နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က အီရန်ကို တိုက်ခိုက်နိုင်ခြေရှိ နေပြီး တီဟီရန်က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေ

CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်

အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်ပြည်ထောင်စု၏ စစ်ရေးအင်အား တည်ဆောက်မှု သိသိသာသာ မြင့်တက်လာသည်နှင့်အမျှ၊ အီရန်နိုင်ငံသည်လည်း ၎င်း၏ နျူကလီးယား စခန်း များကို ခိုင်ခံ့အောင်ပြုလုပ်ခြင်းနှင့် ဒုံးကျည်ထုတ်လုပ်ရေးစက်ရုံများကို ပြန်လည် တည်ဆောက် ခြင်း အပါအဝင် စစ်ပွဲအတွက် အသင့်ဖြစ်နေကြောင်း အချက်ပြသည့် အဆင့်ဆင့်ကို လုပ်ဆောင်လာခဲ့သည်။

အီရန်နှင့် အမေရိကန် စေ့စပ်ညှိနှိုင်းရေးမှူးများသည် အင်္ဂါနေ့က ဂျီနီဗာမြို့တွင် သုံးနာရီခွဲကြာ သွယ်ဝိုက်သောနည်းဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ရှင်းလင်းသော ပြေလည်မှု တစ်စုံတစ်ရာ မရရှိဘဲ ပြီးဆုံးခဲ့သည်။ အီရန် ထိပ်တန်းသံတမန် အဘတ်စ် အရတ်ဂ်ချီ (Abbas Araghchi) က နှစ်ဖက်စလုံးသည် “ လမ်းညွှန်အခြေခံမူများ” အချို့အပေါ် သဘောတူညီခဲ့ ကြသည်ဟု ဆိုသော်လည်း၊ အမေရိကန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် (JD Vance) ကမူ အီရန်ဘက်က သမ္မတ ဒေါ်နယ်ထရမ့် သတ်မှတ်ထားသည့် “ မျဥ်းနီလိုင်းများ (Red Lines)” ကို အသိအမှတ်ပြုခြင်း မရှိဟု ပြောကြားခဲ့သည်။

ဆွေးနွေးပွဲများ ဆက်လက်ရှိနေသော်လည်း၊ အရှေ့အလယ်ပိုင်းတွင် လေကြောင်းနှင့် ရေကြောင်းပိုင်ဆိုင်မှုများကို မကြာသေးမီရက်ပိုင်းအတွင်း တိုးမြှင့်လိုက်ပြီးနောက်၊ ယခုသီတင်းပတ်ကုန်တွင် အမေရိကန်စစ်တပ်က တိုက်ခိုက်မှုတစ်ခုအတွက် အသင့်ဖြစ် နိုင်ကြောင်း အိမ်ဖြူတော်သို့ အစီရင်ခံစာတင်ပြထားသည်ဟု အဆိုပါကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက CNN သို့ ပြောကြားခဲ့သည်။

စစ်ပွဲခြိမ်းခြောက်မှုများကြားတွင် အီရန်သည် မကြာသေးမီလများအတွင်း အရေးပါသော ဒုံးကျည်စက်ရုံများနှင့် ပြင်းထန်စွာ ပျက်စီးခဲ့သော လေတပ်စခန်းများကို ပြန်လည်ပြုပြင်ခြင်း၊ ၎င်း၏ နျူကလီးယားအစီအစဉ်ကို ပိုမိုလျှို့ဝှက်စွာ လုပ်ဆောင်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ထို့အပြင် အမျိုးသားလုံခြုံရေးဆိုင်ရာ အဆောက်အအုံများတွင် စစ်ပြန်များကို ခန့်အပ်ခြင်း၊ ပါရှန်းကွေ့တွင် ရေကြောင်းစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်းနှင့် ပြည်တွင်းမှ သဘောထား ကွဲလွဲသူများကို ပြင်းပြင်းထန်ထန် နှိမ်နင်းခြင်းများကို လုပ်ဆောင်ခဲ့သည်။

ပြန်လည်ပြုပြင်မှုများ

ပြီးခဲ့သည့်နှစ် ဇွန်လတွင် အစ္စရေးက အီရန်အပေါ် အလစ်အငိုက် တိုက်ခိုက်မှုတစ်ခု ပြုလုပ် ခဲ့ရာ အီရန်နျူကလီးယားအစီအစဉ်၏ အစိတ်အပိုင်းအချို့ ပျက်စီးခဲ့ပြီး၊ ဒုံးကျည်ထုတ်လုပ် ရေး စခန်းများ ပြင်းထန်စွာ ထိခိုက်ကာ အဓိက စစ်ဘက်ခေါင်းဆောင်များ သေဆုံးခဲ့သည်။

ထို့နောက် ဖြစ်ပွားခဲ့သော ၁၂ ရက်ကြာ ပဋိပက္ခအတွင်း အီရန်က အစ္စရေးမြို့များသို့ ဒုံးကျည်နှင့် ဒရုန်း ရာပေါင်းများစွာဖြင့် လက်တုံ့ပြန်ခဲ့ပြီး၊ အမေရိကန်က အီရန်နျူကလီးယား စခန်း သုံးခုကို တိုက်ခိုက်ခဲ့သည်။ ထိုစဉ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပါ စခန်းများ “ လုံးဝပျက်စီးသွားပြီ” ဟု ပြောကြားခဲ့သည်။

အနောက်နိုင်ငံများသည် တီဟီရန်က ၎င်း၏စစ်ရေးအင်အားနှင့် ကိုယ်ပိုင်ခုခံကာကွယ်ခွင့်၏ အဓိကမဏ္ဍိုင်အဖြစ် ရှုမြင်ထားသော ဒုံးကျည်အစီအစဉ်ကို ကန့်သတ်ရန် ဖျောင်းဖျရာတွင် အစဉ်တစိုက် ကျရှုံးခဲ့သည်။ အစ္စရေးနှင့် စစ်ပွဲတွင် ကြီးမားသော ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရ သော်လည်း ဂြိုဟ်တုဓာတ်ပုံများကို ခွဲခြမ်းစိတ်ဖြာချက်အရ အီရန်သည် ပျက်စီးသွားသော ဒုံးကျည်စက်ရုံများကို ပြန်လည်တည်ဆောက်ထားကြောင်း တွေ့ရသည်။

ဇန်နဝါရီ ၅ ရက်က ရိုက်ကူးထားသော ခိုရန်မာဘတ် (Khorramabad) ရှိ အီမမ်အလီ ဒုံးကျည်အခြေစိုက်စခန်း၏ ဂြိုဟ်တုဓာတ်ပုံများအရ အစ္စရေးက ဖျက်ဆီးခဲ့သော အဆောက်အအုံ ၁၂ ခုအနက် ၃ ခုကို ပြန်လည်တည်ဆောက်ပြီး၊ ၁ ခုကို ပြုပြင်ထားကာ အခြား ၃ ခုမှာ လက်ရှိတွင် ဆောက်လုပ်ဆဲဖြစ်ကြောင်း ပြသနေသည်။ အဆိုပါစခန်းသည် ပဲ့ထိန်းဒုံးကျည်များ ပစ်ခတ်ရန်အတွက် အရေးပါသော မြေအောက်ဒုံးကျည်ကျင်း (Silo) များရှိသည့်နေရာ ဖြစ်သည်။

အခြားသော စစ်အခြေစိုက်စခန်းနှစ်ခုကိုလည်း အကြီးအကျယ် ပြုပြင်ခဲ့သည်။ အီရန်၏ အလတ်စားပဲ့ထိန်းဒုံးကျည်များနှင့် ဆက်နွှယ်နေသော အနောက်မြောက်ပိုင်း တာဘရစ်ဇ် (Tabriz) လေတပ်စခန်းရှိ လေယာဉ်ပြေးလမ်းများကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင် ထားသည်။ မြို့၏မြောက်ဘက်ရှိ အခြားဒုံးကျည်အခြေစိုက်စခန်းတစ်ခုတွင်လည်း စစ်ပွဲအပြီး အကြီးစားလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။ ဗုံးကြဲခံရ၍ ပိတ်သွားသော ဝင်ပေါက်အားလုံးကို ပြန်ဖွင့်ခဲ့ပြီး၊ အဝင်ဝရှိ အထောက်အကူပြုဧရိယာအများစုကို ပြန်လည်တည်ဆောက်ကာ မြေအောက်ဥမင်အချို့ကို ယခုအခါ ဖွင့်လှစ်ထားကြောင်း CNN နှင့် CNS သုတေသီ ဆမ်လဲယား (Sam Lair) တို့၏ ခွဲခြမ်းစိတ်ဖြာချက်အရ သိရသည်။

အနောက်ပိုင်းရှိ ဟာမာဒန် (Hamadan) လေတပ်စခန်းတွင်လည်း လေယာဉ်ပြေးလမ်းပေါ်ရှိ ဗုံးကျင်းများကို ပြန်လည်ဖုံးအုပ်ပြီး လေယာဉ်ဂိုဒေါင်များကို ပြုပြင်ထားသည်။ ထို့အပြင် အီရန်သည် ရှာရုဒ် (Shahrud) ရှိ ၎င်း၏အကြီးဆုံးနှင့် အသစ်ဆုံး အခဲလောင်စာသုံး ဒုံးကျည်ထုတ်လုပ်ရေးစက်ရုံကိုလည်း လျင်မြန်စွာ ပြန်လည်တည်ဆောက်ခဲ့သည်။ ဤနည်းပညာသည် တာဝေးပစ်ဒုံးကျည်များကို လျင်မြန်စွာ တပ်ဖြန့်နိုင်စေသည်။

“ ကျွန်တော့်အမြင်အရ အရေးကြီးဆုံးနေရာက ရှာရုဒ်ပါပဲ။ အဲဒီက ပျက်စီးမှုတွေကို အရမ်း မြန်မြန် ပြန်ပြင်နိုင်ခဲ့တယ်” ဟု လဲယားက ဆိုသည်။ “ စစ်ပွဲအတွင်းမှာ ပျက်စီးမသွားတဲ့ အသစ်ဆောက်နေတဲ့ ထုတ်လုပ်ရေးလိုင်းတစ်ခုလည်း ရှိနေပြီး အခုတော့ အဲဒါက လည်ပတ်နေလောက်ပြီ။ ဆိုလိုတာက ဒီစခန်းမှာ အခဲလောင်စာသုံး ဒုံးကျည်အင်ဂျင် ထုတ်လုပ်မှုက စစ်မဖြစ်ခင်ကထက်တောင် ပိုများနေနိုင်ပါတယ်”

နျူကလီးယားစခန်းများကို ခိုင်ခံ့အောင်ပြုလုပ်ခြင်း

အီရန်သည် ၎င်း၏ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ရန် လိုက်လျောညီထွေရှိကြောင်း ပြောဆိုနေသော်လည်း၊ အဓိကနေရာများကို ကွန်ကရစ်များနှင့် မြေကြီးအမြောက်အမြား သုံး၍ မြှုပ်နှံခြင်းဖြင့် နျူကလီးယားစခန်းအချို့ကို အလျင်အမြန် ခိုင်ခံ့အောင် လုပ်ဆောင် နေကြောင်း ISIS အဖွဲ့၏ ဂြိုဟ်တုဓာတ်ပုံ ခွဲခြမ်းစိတ်ဖြာချက်အရ သိရသည်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က ရိုက်ကူးထားသော ပုံရိပ်များအရ နာတန်ဇ် (Natanz) အနီးရှိ ပစ်အက်ဇ်တောင် (Pickaxe Mountain) မြေအောက်စခန်း၏ ဥမင်ဝင်ပေါက်များကို အီရန်က ဆက်လက်ခိုင်ခံ့အောင် လုပ်ဆောင်နေကြောင်း တွေ့ရသည်။ အနောက်ဘက်နှင့် အရှေ့ဘက်ဝင်ပေါက်နှစ်ခုစလုံးတွင် လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိစေရန် ကွန်ကရစ်အသစ်များဖြင့် ကာကွယ်ထားသည်ကို မြင်တွေ့ရသည်။

တီဟီရန်မြို့ အရှေ့တောင်ဘက်ရှိ ပါချင် (Parchin) စစ်ဘက်ဆိုင်ရာဝင်းအတွင်းရှိ ‘Taleghan 2’ ဟု လူသိများသော နျူကလီးယားစခန်းတွင်လည်း အီရန်သည် ကွန်ကရစ်အကာအရံများကို အပြီးသတ်ဆောက်လုပ်ကာ မြေကြီးဖြင့် ပြန်လည်ဖုံးအုပ်နေကြောင်း ဝါရှင်တန်အခြေစိုက် နျူကလီးယားမပြန့်ပွားရေးအဖွဲ့က ဆိုသည်။

“ ဒီစခန်းဟာ မကြာခင်မှာ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်တဲ့ လုံးဝမှတ်မိလို့မရတဲ့ မြေအောက်ခံတပ်စခန်းတစ်ခု ဖြစ်လာနိုင်ပါတယ်” ဟု ISIS ဥက္ကဋ္ဌ ဒေးဗစ် အောဘရိုက် (David Albright) က သတိပေးခဲ့သည်။

အစ်စ်ဖာဟန် (Isfahan) အနီးရှိ ယူရေနီယံသန့်စင်ရေးအတွက် လိုအပ်သော စက်ပစ္စည်းများ ထုတ်လုပ်ရာ 7th of Tir စက်မှုဝင်းတွင်လည်း ပျက်စီးသွားသော အဆောက်အအုံများကို ပြန်လည်တည်ဆောက်ထားသည်။ အဆိုပါဝင်းကို ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ကုလသမဂ္ဂက ပိတ်ဆို့အရေးယူထားသည်။

“ အီရန်ဟာ သူ့ရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို (Operation) Rising Lion တိုက်ခိုက်မှုတုန်းက အစ္စရေး ခန့်မှန်းထားတာထက်တောင် ပိုမြန်အောင် ပြန်လည် ဖွဲ့စည်း နေတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု Middlebury College မှ ဂျက်ဖရီ လူးဝစ် (Jeffrey Lewis) က ပြောကြားခဲ့သည်။

အုပ်ချုပ်ရေးယန္တရားကို ပြန်လည်ပုံဖော်ခြင်း

ပြီးခဲ့သည့်နှစ် အစ္စရေးနှင့် ပဋိပက္ခတွင် အီရန်၏ စစ်ဘက်ကွပ်ကဲမှုစနစ်သည် ဖိအားအောက် တွင် အားနည်းချက်များ ရှိနေကြောင်း ပေါ်လွင်ခဲ့သည်။ အမြင့်ဆုံးခေါင်းဆောင် အလီ ခါမေနီ (Ali Khamenei) နှင့် ဆက်သွယ်ရန် ခက်ခဲလာခဲ့ပြီး အာဏာများသည် ပြည်နယ်အုပ်ချုပ်ရေး မှူးများ ထံသို့ ရောက်ရှိသွားခဲ့သည်။

ထိုအချိန်မှစ၍ တီဟီရန်သည် ခါမေနီ၏ ယုံကြည်ရသူ အလီ လာရီဂျာနီ (Ali Larijani) ဦးဆောင်သော အမျိုးသားလုံခြုံရေးကောင်စီကို အားကောင်းအောင် လုပ်ဆောင်ခဲ့ပြီး စစ်ဖြစ်ချိန်တွင် အုပ်ချုပ်ရန် “ ကာကွယ်ရေးကောင်စီ (Defense Council)” အသစ်တစ်ခုကို ဖွဲ့စည်းခဲ့သည်။

ပြီးခဲ့သည့်နှစ်စစ်ပွဲအတွင်း အစ္စရေး၏ လုပ်ကြံရန် ကြိုးပမ်းမှုမှ လွတ်မြောက်ခဲ့သော အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) တပ်မှူးဟောင်း အလီ ရှမ်ခါနီ (Ali Shamkhani) ကို ကာကွယ်ရေးကောင်စီ၏ အတွင်းရေးမှူးအဖြစ် ယခုလတွင် ခန့်အပ်ခဲ့သည်။ ၎င်း၏ ရည်ရွယ်ချက်မှာ ကာကွယ်ရေးပြင်ဆင်မှုများကို ဘက်စုံမြှင့်တင်ရန်နှင့် ပေါ်ပေါက်လာသော ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် ဖြစ်သည်ဟု အီရန်လုံခြုံရေးအဖွဲ့နှင့် ဆက်နွှယ်နေသော Nour News က ဖော်ပြခဲ့သည်။

ဂျာမန်နိုင်ငံတကာနှင့် လုံခြုံရေးရာအဖွဲ့မှ ဟာမစ်ဒရီဇာ အဇီဇီ (Hamidreza Azizi) က ရှမ်ခါနီ၏ ခန့်အပ်မှုသည် အမေရိကန်၏ ခေါင်းဆောင်ပိုင်းကို ဦးတည်တိုက်ခိုက်နိုင်ခြေ (Decapitation Strike) အတွက် အီရန်က ပြင်ဆင်နေခြင်းဖြစ်ကြောင်း အချက်ပြနေသည်ဟု ဆိုသည်။

အတိုက်အခံများကို နှိမ်နင်းခြင်း

ဇွန်လက အစ္စရေး၏ တိုက်ခိုက်မှုများမတိုင်မီ အစ္စရေး မော့ဆက် (Mossad) သူလျှိုအဖွဲ့က ထိုးဖောက်ဝင်ရောက်မှုများ ရှိခဲ့ပြီး၊ ယင်းက အီရန်အစိုးရကို ပိုမိုထိတ်လန့်ခြောက်ခြား စေခဲ့သည်။

စစ်ပွဲကြောင့် အစိုးရအပြောင်းအလဲ ဖြစ်လာနိုင်သည့်အပေါ် စိုးရိမ်မှုများကြားတွင် အီရန်သည် အတိုက်အခံများကို နှိမ်နင်းမှုများ တိုးမြှင့်ခဲ့သည်။ ပြီးခဲ့သည့်လက တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ဆန္ဒပြမှုများကို လုံခြုံရေးတပ်ဖွဲ့များက ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ရာ လူထောင်ပေါင်း များစွာ သေဆုံးခဲ့သည်။ အစိုးရက ဆန္ဒပြသူများကို အစ္စရေးသူလျှိုများအဖြစ် စွပ်စွဲခဲ့ပြီး Basij ပြည်သူ့စစ်အဖွဲ့ကို သုံး၍ နှိမ်နင်းခဲ့သည်။

စစ်ရေးလေ့ကျင့်မှုများ

ဂျီနီဗာတွင် အမေရိကန်နှင့် ဆွေးနွေးနေစဉ်အတွင်းမှာပင် အီရန်သည် ဝါရှင်တန်၏ ဒေသတွင်း မဟာမိတ်များကို ၎င်း၏ အနှောင့်အယှက်ပေးနိုင်စွမ်းအား ပြသရန် ပါရှန်းကွေ့တွင် ရေကြောင်းစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

ပထမဆုံးအကြိမ်အဖြစ် IRGC သည် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ၏ အစိတ်အပိုင်းအချို့ကို နာရီအနည်းငယ်ကြာ ပိတ်ထားခဲ့သည်။ အဆိုပါ ရေလက်ကြားသည် ကမ္ဘာ့နေ့စဉ် ရေနံထုတ်လုပ်မှု၏ ငါးပုံတစ်ပုံ ဖြတ်သန်းရာ အရေးပါသော နေရာဖြစ်သည်။

ယခုလတွင် အမေရိကန်က ဒေသတွင်းသို့ လေယာဉ်တင်သင်္ဘော နှစ်စင်း စေလွှတ်ခဲ့ပြီး၊ တစ်စင်းမှာ အာရေဗျပင်လယ်အတွင်း ရန်လိုစွာ ချဉ်းကပ်လာသော အီရန်ဒရုန်းတစ်စင်းကို ပစ်ချခဲ့သည်။ ကျွမ်းကျင်သူများ၏ အဆိုအရ အီရန်သည် စစ်ပွဲဖြစ်ပါက အမေရိကန်အတွက် အလွန်ကုန်ကျစရိတ်ကြီးမားမည်ဖြစ်ကြောင်း သတင်းစကားပါးရန် ကြိုးပမ်းနေခြင်း ဖြစ်သည် ဟု ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို
ကနေဒါ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ရုရှား၊ တရုတ်နှင့် အမေရိကန် – အီရန်စစ်ပွဲ၏ ကမ္ဘာ့အကျိုးအမြတ်ရရှိသူများနှင့် အရှုံးပေါ်သူများ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 20 Views
BBC- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများသည် ပဋိပက္ခကြောင့် ဟော်မုဇ် ရေလက်ကြား
နိုင်ငံတကာသတင်း အမေရိကန်

လွှတ်တော်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌက အက်ပ်စတိန်း (Epstein) စုံစမ်းစစ်ဆေးမှု အတွက် ရှေ့နေချုပ် ပမ် ဘွန်ဒီ (Pam Bondi) ကို ဆင့်ခေါ်

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် လွှတ်တော်ကြီးကြပ်ရေးကော်မတီ (House Oversight Committee) ဥက္ကဋ္ဌ ဂျိမ်းစ် ကိုးမား (James Comer) သည် ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein)
နိုင်ငံတကာသတင်း အမေရိကန်

တရားသူကြီးများအပေါ် ရန်လိုတိုက်ခိုက်မှုများ ‘ရပ်တန့်ရန် လိုအပ်ပြီ’ ဟု တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 16 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် တရားစီရင်ရေးကဏ္ဍအပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများ မပြုလုပ်ရန် တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် (John Roberts) က သတိပေးလိုက်ပြီး၊ တရားရုံး၏ ဆုံးဖြတ်ချက်များအပေါ် ဝေဖန်ခြင်းမှာ သင့်လျော်သော်လည်း
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်အစိုးရ၏ လုပ်ရပ်များကြောင့် အစ္စရေး၏ ကျဆင်းနေပြီးသား ပုံရိပ်ကို မည်သို့ ထိခိုက်စေနိုင်သနည်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်နှင့် အစ္စရေး ဆက်ဆံရေးအတွက် မကောင်းသော အချိန်အခါမျိုးတွင် အစ္စရေးနှင့် ပူးပေါင်းကာ အီရန်စစ်ပွဲကို စတင်ခဲ့သည်။ ပထမဆုံး တိုက်ခိုက်မှုများ မပြုလုပ်မီ တစ်ရက်အလိုတွင် Gallup
ဂျာမဏီ နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းစစ်ပွဲ၏ နောက်ဆုံးရအခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 20 Views
AFPသတင်း- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် ဟော်မုဇ်ရေလက်ကြားအရေး ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်ကို မက်ခရွန် မျှော်လင့်နေခဲ့ လက်ရှိ အပြန်အလှန် ပစ်ခတ်မှုများ ပြီးဆုံးသွားပါက ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းသွားလာမှု ဘေးကင်းလုံခြုံစေရန်အတွက် ကုလသမဂ္ဂဆိုင်ရာ မူဘောင်တစ်ရပ် ချမှတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ
ဂျပန် နိုင်ငံတကာသတင်း အမေရိကန်

ဂျပန်ဝန်ကြီးချုပ်က အီရန်အရေးနှင့်ပတ်သက်၍ ထရန့်ကို စိတ်ကျေနပ်အောင် ဖျောင်းဖျနိုင်ခဲ့သော်လည်း ပုလဲဆိပ်ကမ်း (Pearl Harbor)အကြောင်းနှင့် အံ့အားသင့် ဖွယ်ရာနှင့် ရင်ဆိုင်ခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 18 Views
AFP- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် ဂျပန်ဝန်ကြီးချုပ် စာနာအေ တာကာအီချီ (Sanae Takaichi) သည် ကြာသပတေးနေ့က အီရန်အရေးနှင့် ပတ်သက်၍ ဒေါ်နယ်ထရန့်နှင့် ဖြစ်ပွားနိုင်ခြေရှိသော ထိပ်တိုက်တွေ့ဆုံမှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သော်လည်း၊
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

စစ်မီးများ ကူးစက်ပျံ့နှံ့နေကြောင်း တရုတ်က သတိပေး၊ သို့သော် ရှီ-ထရမ့် တွေ့ဆုံပွဲကို ကြိုဆိုသည့် အရိပ်အယောင်ပြသ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက် ပေကျင်း/ဟောင်ကောင် — အီရန်တွင် စစ်ပွဲများ ပြင်းထန်နေစဉ် တရုတ်နိုင်ငံ၏ ထိပ်တန်း သံတမန်က မိမိတို့နိုင်ငံကို ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ကာကွယ်သူအဖြစ် ပုံဖော်ခဲ့ပြီး၊