နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုပ္ပလင်လမ်းဆုံဂိတ်အနီးက စစ်ကောင်စီစစ်သားတွေ ရှိတဲ့နေရာကို ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်

ကျိုက်ထိုမြို့နယ်၊ မုပ္ပလင် လမ်းဆုံဂိတ်အနီးက စစ်သားတွေ ခိုအောင်းရာနေရာကို ဒေသကာကွယ်ရေးတပ်တွေနဲ့ KNLA အဖွဲ့တို့ ပူးပေါင်းပြီး ဇွန် ၁ ရက် မွန်းလွဲ ၁ နာရီ အချိန်မှာ တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်တပ်က ၃ ဦး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ KRF ၊ KNU/KNLA ၊ Nighthawks ၊ ကျိုက်ထို ပ.က.ဖ တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာအပြင် ဒရုန်းနဲ့ ၆၀ မမ ဗုံးသီး ၂ လုံး ပစ်ချတိုက်ခိုက်တာ၊ ၄၀ မမ တွေနဲ့ တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ တဲ့အတွက် စစ်သား ၃ ဦး နေရာမှာ ပွဲချင်းပြီး ကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ် လို့ ဖော်ပြထားတာဖြစ်ပါတယ်။

ပူးပေါင်းအဖွဲ့ဘက်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

Era’sEye/ photo- ဒုံသမိတံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုအပြီး မြင်ကွင်း/Photo- CJ/ C8 News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ချင်းပြည်နဲ့ ချင်းလူမျိုးကို ကာကွယ်ဖို တပ်မတော်တခု တည်ဆောက်ဖို CNF ဥက္ကဋ္ဌ ပြော

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 0 Views
မတ်လ (၂၀)ရက်။ ချင်းပြည်နဲ့ ချင်းလူမျိုးကို အကာအကွယ်ပေးနိုင်တံ့ တပ်မတော်တခု တည်ဆောက်ဖို CNF ဥက္ကဋ္ဌ Pu Zing Cung
မြန်မာသတင်း

စစ်တပ်ရဲ့ သမ္မတရွေးချယ်ပွဲ အခုလကုန်မှာလုပ်မယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 1 Views
မတ်လ (၂၀)ရက်။ အခု မတ်လ (၃၀)ရက်နေ့မှာ စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကနေ သမ္မတနဲ့ ဒုသမ္မတတွေ ရွေးချယ်သွားဖိုရှိနေတယ်လို သတင်းထုတ်ပြန်ထားတာတွေအရ သိရပါတယ်။
မြန်မာသတင်း

ရှမ်းမန်းစစ်ဆင်ရေးထဲပါဝင်တဲ့ မတ္တရာမျိုးမှန်တပ်ဖွဲ MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 15 Views
မတ်လ (၂၀)ရက်။ မတ္တရာအခြေစိုက် ဒေသကာကွယ်ရေးတတပ်တခုဖြစ်တဲ့ မတ္တရာမျိုးမှန်တပ်ဖွဲဟာ PDF ကွပ်ကဲမှုအောက် ဝင်ရောက်ပူးပေါင်းလာခဲ့တယ်လို MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ္တရာမျိုးမှန်တပ်ဖွဲဟာ ရှမ်းမန်းစစ်ဆင်ရေး၊ ရှမ်းမန်းစစ်ဆင်ရေးအလွန် ခုခံစစ်အပါအဝင် PDF တပ်ရင်း၊ တပ်ဖွဲ၊
မြန်မာသတင်း

အရွယ်ရောက်ပြီးတဲ့ ချင်းပြည်သူတွေ စစ်မှုထမ်းဖို CNF တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 10 Views
မတ်လ (၂၀)ရက်။ အရွယ်ရောက်ပြီးတဲ့ ချင်းပြည်သူတိုင်း စစ်မှုထမ်းဖို ချင်းအမျိုးသားတပ်ဦး(CNF)က ဒီကနေ့ (၃၈)နှစ်မြောက် ချင်းတော်လှန်ရေးမှာ တိုက်တွန်းခဲ့တယ်လို သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ တရားမဝင်ရွေးကောက်ပွဲကနေတဆင့် အတုအယောင်လွှတ်တော်နဲ့ စစ်တပ်အခွံလဲအစိုးရကို ဖွဲစည်းပြီး စစ်အုပ်စုအာဏာတည်ဖို နည်းလမ်းပေါင်းစုံနဲ့ ပြည်သူနဲ့ နိုင်ငံတကာကို
မြန်မာသတင်း

PDF (၅၀၀)ကျော် အလင်းဝင်လာတယ်ဆိုပြီး စစ်တပ်လော်ဘီတွေ ဝါဒဖြန့်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 19 Views
မတ်လ (၁၉)ရက်။ PDF အဖွဲဝင် (၅၀၆)ဦး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ အလင်းဝင်လာကြတယ်ဆိုပြီး စစ်တပ်လော်ဘီချန်နယ်တွေက ဒီကနေ့မှာ ဝါဒဖြန့်ထုတ်ပြန်ထားကြတယ်လို သိရပါတယ်။ အလင်းဝင်လာတဲ့ PDF အဖွဲဝင်တွေကို ဒီကနေ့ မတ်လ (၁၉)ရက်နေ့ နံနက်ပိုင်းအချိန်က မိဘတွေဆီ ပြန်လည်အပ်နှံတဲ့
မြန်မာသတင်း

သမ္မတနဲ့ ဒုသမ္မတတွေ ရွေးမယ့် စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် မတ်လ (၂၀)ရက်မှာ ကျင်းပမယ်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 24 Views
မတ်လ (၁၉)ရက်။ စစ်တပ်ရဲ့ တိတယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို မတ်လ (၂၀)ရက်နေ့ နံနက် (၁၀)နာရီမှာ ကျင်းပသွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အဲ့ဒီ စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ သမ္မတနဲ့ ဒုသမ္မတကို ရွေးချယ်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ အစုအဖွဲ့အလိုက်
မြန်မာသတင်း

နေပြည်တော်မှာ ထိုင်းစစ်ဦးစီးချုပ်နဲ့ မင်းအောင်လှိုင် တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 26 Views
မတ်လ (၁၉)ရက်။ မနေ့က နေပြည်တော်မှာ ထိုင်းစစ်ဦးစီးချုပ် General UKris Boontanondha နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိင်တို တွေ့ဆုံခဲ့တယ်လို သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ မင်းအောင်လှိင်က တရားမျှတပြီး သိက္ခာရှိတဲ့ ရွေးကောက်ပွဲကို အောင်မြင်စွာ
မြန်မာသတင်း

တပ်ပိုင်ပစ္စည်းတွေကို အလွဲသုံးစားလုပ်တဲ့ ရဲဘော်တွေကို ထိရောက်စွာ အရေးယူမယ်လို GZA ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 20 Views
မတ်လ (၁၈)ရက်။ တပ်ပိုင်ပစ္စည်းတွေကို အလွဲသုံးစားပြုလုပ်တဲ့ ရဲဘော်တွေကို ထိရောက်စွာ အရေးယူသွားမယ်လို Generation Z Army ရဲ့ ဒီကနေ့မှာ အသိပေးကြေညာထားတယ်လို သိရပါတယ်။ GZA ရဲ့ ရဲဘော် (၈)ဦးဟာ တပ်ပိုင် လက်နက်ခဲယမ်း၊