မကွေးတိုင်း၊ မြိုင်မြို့အဝင်စစ်ဆေးရေးဂိတ်(မန္တလေးမြို့အထွက်ဂိတ်)မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီနေ့မနက် ၁၁ခွဲခန့်မှာ ဒရုန်းဖြင့် အီနာဂါချပြီး R7၊ လက်နက်ငယ်များနှင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Earthquake People’s Defence Forceကထုတ်ပြန်ပါတယ်။
R7 ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ဘန်ကာတည့်တည့်သို့ ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်ဒဏ်ရာရသူများရှိခဲ့တယ်လို့ ဆိုပါတယ်။
၄၅မိနစ်အကြာအပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ (၂)ဉီးသေဆုံးပြီး(၅) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရပြီး ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တွေ အထိအခိုက်မရှိ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီပူးပေါင်းတိုက်ခိုက်မှုကို မြိုင်ပကဖတပ်ရင်း၂ – တပ်ခွဲ(၁)၊ တပ်ခွဲ(၃)၊ ရေစကြိုမြို့နယ် ပကဖ၊Salingyi Special Task Force-SSTF နှင့် Earthquake People’s Defence Force တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
Era’sEye