုပ်ရန် တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် (John Roberts) က သတိပေးလိုက်ပြီး၊ တရားရုံး၏ ဆုံးဖြတ်ချက်များအပေါ် ဝေဖန်ခြင်းမှာ သင့်လျော်သော်လည်း
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်အစိုးရ၏ လုပ်ရပ်များကြောင့် အစ္စရေး၏ ကျဆင်းနေပြီးသား ပုံရိပ်ကို မည်သို့ ထိခိုက်စေနိုင်သနည်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်နှင့် အစ္စရေး ဆက်ဆံရေးအတွက် မကောင်းသော အချိန်အခါမျိုးတွင် အစ္စရေးနှင့် ပူးပေါင်းကာ အီရန်စစ်ပွဲကို စတင်ခဲ့သည်။ ပထမဆုံး တိုက်ခိုက်မှုများ မပြုလုပ်မီ တစ်ရက်အလိုတွင် Gallup
ဂျာမဏီ နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းစစ်ပွဲ၏ နောက်ဆုံးရအခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 20 Views
AFPသတင်း- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် ဟော်မုဇ်ရေလက်ကြားအရေး ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်ကို မက်ခရွန် မျှော်လင့်နေခဲ့ လက်ရှိ အပြန်အလှန် ပစ်ခတ်မှုများ ပြီးဆုံးသွားပါက ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းသွားလာမှု ဘေးကင်းလုံခြုံစေရန်အတွက် ကုလသမဂ္ဂဆိုင်ရာ မူဘောင်တစ်ရပ် ချမှတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ
ဂျပန် နိုင်ငံတကာသတင်း အမေရိကန်

ဂျပန်ဝန်ကြီးချုပ်က အီရန်အရေးနှင့်ပတ်သက်၍ ထရန့်ကို စိတ်ကျေနပ်အောင် ဖျောင်းဖျနိုင်ခဲ့သော်လည်း ပုလဲဆိပ်ကမ်း (Pearl Harbor)အကြောင်းနှင့် အံ့အားသင့် ဖွယ်ရာနှင့် ရင်ဆိုင်ခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 18 Views
AFP- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် ဂျပန်ဝန်ကြီးချုပ် စာနာအေ တာကာအီချီ (Sanae Takaichi) သည် ကြာသပတေးနေ့က အီရန်အရေးနှင့် ပတ်သက်၍ ဒေါ်နယ်ထရန့်နှင့် ဖြစ်ပွားနိုင်ခြေရှိသော ထိပ်တိုက်တွေ့ဆုံမှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သော်လည်း၊
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

စစ်မီးများ ကူးစက်ပျံ့နှံ့နေကြောင်း တရုတ်က သတိပေး၊ သို့သော် ရှီ-ထရမ့် တွေ့ဆုံပွဲကို ကြိုဆိုသည့် အရိပ်အယောင်ပြသ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက် ပေကျင်း/ဟောင်ကောင် — အီရန်တွင် စစ်ပွဲများ ပြင်းထန်နေစဉ် တရုတ်နိုင်ငံ၏ ထိပ်တန်း သံတမန်က မိမိတို့နိုင်ငံကို ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ကာကွယ်သူအဖြစ် ပုံဖော်ခဲ့ပြီး၊