နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဓနု ရောက် စစ်ကောင်စီခေါင်းဆောင် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်ရန်ပြော။

ယမန်နေ့ မေလ (၃၀) ရက်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ရောက်ရှိနေသော စစ်ကောင်စီဥက္ကဋ္ဌက ဒေသအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား၊ စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် သဘာဝပတ်ဝန်းကျင် အလှအပများရှိသည့်အပြင် ရာသီဥတုကောင်းမွန်ပြီး ထင်ရှားသောနေရာများကို ပိုင်ဆိုင်ထား၍ ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်ကာ ခရီးသွားလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ရန်၊ဒေသမှထွက်ရှိသည့် ရိုးရာအစားအသောက်များနှင့် ဒေသထွက်ကုန်များအား ဆွဲဆောင်မှုရှိရန်နှင့် အရည်အသွေးကောင်းမွန်ရန် ဆောင်ရွက်ရန်စသည့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေနိုင်မည်ဟု ပြောကြားခဲ့ကြောင်းလည်း ဖော်ပြထားသည်။

“ ဒေသကအဓိကထွက်ရှိတဲ့ လက်ဖက်၊ ကော်ဖီ၊ ပဲပုပ် စတဲ့ စားသောက်ကုန်တွေကို အရသာရှိအောင်လုပ်ပြီး စနစ်တကျ ထုတ်ပိုးလိုက်မယ်ဆိုရင် ခရီးသွားတွေကို ပိုမိုဆွဲဆောင်နိုင်မှာ ဖြစ်သလို ရောင်းအားတွေလည်း တိုးတက်လာမှာဖြစ်ပါတယ်” ဟု စစ်ကောင်စီ ဥက္ကဋ္ဌက ပြောသည်။

“ နိုင်ငံရေးအရသဘောထားကွဲလွဲမှုတွေ ရှိနိုင်ပေမယ့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပြီး ဒေသအကျိုး သယ်ပိုးကြဖို့လိုပါတယ် အခုဆွေးနွေးတာတွေဟာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနဲ့ ဒေသမှာ နေထိုင်တဲ့ ဒေသခံတွေရဲ့ အကျိုးအတွက် တိုက်တွန်းပြောဆိုတာပါ” ဟု စစ်ကောင်စီဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုသည်ဟုလည်း စစ်ကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

“ မြန်မာနိုင်ငံမှာ စစ်တပ်က ၁၉၆၂ ခုနှစ် နေဝင်းက အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်အဆက်ဆက်ဟာ တိုင်းရင်းသား နယ်မြေတွေမှာရှိတဲ့ သဘာဝ သံယံဇာတတွေ၊ သစ်တောတွေ အတိုင်းအတာမရှိ သူတို့ကိုယ်ကျိုးအတွက် ထုတ်လုပ်ရောင်းစားခဲ့ကြတယ်၊ ဒေသခံတိုင်းရင်းသားတွေမှာ ဘာခံစားခွင့်မှ မရှိခဲ့ကြဘူး။

သာဓကအားဖြင့် ပြောမယ်ဆိုရင် ကယား (ကရင်နီ) မှာ ထုတ်တဲ့ လျှပ်စစ်ဓာတ်အားကို ကယား (ကရင်နီ) ပြည်နယ် သုံးစွဲခွင့် မရခဲ့ဘူး။

အဲလိုပဲ ရခိုင်ပြည်နယ်မှာလည်း ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို တရုတ်နဲ့ ထိုင်းကို ရောင်းတယ်၊ ဒါပေမယ့် အဲ့ဒီကရတဲ့ အကျိုးအမြတ်တွေ ရခိုင်ဒေသခံတွေ ခံစားခွင့်မရှိဘဲ ရခိုင်ပြည်နယ်ဟာ အဆင်းရဲဆုံးပြည်နယ်ထဲမှာ တခုပါပြီး ဖွံ့ဖြိုးတိုးတက်မှုလည်း အနည်းဆုံးဖြစ်ခဲ့ရတယ်။ အဲ့ဒီလို တခုချင်း ပြောမယ်ဆိုရင် ကုန်စရာမရှိဘူး။

စစ်ကောင်စီဥက္ကဋ္ဌ ဓနုကို လာရောက်ပြီး အဲ့ဒီလို ပြောကြားခြင်းဟာ တပြည်လုံးထကြွပြီး တော်လှန်နေတဲ့ ပြည်တွင်းစစ်မှာ ဖိနှိပ်ခံနေရတဲ့ တိုင်းရင်းသားတွေထဲက လူမျိုးတမျိုးဖြစ်တဲ့ ဓနုကို တော်လှန်ရေးအင်အားစုတွေနဲ့ ပေါင်းစည်းသွားမှာကို စိုးရိမ်တဲ့အတွက် လာရောက်ချွေးသိပ်သွားတာပဲ ဖြစ်တယ်လို့” ဝါရင့်နိုင်ငံရေးသမားတဦးက ခေတ်မျက်လုံးကို ပြောကြားခဲ့ပါသည်။

ဓာတ်ပုံ။ စစ်ကောင်စီ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပေါက်နယ်ရှိ စစ်ကော်မရှင်ရဲ့ ရေပြာရွာရဲစခန်းနဲ့ ကုက္ကိုစုပျုရွာကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 20 Views
ဇွန်လ (၅)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန်မှာ ပေါက်နယ်ရှိ စစ်ကော်မရှင်ရဲ့ ရေပြာရွာရဲစခန်းနဲ့ ကုက္ကိုစုပျူစောထီးရွာကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွဂ့်ဒေသရဖို စစ်အုပ်စုဆီကနေ SNA တောင်း

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 17 Views
‌ဇွန်လ (၅)ရက်။ မနေ့က နေပြည်တော်မှာ စစ်ကော်မရှင်ရဲ့ ငြိမ်းချမ်းရေးကော်မတီနဲ့ ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ(SNA)တို တွေ့ဆုံခဲ့တယ်လို သိရပါတယ်။ ရှမ်းနီတပ်ဖွဲဟာ မင်းအောင်လှိင်ရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်တာမှာ
မြန်မာသတင်း

ရခိုင်ရိုးမပေါ် စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး အရာရှိတွေအပါအဝင် (၇၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 19 Views
‌ဇွန်လ (၅)ရက်။ ဂွမြိုကို စစ်ကြောင်းထိုးဖိုလာတဲ့ စစ်တပ်စစ်ကြောင်းဟာ ရခိုင်ရိုးမပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဂွဘက်ကို စစ်ကြောင်းထိုးဖို ရိုးမပေါ်တက်တဲ့အချိန် လမ်းခရီးမှာ မိုင်းဆွဲခံရတာနဲ့ ပစ်ခတ်ခံရတာ။ အဲ့ဒီမှာ ဗိုလ်အဆင့် (၂)ဦးအပါအဝင် (၇၀)လောက်
မြန်မာသတင်း

စစ်ကိုင်းမြို့ရှိ စစ်ကော်မရှင်ရဲ့ လဝကရုံးထဲ ဗုံးပေါက်ကွဲ

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 21 Views
ဇွန်လ (၅)ရက်။ ဒီကနေ့ နံနက်(၁၀)နညရီခွဲအချိန်က စစ်ကိုင်းမြို့ရှိ စစ်ကော်မရှင်ရဲ့ လဝကရုံးထဲ ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ဖြစ်တာက လဝကရုံး ဝင်ပေါက်ဘေးမှာ ပေါက်ကွဲတာ။ ဝန်ထမ်းတွေကော မှတ်ပုံတင်တွေ အိမ်ထောင်စုဇယားလာလုပ်တဲ့သူတွေ တော်တော်များများ ထိကြတယ်၊
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ်က နေအိမ် (၇၀)ထက်မနည်း မီးရှို့ပြီး ပြည်သူ (၂)ဦးကို သတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 14 Views
ဇွန်လ (၅)ရက်။ မြိုင်နယ်ထဲရှိ ဝက်ပုတ်ကျေးရွာနဲ့ ကုန်းရွာကျေးရွာတို့ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ (၄)ရက်နေ နံနက် (၇)နာရီအချိန်က မြိုင်စက်မှု(၂)ကနေထွက်လာတဲ့ အင်အား (၈၀)ခန့်ပါ စစ်တပ်က ဝက်ပုတ်ကျေးရွာက
မြန်မာသတင်း

တီမောသမ္မတရဲ့ မြန်မာပြည်တွင်းရေး ပြောဆိုတာတွေအပေါ် စစ်ကော်မရှင်ပယ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 18 Views
နေရာဒေသအများစု တည်ငြိမ်အေးချမ်းနေတယ်ဆိုပြီး ဗြောင်လိမ်ပြန် ‌ဇွန်လ (၄)ရက်။ နိုင်ငံတကာဖိုရမ်တွေမှာ တီမောနိုင်ငံသမ္မတက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးနဲ့ပတ်သက်ပြီး ပြောဆိုတာတွေအပေါ် စစ်ကော်မရှင်က ဒီကနေ့မှာ သတိပေးတိုက်တွန်းစာ ထုတ်ပြန်ထားတယ်လို သိရပါတယ်။ တီမောသမ္မတရဲ့ ပြောဆိုတာတွေဟာ မြန်မာနိုင်ငံပြည်တွင်းရေးတွေအပေါ် ဝင်ရောက်စွက်ဖက်တာဖြစ်ပြီး အာဆီယံပဋိညာဉ်ပါ
မြန်မာသတင်း

မကွေးတိုင်းထဲ စစ်ကား (၂)စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် သုံပန်းအချို ဖမ်းမိခဲ့တယ်လို PDF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 13 Views
‌ဇွန်လ (၄)ရက်။ ပြီးခဲ့တဲ့လက မကွေးတိုင်းစစ်ဌာနထဲရှိ စစ်ဆင်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး PDF က ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ မေလ(၂၂) ရက်က မိတ္ထီလာအခြေစိုက် စစ်တပ်ရဲ့ တပ်မ(၉၉)က ယာဉ်တန်း (၅)စီးနဲ့ ချောက်မြို ကပစစ(၂၁)ကို ထွက်ခွာလာချိန်
မြန်မာသတင်း

စစ်(၃)စစ်နဲ့ ၂၀၀၈ခြေ/ဥကို တိုက်ဖျက်ဖို ကလလတ တိုက်တွန်း‌

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 14 Views
စစ်(၃)စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေကို ကုန်စင်အောင် တိုက်ဖျက်ကြဖို (၆၂)နှစ်ပြည့် ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့မှာ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)က တိုက်တွန်းထားတယ်လို သိရပါတယ်။ ၁၉၄၈ခုနှစ် မတ်လမှာစတင်ခဲ့တဲ့ ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကနေ ဒီကနေ့ နွေဦးတော်လှန်ရေးအဆုံး အုပ်စိုးသူအဆက်ဆက်ကို တော်လှန်နေကြတဲ့ တော်လှန်ရေးတွေမှာ