နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 12 ရက်

ဥရောပ

ဥရောပ

နော်ဝေးက ယူကရိန်းအား စစ်ရေးအကူအညီရန်ပုံငွေကို ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ သန်း ၉၆၀ အထိပေးအပ်မည်။

နော်ဝေးသည် ၂၀၂၃ ခုနှစ်တွင် ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ သန်း ၉၆၀ ပေးမည်ဟု ဝန်ကြီးချုပ်ဂျိုးနပ်ဂါးစတိုး (Jonas Gahr Støre) က အင်္ဂါနေ့တွင် ကြေညာခဲ့သည်။


“ယူကရိန်းမှာ နောက်ထပ် စစ်ဘက်ဆိုင်ရာ အထောက်အပံ့နဲ့ ပစ္စည်း ကိရိယာတွေ အရေးတကြီး လိုအပ်နေပါတယ်။ ဒါကြောင့် နော်ဝေးအနေနဲ့ ယူကရိန်းအား စစ်ရေးထောက်ပံ့မှု ၂.၅ ဘီလီယံ နော်ဝေးခရိုနာ (ဒေါ်လာ၂၄၀ သန်းနီးပါး) မှ ၂၀၂၃ ခုနှစ်အတွက် စုစုပေါင်း ၁၀ ဘီလီယံ နော်ဝေးခရိုနီ (ဒေါ်လာ သန်း ၉၆၀) အထိ တိုးမြှင့်ပေးလိုက်ပါတယ်” ဟု Vilnius ရှိ နေတိုးထိပ်သီးအစည်းအဝေးတွင် စတိုးက ကြေညာခဲ့သည်။

နော်ဝေအစိုးရ၏ အဆိုအရ နော်ဝေးသည် ငါးနှစ်အတွင်း ယူကရိန်းအား အရပ်သားနှင့် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ငွေ ဒေါ်လာ ၇.၂ ဘီလီယံကျော်အပြင် ယူကရိန်း၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများကို ထောက်ပံ့ရန် ဒေါ်လာ ၁၄၄,၀၀၀ ကိုလည်း တစ်ချိန်တည်းတွင် ထောက်ပံ့ပေးမည်ဖြစ်သည်။ ယူကရိန်းကို ငွေကြေးအကူအညီ ပေးမည်ဟု ကတိပြုသည့်အပြင် နော်ဝေးသည် ၎င်း၏ ပြည်တွင်း အသားတင် ထုတ်ကုန်၏ အနည်းဆုံး ၂ ရာခိုင်နှုန်းအထိ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့သည်။

NATO သည် မဟာမိတ်နိုင်ငံများအတွင်း ၎င်းတို့၏ ပြည်တွင်း အသားတင် ထုတ်ကုန်၏ အနည်းဆုံး ၂ ရာခိုင်နှုန်းအထိ ကို ၂၀၀၆ ခုနှစ်ကတည်းက ကာကွယ်ရေးအသုံးစရိတ်အတွက် သုံးစွဲရန် တောင်းဆိုခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် မဟာမိတ်နိုင်ငံ ခုနစ်နိုင်ငံဖြစ်သည့် ဂရိ၊ အမေရိကန်၊ ယူကေ၊ ပိုလန်၊ လတ်ဗီးယား၊ အက်စ်တိုးနီးယားနှင့် ခရိုအေးရှားတို့သာ ချမှတ်ချက်ကိုလုပ်ဆောင်နိုင်ခဲ့သည်။

(ဓါတ်ပုံ) နော်ဝေဝန်ကြီးချုပ် ဝန်ကြီးချုပ်ဂျိုးနပ်ဂါးစတိုးသည် လစ်သူယေးနီးယားနိုင်ငံ Vilnius တွင် ဇူလိုင် ၁၁ ရက်က ကျင်းပသည့် နေတိုးထိပ်သီး အစည်းအဝေး တရားဝင်ဖွင့်ပွဲ မတိုင်မီ မိန့်ခွန်းပြောခဲ့စဉ်က။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 15 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 123 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 121 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ပြင်သစ် ဥရောပ

ကမ္ဘာ့အင်အားကြီးနိုင်ငံသဖွယ် စတင်ပြုမူဆောင်ရွက်ရန် ဥရောပကို မက်ခရွန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 141 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဥရောပအနေဖြင့် “ အင်အားကြီးနိုင်ငံ” တစ်ခုကဲ့သို့ စတင်ပြုမူဆောင်ရွက်ရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း ပြောကြားကာ ကမ္ဘာ့ဇာတ်ခုံ ပေါ်တွင် မိမိကိုယ်ကိုယ်
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဥရောပအနေဖြင့် ကာကွယ်ရေးကဏ္ဍကို အခြားသူထံ လွှဲအပ်ထားခြင်းအား ရပ်တန့်ကာ အရေးပေါ်အရေးယူဆောင်ရွက်ရမည်ဟု အီးယူ (EU) ၏ ကာလပ်စ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 125 Views
BBC- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် အမေရိကန်ပြည်ထောင်စုက အတ္တလန်တိတ်ဖြတ်ကျော် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်စေခဲ့သောကြောင့် နေတိုး (Nato) အဖွဲ့အား “ ပိုမို၍ ဥရောပဆန်လာစေရန်နှင့် အင်အားတောင့်တင်းနေစေရန်” ဥရောပအနေဖြင့် ၎င်း၏ကာကွယ်ရေးကဏ္ဍ မြှင့်တင်ရေးကို
တရုတ် တောင်ကိုရီးယား နိုင်ငံတကာသတင်း ဥရောပ

အမေရိကန်သည်မဟာမိတ်များအပေါ် တင်းမာနေချိန် တရုတ်သမတကကမ္ဘာ့ နိုင်ငံအများအပြားနှင့် သံတမန်ဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်‌

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 194 Views
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၂၆ ခုနှစ်၏ အစောပိုင်း သီတင်းပတ်များအတွင်း တရုတ်နိုင်ငံ၏ သမ္မတ ရှီကျင့်ဖျင်သည် ၊ ဥရောပ၊ မြောက်အမေရိက၊ ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် တရုတ်နိုင်ငံ၏ အနီးဝန်းကျင် ဒေသများအထိသံတမန်ဆက်ဆံရေးကို နှစ်နိုင်ငံချင်းဖြစ်စေ၊
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ဥရောပ၏ ‘လက်တွေ့ဘဝသစ်’ – အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးများ ပြိုကွဲသွားခဲ့သည့် သီတင်းပတ်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 156 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက် ဘရပ်ဆဲလ်မြို့ — ဒေါ်နယ်ထရမ့်အနေဖြင့် ကမ္ဘာသစ်တစ်ခုကို တည်ဆောက်ရန် ခြောက်ရက် သာ အချိန်ယူခဲ့ရသည်။ ခုနစ်ရက်မြောက်နေ့တွင်မူ သူ၏ ဥရောပမဟာမိတ်ဟောင်းများ အနေဖြင့် သူ့ကို