နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးက ဗျူဟာမြောက် ထိန်းကျောင်းပြီး အီရန်နှင့် ဖြစ်ပွားနိုင်သော စစ်ပွဲအတွက် ပြင်ဆင်ရင်း ထရမ့်နှင့် ပဋိပက္ခမဖြစ်အောင် ကြိုးပမ်းနေရ

CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်

ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်း (Gen. Dan Caine) သည် အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် စစ်ရေးရွေးချယ်စရာများကို မူကြမ်းရေးဆွဲနေစဉ်အတွင်း ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များမှ ထိပ်တန်းအရာရှိကြီးများကို ၎င်း၏ရုံးခန်းသို့ တိတ်တဆိတ် ဆင့်ခေါ်မှု များ ဆက်တိုက်လုပ်ဆောင်နေခဲ့သည်။

ပုံမှန်အားဖြင့် အကဲဆတ်သော စစ်ဆင်ရေးများကို ပင်တဂွန်စစ်ဌာနချုပ်ရှိ “ The Tank” ဟု လူသိများသည့် လုံခြုံရေးအင်မတန်တင်းကျပ်သော အစည်းအဝေးခန်းမတွင် ဆွေးနွေးလေ့ ရှိသည်။ သို့သော် သတင်းပေါက်ကြားမှုကို အထူးဂရုစိုက်သည့် ယခုအစိုးရလက်ထက်တွင် လျှို့ဝှက်ချက်ကို အလွန်ထိန်းသိမ်းတတ်သူအဖြစ် လူသိများသော ကိန်းသည် တပ်ဖွဲ့အသီးသီး မှ အကြီးအကဲများကို စစ်ဌာနချုပ်၏ အချက်အခြာနေရာသို့ အချိန်တိုအတွင်း စုဝေးစေခြင်း က သံသယပွားစရာ ဖြစ်လာမည်ကို စိုးရိမ်ခဲ့ကြောင်း နီးစပ်သည့် သတင်းရင်းမြစ်များက ဆိုသည်။

ပင်တဂွန်တွင် ပြုလုပ်သည့် အဆိုပါအစည်းအဝေးများ၌ ကိန်းသည် အီရန်ကို ပစ်မှတ် ထားသည့် အကြီးစားစစ်ဆင်ရေးတစ်ခု ဆင်နွှဲခြင်း၏ ဆိုးကျိုးများကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။ ၎င်းက စစ်ဆင်ရေး၏ အတိုင်းအတာ၊ ရှုပ်ထွေးမှုနှင့် အမေရိကန် တပ်ဖွဲ့ ဝင်များ အသေအပျောက်ရှိနိုင်ခြေတို့အပေါ် စိုးရိမ်ပူပန်မှုများကို တင်ပြခဲ့ကြောင်း ၎င်း၏ အကြံပေးချက်များကို သိရှိသူများက ပြောသည်။

သို့သော် အဆိုပါ စိုးရိမ်ပူပန်မှုများသည် အိမ်ဖြူတော်မှ ထွက်ပေါ်လာသည့် လေသံများနှင့်မူ ထပ်တူမကျပေ။ သမ္မတ ဒေါ်နယ်ထရမ့် ကမူ အမေရိကန်စစ်တပ်အနေဖြင့် မည်မျှလွယ်ကူစွာ အောင်ပွဲရနိုင်မည်ကို အသားပေးပြောဆိုနေသော်လည်း ထိုအောင်ပွဲ၏ တိကျသော ပုံဖော်ချက်ကိုမူ ရှင်းရှင်းလင်းလင်း မရှိသေးပေ။

ကိန်းသည် ၎င်း၏အရင် ရာထူးရယူခဲ့သူ ဗိုလ်ချုပ်ကြီး မာ့ခ် မီလေ (Gen. Mark Milley) ၏ အမှားများကို မကျူးလွန်မိစေရန်နှင့် ထရမ့်အပေါ် ၎င်း၏ ဩဇာလွှမ်းမိုးမှုကို ထိန်းထားနိုင်ရန် ဆုံးဖြတ်ထားကြောင်း သိရသည်။ မီလေသည် ပထမသက်တမ်းအတွင်း ဆန္ဒပြပွဲများကို နှိမ်နင်းရန် ပြည်တွင်း၌ စစ်တပ်ချထားရေးကဲ့သို့သော ကိစ္စများတွင် ထရမ့်နှင့် တိုက်ရိုက် သဘောထား ကွဲလွဲခဲ့ဖူးပြီး၊ စိုးရိမ်နေသော မဟာမိတ်များနှင့် ရန်သူများကို စိတ်အေးစေရန် ထရမ့်၏ ပြင်းထန်သော ပြောဆိုချက်များကို သီးသန့်ပြန်လည် ချော့မော့ပြောဆိုလေ့ရှိသည်။

ကိန်းအတွက်မူ မီလေ၏ နည်းလမ်းကို ရှောင်ရှားခြင်းဆိုသည်မှာ ထရမ့်အနီးတွင် ပိုမိုဣန္ဒြေ စောင့်ခြင်းနှင့် အီရန်ကိစ္စ အပါအဝင် ဆုံးဖြတ်ချက်များအပေါ် တိုက်ရိုက်ဝင်ရောက် စွက်ဖက် ခြင်း ကို ရှောင်ကြဉ်ခြင်းပင် ဖြစ်သည်။ ၎င်းသည် ထရမ့်၏ ထိပ်တန်းစစ်ဘက် အကြံပေး အဖြစ် တာဝန်ယူခဲ့သည့် တစ်နှစ်တာအတွင်း စိတ်အပြောင်းအလဲမြန်သော သမ္မတနှင့် တိုက်ရိုက်ပဋိပက္ခမဖြစ်စေရန် ထိန်းကျောင်းရင်း၊ တစ်ဖက်တွင်လည်း ကျွမ်းကျင်သော စစ်ဘက်ဆိုင်ရာ လမ်းညွှန်မှုများကို ပေးနိုင်ရန် ကြိုးစားနေရသည့် ခက်ခဲသော အနေအထား (Tightrope walk) တွင် ရှိနေသည်။

အချို့ကမူ ကိန်းသည် ထရမ့်အပေါ် ပြတ်သားမှု မရှိဟု ဝေဖန်ကြသည်။ “ သူကတော့ လက်သီး ပုန်းပဲ သိမ်းထားတာပါ” ဟု ကိန်းနှင့် ထရမ့်တို့၏ ဆက်ဆံရေးကို သိရှိသူတစ်ဦးက ၎င်း၏ အိမ်ဖြူတော်မှ ပြောဆိုချက်များနှင့် စစ်ဘက်ခေါင်းဆောင်များနှင့် သီးသန့်ဆွေးနွေး ချက်များ ကို နှိုင်းယှဉ်ကာ ပြောကြားခဲ့သည်။

အတွင်းပိုင်း၌ ကိန်းက စိုးရိမ်မှုများ တင်ပြနေသော်လည်း၊ လွန်ခဲ့သည့် တစ်လအတွင်း ၎င်းသည် အီရတ်ကျူးကျော်စစ်နောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသတွင် အကြီးမားဆုံးသော အမေရိကန် စစ်လက်နက်ပစ္စည်းများ စုဖွဲ့မှုကို စီစဉ်ညွှန်ကြားခဲ့သည်။

ကိန်း၏ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်မှုအပေါ် တင်ပြချက်များသည် လက်ရှိနှင့် အရာရှိဟောင်း ၁၀ ဦးကို မေးမြန်းချက်များအပေါ် အခြေခံထားခြင်း ဖြစ်သည်။

ပူးတွဲစစ်ဦးစီးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျိုး ဟိုးစတက် (Joe Holstead) က CNN သို့ ပေးပို့သော ထုတ်ပြန်ချက်တွင် “ ဗိုလ်ချုပ်ကြီး ကိန်းသည် မိမိတို့ တပ်ဖွဲ့ဝင်များကို အန္တရာယ်အတွင်းသို့ တွန်းပို့နိုင်သည့် စစ်ရေးရွေးချယ်စရာများကို ဆွေးနွေးရာတွင် မည်သည့်အခါမျှ ‘လက်သီးပုန်း သိမ်းထားလေ့’ မရှိပါ” ဟု ဆိုသည်။

“ ဥက္ကဋ္ဌ၏ အခန်းကဏ္ဍသည် သမ္မတ၊ စစ်ဝန်ကြီး (Secretary of War) နှင့် အမျိုးသား လုံခြုံရေးကောင်စီတို့အား စစ်ဘက်ဆိုင်ရာ အကြံဉာဏ်ပေးရန် ဥပဒေအရ သတ်မှတ် ထားသည့် တာဝန်ဖြစ်သည်။ ဗိုလ်ချုပ်ကြီးသည် စစ်ရေးရွေးချယ်စရာ အစုံအလင်ကို နောက်ဆက်တွဲ သက်ရောက်မှုများ၊ အန္တရာယ်များနှင့်အတူ လျှို့ဝှက်စွာ တင်ပြခြင်းဖြင့် ဤတာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်သည်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

F-16 တိုက်လေယာဉ်မှူးဟောင်း နှင့် CIA ၏ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးအရာရှိအဖြစ် တာဝန်ယူခဲ့သူ ကိန်းသည် ၎င်း၏ ကိုယ်ပိုင်သဘောထားကို ထုတ်ဖော်ပြောဆိုခဲသည်။ ၎င်းကို ထောက်ခံသူများကမူ ၎င်းသည် ဥက္ကဋ္ဌတစ်ဦး လုပ်ဆောင်သင့်သည်ကို လုပ်နေခြင်းဖြစ် ကြောင်း ၊ သမ္မတ၏ မူဝါဒများ အကောင်အထည်ဖော်နိုင်ရန် အကောင်းဆုံး စစ်ဘက် အကြံဉာဏ် ပေးရမည်ဖြစ်ပြီး မူဝါဒများကို ဗိုလ်ချုပ်ကြီးက ဆုံးဖြတ်ရန် မဟုတ်ကြောင်း ပြောဆိုကြသည်။

ထရမ့်သည် အီရန်၏ ဒုံးကျည်နှင့် နျူကလီးယား အဆောက်အအုံများကို တိုက်ခိုက်ခြင်း မှသည် အစိုးရအပြောင်းအလဲဖြစ်စေရန် အီရန်ထိပ်တန်းခေါင်းဆောင်များကို ရှင်းလင်းခြင်း အထိ ကျယ်ပြန့်သော စစ်ရေးစီမံချက်များကို ရေးဆွဲရန် ကိန်းကို သီတင်းပတ်ပေါင်းများစွာ ဖိအားပေးခဲ့သည်။ ထိုစစ်ရေးရွေးချယ်စရာများကို လာမည့် ကြာသပတေးနေ့တွင် ပြုလုပ်မည့် သံတမန်ရေးရာ ဆွေးနွေးမှုများနှင့်အပြိုင် စီစဉ်နေခြင်းဖြစ်သည်။

သို့သော် လွန်ခဲ့သည့်အပတ်က Situation Room တွင် ပြုလုပ်သည့် အီရန်အရေး အစည်း အဝေး၌ (သတ်မှတ်ချိန်ထက် ၃ ဆ ပိုကြာမြင့်ခဲ့သည်) ကိန်းသည် အစိုးရအပြောင်းအလဲ လုပ်ပါက မည်သို့သော ရလဒ်ထွက်ပေါ်လာမည်ကို မခန့်မှန်းနိုင်ခဲ့ကြောင်း သတင်းရင်းမြစ် များက ဆိုသည်။ လွန်ခဲ့သည့် ဇန်နဝါရီလက ဗင်နီဇွဲလားခေါင်းဆောင်ကို လျင်မြန်စွာ ဖမ်းဆီး နိုင်ခဲ့သည့် စစ်ဆင်ရေးတွင်မူ ကိန်းက ပိုမိုယုံကြည်မှုရှိခဲ့သည်။

ထရမ့်က စစ်တပ်ကို နိုင်ငံရေးအရ အသုံးချနေသော်လည်း၊ ကိန်းကမူ ၎င်း၏ရာထူးနှင့် စစ်တပ်အပေါ် ယုံကြည်မှု ပြန်လည်ရရှိရန် သီးသန့်ကြိုးပမ်းနေခြင်းသည် ၎င်း၏ ခက်ခဲသော ထိန်းကျောင်းမှုပင်ဖြစ်သည်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အန်နာ ကယ်လီ ကမူ ကိန်းသည် “ ဘက်လိုက်မှုမရှိသော သတင်းအချက်အလက်များကို ပေးစွမ်းနိုင်သည့် အလွန် လေးစားအပ်သော ပညာရှင်ဖြစ်သည်” ဟု တုံ့ပြန်ခဲ့သည်။

ကိန်းသည် ထရမ့်၏ ယုံကြည်မှုကို ရရှိရန် အပတ်တကုတ် ကြိုးစားခဲ့ပြီး အိမ်ဖြူတော်အတွင်း ၌ပင် ရုံးခန်းတစ်ခု ရရှိရန် ကြိုးပမ်းခဲ့ဖူးသည်။ ၎င်းသည် ထရမ့်၏ အရင်းနှီးဆုံးအသိုင်းအဝိုင်း (Inner Circle) တွင် ပါဝင်ပြီး ဒုသမ္မတဒီဂျေဗန့်စ်၊ နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယို နှင့် အိမ်ဖြူတော် စစ်ဦးစီးချုပ် ဆူဆီဝိုင်းလ် တို့နှင့်အတူ ရှိနေသည်။ ၎င်းသည် ကာကွယ်ရေး ဝန်ကြီး ပိ့ဟက်ဆက် ထက်ပင် ထရမ့်၏ ယုံကြည်မှုကို ပိုမိုရရှိထားကြောင်း သိရသည်။

သမ္မတ ထရမ့်သည် မကြာသေးမီက လူမှုကွန်ရက်တွင် “ ဗိုလ်ချုပ်ကြီး ကိန်းသည် ကျွန်ုပ်တို့အားလုံးကဲ့သို့ပင် စစ်မဖြစ်လိုသော်လည်း၊ အကယ်၍ အီရန်ကို တိုက်ခိုက်ရန် ဆုံးဖြတ်ပါက အလွယ်တကူ အောင်နိုင်မည်ဟု သူက ယူဆထားသည်။ သူသိတာ တစ်ခုပဲ ရှိတယ်၊ အဲဒါက ‘အနိုင်ရဖို့’ ပဲ” ဟု ရေးသားကာ ကိန်းအပေါ် ယုံကြည်မှုကို ပြသခဲ့သည်။

အားမပေးနဲ့၊ တုံ့ပြန်မှု မလုပ်နဲ့”

လွန်ခဲ့သည့် စက်တင်ဘာလက ကာကွယ်ရေးဝန်ကြီး ဟက်ဆက် က ထိပ်တန်းအရာရှိ ရာပေါင်းများစွာကို ထရမ့်၏ မိန့်ခွန်းနားထောင်ရန် ဆင့်ခေါ်ခဲ့စဉ်က၊ ကိန်းသည် ဤပွဲသည် နိုင်ငံရေးဘက်သို့ နွယ်သွားနိုင်သည်ကို ရိပ်မိခဲ့သည်။ ထို့ကြောင့် ၎င်းက ဗိုလ်ချုပ်ကြီးများကို “ အားမပေးကြနဲ့၊ တုံ့ပြန်မှု မလုပ်နဲ့၊ နိုင်ငံရေးကင်းစင်တဲ့ စစ်တပ်ရဲ့ ထုံးတမ်းစဉ်လာအတိုင်း တည်တည်ငြိမ်ငြိမ်ပဲ နေကြပါ” ဟု သီးသန့် အကြံပေးခဲ့သည်။

ထိုပွဲတွင် အရာရှိများ၏ တုံ့ပြန်မှု မရှိခြင်းကြောင့် ထရမ့်က “ ဒီလောက် တိတ်ဆိတ်တဲ့ အခန်းထဲကို ငါ တစ်ခါမှ မဝင်ဖူးဘူး။ လက်ခုပ်တီးချင်ရင် တီးကြပါ” ဟု စိတ်ပျက်လက်ပျက် ပြောဆိုခဲ့သည်။

ကိန်း၏ လမ်းကြောင်းသည် အလွန်ထူးခြားသည်။ ၎င်းသည် ၂၀၂၄ ခုနှစ်တွင် အငြိမ်းစား ယူခဲ့သော်လည်း ထရမ့်က ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ထိပ်တန်းကြယ် လေးပွင့် ဗိုလ်ချုပ်ကြီး ၃၈ ဦးကို ကျော်တက်ကာ ခန့်အပ်ခံခဲ့ရသူ ဖြစ်သည်။

ယခုအခါ ကိန်းသည် အီရန်နှင့် ဗင်နီဇွဲလားအရေးတို့တွင် ထရမ့်အား စစ်ရေးရွေးချယ်စရာများ ပံ့ပိုးပေးနေရသော်လည်း၊ တစ်ဖက်တွင်လည်း ကာကွယ်ရေးဝန်ကြီး ဟက်ဆက်၏ အတွေ့ အကြုံနည်းပါးမှုနှင့် နိုင်ငံရေးဆန်သော ဆုံးဖြတ်ချက်များကို ထိန်းကျောင်းပေးနေသည့် “ အသုံးဝင်သော တန်ပြန်အား” (Counterbalance) အဖြစ် စစ်ဘက်အရာရှိများက မြင်ကြသည်။

အဆုံးသတ်တွင်မူ ကိန်းသည် အစိုးရအဖွဲ့၏ နိုင်ငံရေး ဖိအားများနှင့် စစ်တပ်၏ ဂုဏ်သိက္ခာ ကြားတွင် အတိမ်းအစောင်းမခံဘဲ လျှောက်လှမ်းနေရသူ ဖြစ်သည်။ စစ်ဘက်အရာရှိဟောင်း တစ်ဦးက “ နောက်ဆုံးတော့ ကိန်းလို လူတွေကလည်း ဒါကို မပျော်ပိုက်ကြပါဘူး… ဒါပေမဲ့ ဒါဟာ အရပ်ဘက်က စစ်ဘက်ကို ထိန်းချုပ်တဲ့ စနစ်ရဲ့ သဘောသဘာဝပဲဆိုတာ သူ နားလည် ထားတယ်” ဟု ဆိုခဲ့သည်။

ဗိုလ်ချုပ်ကြီး ဒန်ကိန်းသည် ဇန်နဝါရီ ၃ ရက်နေ့က Palm Beach ရှိ Mar-a-Lago ကလပ်တွင် သမ္မတ ဒေါ်နယ်ထရမ့်နှင့်အတူ သတင်းစာရှင်းလင်းပွဲ၌ စကားပြောကြားနေစဉ်။ (Joe Raedle/Getty Images)

ဖေဖော်ဝါရီ ၁၂ ရက်နေ့က အာရေဗျပင်လယ်ပြင်အတွင်းရှိ USS Abraham Lincoln လေယာဉ်တင်သင်္ဘောပေါ်မှ ပျံသန်းနေသော F/A-18E Super Hornet တိုက်လေယာဉ် နှစ်စင်း။ (Petty Officer 3rd Class Sonny Es/US Navy)

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့က ဗာဂျီးနီးယားပြည်နယ်၊ Quantico ရှိ Marine Corps အခြေစိုက်စခန်းတွင် ထိပ်တန်းစစ်အရာရှိများကို သမ္မတ ထရမ့် မိန့်ခွန်းပြောကြားနေစဉ်။ (Jim Watson/AFP/Getty Images)

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဗင်နီဇွဲလားနိုင်ငံ၏ အခြေအနေနှင့်ပတ်သက်၍ အထက်လွှတ်တော်အမတ်အားလုံးအတွက် လျှို့ဝှက်ရှင်းလင်းပွဲအတွက် ဗိုလ်ချုပ်ကြီး ဒန်ကိန်း ရောက်ရှိလာစဉ်။ (Jonathan Ernst/Reuters)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

အီရန်စစ်ပွဲနှင့် ပတ်သက်၍ ထရမ့်ခန့်အပ်ထားသူ ဂျိုးကန့် နုတ်ထွက်ခြင်း၏ အရေးပါမှု

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက် အီရန်စစ်ပွဲအပေါ် ရှေးရိုးစွဲဝါဒီများ၏ ပြည်တွင်းအငြင်းပွားမှုသည် အင်္ဂါနေ့တွင် အဆင့်သစ်တစ်ခုသို့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

အီတလီက မြေထဲပင်လယ်အတွင်း ရုရှားရေနံတင်သင်္ဘော အချိန်မရွေး ပေါက်ကွဲနိုင်သည်ဟု သတိပေး

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 11 Views
ရောမမြို့ ။ ပိတ်ဆို့အရေးယူခံထားရသည့် သဘာဝဓာတ်ငွေ့ရည် (LNG) များ တင်ဆောင်လာသော ရုရှားရေနံတင်သင်္ဘောတစ်စင်းသည် သင်္ဘောသားတစ်ဦးမျှမပါဘဲ၊ ဘေးဘက်တွင်လည်း အပေါက်ကြီးတစ်ပေါက်ဖြင့် မြေထဲပင်လယ်အတွင်း ထိန်းချုပ်မှုမဲ့ မျောပါနေသည်။ ယင်းအခြေအနေကြောင့် “ ကြီးမားသော ဂေဟစနစ်ဆိုင်ရာ ဘေးအန္တရာယ် တစ်ခု
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ

သူသည် စစ်ပွဲသူရဲကောင်းအဖြစ် အိမ်ပြန်လာခဲ့သည်။ သို့သော် တံခါးပိတ်ထားသည့် နောက်ကွယ်တွင်မူ သူသည် အာဏာရှင်တစ်ဦး ဖြစ်လာခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 106 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ယူကရိန်းစစ်ပွဲ ကိယက်ဗ်မြို့ —အလီစာ (Alisa) သည် သူမ၏ခင်ပွန်း သူမအား ပထမဆုံး အကြိမ် နာကျင်အောင်ပြုလုပ်ခဲ့သည့် အချိန်ကို မှတ်မိနေဆဲဖြစ်သည်။ ယူကရိန်းအရှေ့ပိုင်း ရှေ့တန်းစစ်မျက်နှာမှ ခွင့်ဖြင့်ပြန်လာစဉ် ခင်ပွန်းဖြစ်သူသည်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် အီရန်

အီရန်နိုင်ငံတွင် ထရမ့် ရွေးချယ်လိုက်သော စစ်ပွဲသည် ပူတင်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာစေခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 54 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အကျပ်အတည်းများကြားမှ အခွင့်အလမ်းကို မည်သို့ရှာဖွေရမည်ကို ကောင်းစွာသိရှိပြီး၊ ယခု ပြန့်နှံ့လာနေသော အီရန်စစ်ပွဲသည်လည်း နောက်ထပ် သာဓကတစ်ခုပင် ဖြစ်သည်။ ပူတင်သည် ယူကရိန်းကို သိမ်းပိုက်ရေး စစ်ဆင်ရေးနှင့်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား လုံခြုံရေးအတွက် နိုင်ငံများမှ ကူညီခြင်းမရှိပါက နေတိုး (NATO) အဖွဲ့အတွက် ‘အလွန်ဆိုးရွားသော အနာဂတ်’ ရှိလာနိုင်ကြောင်း ထရမ့် သတိပေး

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 41 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုအသစ်များ ပြင်းထန်နေစဉ် လ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့အပေါ် “အကန့်အသတ်ရှိပြီး ရည်မှန်းချက်ထားသည့်” မြေပြင်စစ်ဆင်ရေးများ စတင်ကြောင်း အစ္စရေးက ကြေညာလိုက်သည်။ သမ္မတ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကမ္ဘာတစ်ဝှမ်း ရိုက်ခတ်မှုများ ဖြစ်ပေါ်နေပုံ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 45 Views
BBC – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက် “ Operation Epic Fury” ဟု အမည်ပေးထားသော စစ်ဆင်ရေးစတင်ခဲ့သည်မှာ နှစ်ပတ်ရှိလာ ပြီဖြစ်ပြီး ၎င်း၏ နောက်ဆက်တွဲအကျိုးဆက်များကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ခံစားနေကြ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 47 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား (Strait of Hormuz) ပိတ်ဆို့သွားနိုင်ခြေကို မှားယွင်းတွက်ချက် ခဲ့ကြောင်း ဖော်ပြ ထားသည်။