နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား)

မိုးဗြဲအနောက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေ

ဖေဖော်ဝါရီလ (၂၆)ရက်။

မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ လာမောက်လာရွာနဲ့ လွယ်ယင်းမင်္ဂလာရွာထဲ စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ မိုးဗြဲ-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ နယ်မြေစိုးမိုးဖို့အတွက် အင်အားအလုံးရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေက ဒရုန်းတွေ၊ လက်နက်ကြီးတွေ အသုံးပြုပြီးတော့ စစ်ရှောင်ပြည်သူတွေကို ပစ်မှတ်ထား ရမ်းသမ်းပစ်ခတ်နေတာ” လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်ဟာ နယ်မြေစိုးမိုးဖို့အတွက် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး စစ်ရှောင်ပြည်သူတွေကို ပစ်မှတ်ထားကာ ဒရုန်း‌၊ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတယ်လို့ ဖော်ပြထားပါတယ်။

အခုလို ရမ်းသန်းပစ်ခတ်နေတာကြောင့် ပြည်သူတွေအနေနဲ့ သတိထား နေထိုင်ကြဖို့ မိုးဗြဲ-PDF က အသိပေးထားပါတယ်။

နောက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလဲ နယ်မြေရှင်းလင်းဖို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီအပါအဝင် PNO ပူးပေါင်းတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေ ကန်သတ်ထားတဲ့ နယ်မြေထဲ ဖြတ်သန်းသွားလာတာ လုံးဝမလုပ်ကြဖို့ သတိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

မိုးဗြဲမြို့ပြန်ရဖို့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ် ထိခိုက်သေဆုံးတာတွေနဲ့ ပြန်ဆုတ်သွား

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 1.13K Views
မတ်လ (၁၅)ရက်။ မနေ့က မိုးဗြဲမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ကို ပြန်လည်ထိုးစစ်ဆင်ခဲ့တာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေနဲ့ ပြန်ဆုတ်ခွာသွားတယ်လို့ KNDF ရဲ့
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ချင်းအမျိုးသားကောင်စီနဲ့ လက်တွဲသွားမယ်လို့ KNPP ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 1.12K Views
ဖေဖော်ဝါရီလ (၂၈)ရက်။ ချင်းပြည်ကောင်စီ(CC)နဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)တို့ ပေါင်းစည်းဖွဲ့စည်းမယ့် ချင်းအမျိုးသားကောင်စီ Chin National Council (CNC)နဲ့ လက်တွဲသွားမယ်လို့ KNPP
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ကရင်နီတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား ဘက်ပြောင်းခိုလှုံလာတယ်လို့ KNDF ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 1.12K Views
ဖေဖော်ဝါရီလ (၁၈)ရက်။ ကရင်နီ-ရှမ်းတောင် နယ်စပ်ဖြစ်တဲ့ မိုးဗြဲတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား တော်လှန်ရေးတပ်တွေဆီ ထွက်ပြေးခိုလှုံလာတယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီထိုးစစ်တွေနဲ့အတူ မိုးဗြဲမြို့မှာ ထိတွေ့တိုက်ပွဲတွေ နေ့တိုင်းဖြစ်ပွားနေပြီး ပြည်သူ့စစ်မှုထမ်းတွေနဲ့ ရှေ့တန်းစစ်မြေပြင်ကနေ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ကရင်နီမှာ ပြည်နယ်ခြား ဝင်/ထွက်ခွင့်ကတ် ပြုလုပ်ကန့်သတ်မယ်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 1.16K Views
ကရင်နီမှာ ပြည်နယ်ခြား ဝင်/ထွက်ခွင့်ကတ် ပြုလုပ်ကန့်သတ်မယ် ဖေဖော်ဝါရီလ (၁၂)ရက်။ ကရင်နီပြည်နယ်မှာ ပြည်နယ်ခြား ဝင်/ထွက်ခွင့်ကတ်နဲ့ ကြီးကြပ်ကန့်သတ်သွားမယ်လို့ Karenni-IEC လဝကရဲ့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကရင်နီပြည် လုံခြုံရေးအပါအဝင် ခရီးသွားပြည်သူ လုံခြုံရေးနဲ့ စနစ်တကျ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဘောလခဲမြို့ကနေ ပြည်သူတွေ (၁၀)ရက်အတွင်း ရှောင်ရှားကြဖို့ ကရင်နီတပ်ပေါင်းစု ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 1.16K Views
ဖေဖော်ဝါရီလ (၂)ရက်။ ဘောလခဲမြို့ကနေ ပြည်သူတွေ (၁၀)ရင်အတွင်း ရှောင်ရှားကြဖို့ KNDF အပါအဝင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဘောလခဲမြို့ထဲ စစ်ကောင်စီက စစ်အင်အားဖြည့်တင်းတာနဲ့ ရိက္ခာဆေးဝါးတွေ ဖြည့်တင်းတာတွေ နေ့တိုင်း ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

တလတာတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀)ကျော်သေဆုံးခဲ့တယ်လို့ KNDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 1.12K Views
ဖေဖော်ဝါရီလ (၂)ရက်။ ပြီးခဲ့တဲ့တလတာထဲ လွိုင်ကော်၊ ဘောလခဲနဲ့ ဖားဆောင်းအပြင် ကရင်နီ-ရှမ်းတောင်နယ်စပ်ရှိ မိုးဗြဲနဲ့ ဆီဆိုင်တို့မှာ စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လွိုင်ကော်မြို့မှာ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်တာတွေနဲ့
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

စစ်မှုထမ်းစုဆောင်းခံရပြီး ကရင်နီပြည်ရှေ့တန်းပို့ခံရတဲ့ စစ်ကောင်စီတပ်သား(၇)ဦး KNDF ထံ အလင်းဝင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 1.17K Views
ဇန်နဝါရီလ (၂၆)ရက်။ စစ်မှုထမ်းစုဆောင်းခံရပြီး ကရင်နီပြည်နယ် ရှေ့တန်းစစ်ဆင်ရေးတွေဆီ ပို့ဆောင်ခံရတဲ့ စစ်ကောင်စီတပ်သား (၇)ဦး ထွက်ပြေးခိုလှုံလာတယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၁၉)ရက်နေ့က လွိုင်ကော်မြို့ပြင်ရှိ ကင်းစခန်းတစ်ခုကနေ လက်နက်မဲ့ထွက်ပြေးလာတဲ့ ခမရ(၃၄၀)တပ်ရင်းက
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ရှမ်းမြောက်ကနေ ကရင်နီပြည်ပြန်ရောက်ပြီး ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ KNDF စစ်ဦးစီးတပ် ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 1.35K Views
ဇန်နဝါရီလ (၃)ရက်။ ရှမ်းမြောက်ကနေ ကရင်နီပြည်ပြန်ရောက်ပြီး ဆက်လက်တာဝန်ထမ်းဆောင်ကာ စစ်ရေးထဲ ပါဝင်လှုပ်ရှားနေတယ်လို့ KNDF အမှတ် (၆၀၆)စစ်ဦးစီးတပ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အမှတ် (၆၀၆)စစ်ဦးစီးတပ်အနေနဲ့ ရှမ်းမြောက်က ညီနောင်မဟာမိတ်(၆၁၁) တိုင်းရင်းသားတပ်မဟာမှာ စစ်ပညာသင် တာဝန်ထမ်းဆောင်ပြီး