နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဓနု ရောက် စစ်ကောင်စီခေါင်းဆောင် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်ရန်ပြော။

ယမန်နေ့ မေလ (၃၀) ရက်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ရောက်ရှိနေသော စစ်ကောင်စီဥက္ကဋ္ဌက ဒေသအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား၊ စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် သဘာဝပတ်ဝန်းကျင် အလှအပများရှိသည့်အပြင် ရာသီဥတုကောင်းမွန်ပြီး ထင်ရှားသောနေရာများကို ပိုင်ဆိုင်ထား၍ ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်ကာ ခရီးသွားလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ရန်၊ဒေသမှထွက်ရှိသည့် ရိုးရာအစားအသောက်များနှင့် ဒေသထွက်ကုန်များအား ဆွဲဆောင်မှုရှိရန်နှင့် အရည်အသွေးကောင်းမွန်ရန် ဆောင်ရွက်ရန်စသည့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေနိုင်မည်ဟု ပြောကြားခဲ့ကြောင်းလည်း ဖော်ပြထားသည်။

“ဒေသကအဓိကထွက်ရှိတဲ့ လက်ဖက်၊ ကော်ဖီ၊ ပဲပုပ် စတဲ့ စားသောက်ကုန်တွေကို အရသာရှိအောင်လုပ်ပြီး စနစ်တကျ ထုတ်ပိုးလိုက်မယ်ဆိုရင် ခရီးသွားတွေကို ပိုမိုဆွဲဆောင်နိုင်မှာ ဖြစ်သလို ရောင်းအားတွေလည်း တိုးတက်လာမှာဖြစ်ပါတယ်” ဟု စစ်ကောင်စီ ဥက္ကဋ္ဌက ပြောသည်။

“နိုင်ငံရေးအရသဘောထားကွဲလွဲမှုတွေ ရှိနိုင်ပေမယ့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပြီး ဒေသအကျိုး သယ်ပိုးကြဖို့လိုပါတယ် အခုဆွေးနွေးတာတွေဟာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနဲ့ ဒေသမှာ နေထိုင်တဲ့ ဒေသခံတွေရဲ့ အကျိုးအတွက် တိုက်တွန်းပြောဆိုတာပါ” ဟု စစ်ကောင်စီဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုသည်ဟုလည်း စစ်ကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ စစ်တပ်က ၁၉၆၂ ခုနှစ် နေဝင်းက အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်အဆက်ဆက်ဟာ တိုင်းရင်းသား နယ်မြေတွေမှာရှိတဲ့ သဘာဝ သံယံဇာတတွေ၊ သစ်တောတွေ အတိုင်းအတာမရှိ သူတို့ကိုယ်ကျိုးအတွက် ထုတ်လုပ်ရောင်းစားခဲ့ကြတယ်၊ ဒေသခံတိုင်းရင်းသားတွေမှာ ဘာခံစားခွင့်မှ မရှိခဲ့ကြဘူး။

သာဓကအားဖြင့် ပြောမယ်ဆိုရင် ကယား (ကရင်နီ) မှာ ထုတ်တဲ့ လျှပ်စစ်ဓာတ်အားကို ကယား (ကရင်နီ) ပြည်နယ် သုံးစွဲခွင့် မရခဲ့ဘူး။

အဲလိုပဲ ရခိုင်ပြည်နယ်မှာလည်း ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို တရုတ်နဲ့ ထိုင်းကို ရောင်းတယ်၊ ဒါပေမယ့် အဲ့ဒီကရတဲ့ အကျိုးအမြတ်တွေ ရခိုင်ဒေသခံတွေ ခံစားခွင့်မရှိဘဲ ရခိုင်ပြည်နယ်ဟာ အဆင်းရဲဆုံးပြည်နယ်ထဲမှာ တခုပါပြီး ဖွံ့ဖြိုးတိုးတက်မှုလည်း အနည်းဆုံးဖြစ်ခဲ့ရတယ်။ အဲ့ဒီလို တခုချင်း ပြောမယ်ဆိုရင် ကုန်စရာမရှိဘူး။

စစ်ကောင်စီဥက္ကဋ္ဌ ဓနုကို လာရောက်ပြီး အဲ့ဒီလို ပြောကြားခြင်းဟာ တပြည်လုံးထကြွပြီး တော်လှန်နေတဲ့ ပြည်တွင်းစစ်မှာ ဖိနှိပ်ခံနေရတဲ့ တိုင်းရင်းသားတွေထဲက လူမျိုးတမျိုးဖြစ်တဲ့ ဓနုကို တော်လှန်ရေးအင်အားစုတွေနဲ့ ပေါင်းစည်းသွားမှာကို စိုးရိမ်တဲ့အတွက် လာရောက်ချွေးသိပ်သွားတာပဲ ဖြစ်တယ်လို့” ဝါရင့်နိုင်ငံရေးသမားတဦးက ခေတ်မျက်လုံးကို ပြောကြားခဲ့ပါသည်။

ဓာတ်ပုံ။ စစ်ကောင်စီ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 47 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 47 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 43 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 49 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 50 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 35 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို