နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်

နိုင်ငံတကာ အနုပညာ

နိုင်ငံတကာ အနုပညာ မြန်မာသတင်း

သရုပ်ဆောင်ဒေါင်းပါဝင်တဲ့ ကျောက်ဖရားမှ ဧရာဝတီသို့ ဇာတ်ကား” Best Drama Arts Element Award” ဆု ထပ်ရ

ထိုင်းနိုင်ငံ​ရဲ့ (၃၇)ကြိမ်မြောက် ရွှေရုပ်မြင်သံကြား ဆုပေးပွဲတွင် သရုပ်ဆောင် ဒေါင်း ပါဝင်သရုပ်ဆောင်ထားတဲ့ “ ကျောက်ဖရားမှ ဧရာဝတီသို့” ဇာတ်ကားက “ Best Drama Arts Element Award” ဆုကို ထပ်မံရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ရုပ်ရှင်ဆုပေးပွဲကို ဇွန်လ (၁၀) ရက်နေ့မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ အမျိုးသားအနုပညာပြခန်း၊ ယဥ်ကျေးမှုဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တာပါ။

သရုပ်ဆောင်ဒေါင်းက အဲ့ဒီဇာတ်ကားရဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပေမယ့် ထိုင်းအမျိုးသားသရုပ်ဆောင်က အဲ့ဒီဆုကို ရရှိသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ပထမဆုံး ဆန်ခါတင်စာရင်းဝင်ခြင်း ဖြစ်တာကြောင့် ဒေါင်းအတွက် ဂုဏ်ယူကြောင်း ပရိသတ်တွေက ပြောကြားပါတယ်။

အဲဒီပွဲကို သရုပ်ဆောင်ဒေါင်းက မြန်မာဝတ်စုံနဲ့ တတ်ရောက်ခဲ့တာဖြစ်ပြီး သူ့ရဲ့ အမာခံပရိသတ်များရဲ့ အမှတ်တရလက်ဆောင် ကြယ်သီးနဲ့ မြန်မာပြည်မြေပုံ ရင်ထိုးတို့ကို ဝတ်ဆင်ခဲ့ပါတယ်။

“ ကျောက်ဖရားမှ ဧရာဝတီသို့” ရုပ်သံဇာတ်လမ်းတွဲဟာ ပြီးခဲ့တဲ့လအတွင်းက ပြုလုပ်ခဲ့တဲ့ Nine Entertainment ဆုပေးပွဲမှာလည်း ဆုနှစ်ဆု ရရှိခဲ့ပါတယ်။

အဲဒီဇာတ်ကားမှာ ဒေါင်းက မြဝတီမင်းကြီး ဦးစအဖြစ် ပါဝင်ထားပြီး ထိုင်းနိုင်ငံမှ အနုပညာရှင်များနဲ့အတူ သရုပ်ဆောင်ထားပါတယ်။

Era’sEye/Photo/CRD

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မတ္တရာအရှေ့ခြမ်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၇)ဦးသေဆုံးပြီး တစ်ဦးဖမ်းမိခဲ့တယ်လို့ MDY-PDF ထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 5 Views
ဒီဇင်ဘာလ (၅)ရက်။ မတ္တရာမြို့နယ်အရှေ့ဘက်ခြမ်းရှိ မြို့ကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဒေသဝမ်းစာဖူလုံဖို့ အစိုးရဆောင်ရွက်ပေးတာမဟုတ်ဘဲ လူတိုင်းလုပ်ဖို့လိုတယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 5 Views
ဒီဇင်ဘာလ (၅)ရက်။ ဒေသဝမ်းစာဖူလုံဖို့ အစိုးရက ဆောင်ရွက်ပေးတာမဟုတ်ဘဲ လူတိုင်းလုပ်ဆောင်ဖို့လိုတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

မိုးထိမိုးမိဒေသထဲ တရားမဝင်ရွှေတူးဖော်သူတွေကို စစ်ကောင်စီက ဖမ်းဆီးအရေးယူ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 6 Views
ဒီဇသ်ဘာလ (၅)ရက်။ နိုဝင်ဘာလ (၂၇)ရက်နေ့က ရမည်းသင်းမြို့၊ မိုးထိမိုးမိဒေသမှာ တရားမဝင် ရွှေတူးဖော်သူတွေကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီးရှိ ဘက်ဟိုးတောင်ကုန်းပေါ်မှာ တရားမဝင် ရွှေတူးဖော်သူတွေရှိတယ်ဆိုတဲ့ သတင်းရရှိတာကြောင့်
မြန်မာသတင်း

စစ်အုပ်စုနဲ့အတူ မိုက်တွင်းနက်ထဲနေနေကြသူတွေ နောက်ဆုံးအချက်ပေးခေါင်းလောင်းထိုးနေတဲ့အချိန်လို့ NUG ဝန်ကြီးချုပ် သတိပေး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 5 Views
ဒီဇင်ဘာလ (၅)ရက်။ စစ်အုပ်စုနဲ့အတူ မိုက်တွင်းနက်နေကြတဲ့ စစ်တပ်ထဲက တပ်မတော်သားတွေအနေနဲ့ နောက်ဆုံးအချက်ပေးခေါင်းလောင်းထိုးနေတဲ့အချိန်ဖြစ်တယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ မနေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ သတိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ထဲက တပ်မတော်သားတွေအကုန်လုံး စစ်ရာဇဝတ်တရားခံနဲ့အတူ ရှေ့ဆက်မလား၊ မိမိမိသားစု၊ မိမိနိုင်ငံအတွက်
1027 Operations မြန်မာသတင်း

ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ လိုလားတယ်လို့ MNDAA ထက်မံထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 5 Views
ဒီဇင်ဘာလ (၅)ရက်။ ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ လိုလားတယ်လို့ ကိုးကန့်တပ်(MNDAA)ရဲ့ မနေ့က ထပ်မံထုတ်ပြန်ထားချက်အရ သိရပါတယ်။ MNDAA အနေနဲ့ နိုင်ငံသစ်တည်ထောင်တာကို ပြုလုပ်မှာမဟုတ်ဘဲ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသကိုသာ တောင်းဆိုတာဖြစ်ပြီး အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲဖို့ကို ကာကွယ်သွားမယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ရေးသားတာကြောင့် ဖမ်းဆီးခံရသူ (၁၈၀၀)ကျော်ရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 11 Views
ဒီဇင်ဘာလ (၃)ရက်။ (၃)နှစ်ကျော်ကာလထဲ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ရေးသားပြောဆိုတာတွေကြောင့် ဖမ်းဆီးခံရသူ (၁၈၄၀)ဦးရှိတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုနဲ့ တော်လှန်ရေးအင်အားစုတွေကို
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဖယ်ခုံမြိုအနောက်ခြမ်းကို စစ်ကောင်စီက ဗုံးအလုံး(၄၀)ခန့် ကြဲချတိုက်ခိုက်၊ ‌ဒေသခံတစ်ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 5 Views
ဒီဇင်ဘာလ (၃)ရက်။ ဒီကနေ့ နံနက် (၃)နာရီဝန်းကျင်ခန့်က ဖယ်ခုံမြိုအနောက်ခြမ်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံးရေ (၄၀)နီးပါး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ နံနက်(၃)နာရီကျော်လောက် လေကြောင်းကနေ ဗုံး(၄၀)နီးပါး အဆက်မပြတ်ကြဲသွားတာ။ အရပ်သား
မြန်မာသတင်း

ရေးမြို့ အမှတ်(၈)လမ်းမကြီးမှာ စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး (၃)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 4 Views
ဒီဇင်ဘာလ (၃)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၁၄)မိနစ်အချိန်က ရေးမြို့ အမှတ်(၈)လမ်းမကြီးပေါ်မှာ စစ်ကောင်စီကားတစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးရဲ့ ပြောဆိုထားချက်‌အရ သိရပါတယ်။ “ ဒီကနေ့ နံနက် (၉)နာရီ (၁၄)မိနစ်လောက် စုံနံ့သာရွာကို ဖြတ်သွားတဲ့