နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဖားဆောင်းမြို့က ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်မှာရှိတဲ့ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က အကြောင်းမဲ့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်များထံက သိရပါတယ်။


စစ်ကောင်စီတပ်က ဇူလိုင်လ ၉ရက်နေ့ နေ့လည် ၁နာရီခွဲခန့်က အကြောင်းမဲ့ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“မနေ့က နေ့လည် ၁နာရီခွဲဝန်းကျင်လောက်မှာ ဖားဆောင်က ရွာကို စကစဘက်က အကြောင်းမဲ့ ဂျက်လေယာဉ်နဲ့ ဗုံးကြဲတာပါ၊ ပြည်သူတွေ အထိအခိုက်တော့ မသိရသေးပါဘူး”လို့ ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောဆိုထားပါတယ်။

ဇူလိုင်လ ၆ရက်နေ့ကစပြီး ဖားဆောင်းမြို့နယ်မှာ စစ်ကြောင်းထိုးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွါးနေပြီး မယ်စဲ့မြို့ ပန်တိန်းဒေသမှာလည်း တိုက်ပွဲများ ပြင်းထန်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကလည်း တပ်စခန်းအားလုံးနီးပါး သိမ်းပိုက်ခံထားရတဲ့ မယ်စဲ့မြို့ကို ပြန်လည်ရယူဖို့ ကြိုးပမ်းရာမှာ ဖားဆောင်းနဲ့ ရွာသစ်မြို့များဘက်မှ တပ်ရင်းအများအပြား အသုံးပြုနေသလို လေကြောင်းပစ်ကူများလည်း ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

Era’s Eye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အတွေးအခေါ် တော်လှန်‌ရေး စဖို့လိုနေပြီ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 14 Views
နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်‌ရေးဖြစ်တယ်၊ လက်နက်ကိုင်တော်လှန်ရေး အောင်မြင်ပြီးမှ ခေတ်နောက်ပြန်ဆွဲနေတဲ့ ထုံးတမ်းစဥ်လာတွေ၊ မိန်းမယောက်ျား ခွဲခြားမှုတွေ၊ ဘာသာရေးခေါင်းတွေက မလိုလားအပ်တဲ့ အမိန့်စည်းကမ်းတွေကိုပြုပြင်မယ်ဆိုရင်အချိန်အများကြီးယူရအုံးမယ်၊ စစ်အုပ်စုအဆက်ဆက်
မြန်မာသတင်း

သံလွင်မြစ်ကြောင်းထဲ လက်နက်ကြီးလေ့ကျင့်ပစ်ခတ်ဖို့ စစ်တပ် စီစဉ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 14 Views
ဇွန်လ (၉)ရက်။ မနက်ဖြန် ဇွန်လ (၁၀)ရက်နေ့ ဘားအံမြို့ရှိ သံလွင်မြစ်ကြောင်းထဲ စစ်တပ်က လက်နက်ကြီးလေ့ကျင့်ပစ်ခတ်ဖို့ စီစဉ်ထားတယ်လို့ အကြောင်းကြားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

အာဆီယံဘုံသဘောတူညီချက် (၅)ရက်ကို တတ်နိုင်သလောက် ဆောင်ရွက်နေတယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 16 Views
ဇွန်လ (၉)ရက်။ မနေ့က နေပြည်တော််မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr. Sugiono ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ သမ္မတတုမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲထဲ မင်းအောင်လှိုင်က အာဆီယံဘုံသဘောတူညီချက် (၅)ရပ်အပေါ် တတ်နိုင်သလောက် ဆောင်ရွက်ပေးနေပြီး အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နေတယ်လို့
မြန်မာသတင်း

ကနေဒါနိုင်ငံမှာ SCEF ကိုယ်စားလှယ်အဖွဲ့ လူထုတွေ့ဆုံပွဲပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 16 Views
ဇွန်လ (၉)ရက်။ ဇွန်လ (၆)ရက်နေ့က ကနေဒါနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) ကိုယ်စားလှယ်အဖွဲ့က လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ SCEF ကိုယ်စားလှယ်အဖွဲ့ဟာ လူထုတွေ့ဆုံပွဲကို ကနေဒါနိုင်ငံအရှေ့ပိုင်းမှာ (၂)ကြိမ်နဲ့ အနောက်ပိုင်းရှိ ဗန်ကူးဗားမြို့မှာ
မြန်မာသတင်း

IPDF ရဲဘော်(၂)ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးရမိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 14 Views
ပတ်သက်ဆက်နွယ်သူတွေ၊ ကျေးရွာတာဝန်ခံတွေနဲ့ ရဲဘော်တွေ အရေးပေါ်ရှောင်ရှားကြဖို နှိးဆော်ထား ဇွန်လ (၈)ရက်။ ဒီကနေ့ ရွာမကျေးရွာမှာ ရဲဘော် (၂)ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(IPDF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူတွေဟာ ရဲဘော် အငယ်ကောင်(ခ)ကျော်ဖြိုးလင်းနဲ့
မြန်မာသတင်း

ရွှေကူမြို့အဝင်နဲ့ လမ်းမကြီးတွေကို KIA သွားလာခွင့်ပိတ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 12 Views
မြို့ထဲနေပြည်သူတွေ ထွက်ခွာတိမ်းရှောင်ဖို့ သတိပေးထား ဇွန်လ (၈)ရက်။ ရွှေကူမြို့အဝင်လမ်းနဲ့ လမ်းမကြီးတွေကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ထားတယ်လို့ KIA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်မဟာ(၁၁)၊ အမှတ်(၁၂)တပ်ရင်းနယ်မြေဖြစ်တဲ့ ရွှေကူမြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေဘိုလမ်းမကြီးတွေကို KIA က
မြန်မာသတင်း

မင်းတပ်မြို့အရှေ့ခြမ်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံး(၅၀)ခန့် ဆက်တိုက်ကြဲချ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 12 Views
ဇွန်လ (၈)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီကျော်အချိန်ကစပြီး မင်းတပ်မြို့အရှေ့ခြမ်း တနေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ (၁၀)နာရီ (၂၃)မိနစ်ကနေ (၁၁)နာရီ (၁၅)အထိ မင်းတပ်မြို့အရှေ့ခြမ်းတနေရာကို ဂျက်ဖိုက်တာ (၂)စီး၊
မြန်မာသတင်း

စ်ရေးတင်းမာနေတဲ့ လောင်းလုံးမြို့မှာ စစ်တပ်က ကျောင်းကြို/ပို့ကားတွေကို အကာအကွယ်ယူ လှုပ်ရှားနေ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 14 Views
ဇွန်လ (၈)ရက်။ လောင်းလုံးမြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေတယ်လို့ အမှတ်(၈၀၀၃)တပ်ရင်း-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လောင်းလုံးမြို့နယ်မှာ နှစ်ဖက်တပ်တွေ စစ်ရေးတင်းမာနေသလို အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်က လူသားဒိုင်းပုံစံ အသုံးပြုနေတယ်လို့ ဆိုပါတယ်။ အခုနောက်ပိုင်းမှာ