နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇွန်လ 20 ရက်

ဥရောပ

ဥရောပ

နော်ဝေးက ယူကရိန်းအား စစ်ရေးအကူအညီရန်ပုံငွေကို ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ သန်း ၉၆၀ အထိပေးအပ်မည်။

နော်ဝေးသည် ၂၀၂၃ ခုနှစ်တွင် ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ သန်း ၉၆၀ ပေးမည်ဟု ဝန်ကြီးချုပ်ဂျိုးနပ်ဂါးစတိုး (Jonas Gahr Støre) က အင်္ဂါနေ့တွင် ကြေညာခဲ့သည်။


“ယူကရိန်းမှာ နောက်ထပ် စစ်ဘက်ဆိုင်ရာ အထောက်အပံ့နဲ့ ပစ္စည်း ကိရိယာတွေ အရေးတကြီး လိုအပ်နေပါတယ်။ ဒါကြောင့် နော်ဝေးအနေနဲ့ ယူကရိန်းအား စစ်ရေးထောက်ပံ့မှု ၂.၅ ဘီလီယံ နော်ဝေးခရိုနာ (ဒေါ်လာ၂၄၀ သန်းနီးပါး) မှ ၂၀၂၃ ခုနှစ်အတွက် စုစုပေါင်း ၁၀ ဘီလီယံ နော်ဝေးခရိုနီ (ဒေါ်လာ သန်း ၉၆၀) အထိ တိုးမြှင့်ပေးလိုက်ပါတယ်” ဟု Vilnius ရှိ နေတိုးထိပ်သီးအစည်းအဝေးတွင် စတိုးက ကြေညာခဲ့သည်။

နော်ဝေအစိုးရ၏ အဆိုအရ နော်ဝေးသည် ငါးနှစ်အတွင်း ယူကရိန်းအား အရပ်သားနှင့် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ငွေ ဒေါ်လာ ၇.၂ ဘီလီယံကျော်အပြင် ယူကရိန်း၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများကို ထောက်ပံ့ရန် ဒေါ်လာ ၁၄၄,၀၀၀ ကိုလည်း တစ်ချိန်တည်းတွင် ထောက်ပံ့ပေးမည်ဖြစ်သည်။ ယူကရိန်းကို ငွေကြေးအကူအညီ ပေးမည်ဟု ကတိပြုသည့်အပြင် နော်ဝေးသည် ၎င်း၏ ပြည်တွင်း အသားတင် ထုတ်ကုန်၏ အနည်းဆုံး ၂ ရာခိုင်နှုန်းအထိ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့သည်။

NATO သည် မဟာမိတ်နိုင်ငံများအတွင်း ၎င်းတို့၏ ပြည်တွင်း အသားတင် ထုတ်ကုန်၏ အနည်းဆုံး ၂ ရာခိုင်နှုန်းအထိ ကို ၂၀၀၆ ခုနှစ်ကတည်းက ကာကွယ်ရေးအသုံးစရိတ်အတွက် သုံးစွဲရန် တောင်းဆိုခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် မဟာမိတ်နိုင်ငံ ခုနစ်နိုင်ငံဖြစ်သည့် ဂရိ၊ အမေရိကန်၊ ယူကေ၊ ပိုလန်၊ လတ်ဗီးယား၊ အက်စ်တိုးနီးယားနှင့် ခရိုအေးရှားတို့သာ ချမှတ်ချက်ကိုလုပ်ဆောင်နိုင်ခဲ့သည်။

(ဓါတ်ပုံ) နော်ဝေဝန်ကြီးချုပ် ဝန်ကြီးချုပ်ဂျိုးနပ်ဂါးစတိုးသည် လစ်သူယေးနီးယားနိုင်ငံ Vilnius တွင် ဇူလိုင် ၁၁ ရက်က ကျင်းပသည့် နေတိုးထိပ်သီး အစည်းအဝေး တရားဝင်ဖွင့်ပွဲ မတိုင်မီ မိန့်ခွန်းပြောခဲ့စဉ်က။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရုရှားစစ်သင်္ဘောအုပ်စု ကျူးဘားနိုင်ငံ၊ ဟာဗားနားဆိပ်ကမ်းကို ရောက်ရှိလာ

  • 2024 ခုနှစ်၊ ဇွန်လ 13 ရက်
  • 7 Views
ရုရှားစစ်သင်္ဘောအုပ်စု ကျူးဘားနိုင်ငံ၊ ဟာဗားနားဆိပ်ကမ်းကို ရောက်ရှိလာ +++++++++++++++++++ ရုရှားရေတပ်ရဲ့ ဖရီးဂိတ်စစ်သင်္ဘောတစ်စင်းနဲ့ နူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်းတို့ဟာ ဗုဒ္ဓဟူးနေ့က ကျူးဘားနိုင်ငံ ဟာဗားနားဆိပ်ကမ်းကို
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

အမေရိကန်လက်နက်များအသုံးပြု၍ ရုရှားနိုင်ငံအတွင်း ယူကရိန်းကတိုက်ခိုက်ခွင့်ရရှိ။

  • 2024 ခုနှစ်၊ မေလ 31 ရက်
  • 28 Views
သမတဘိုင်ဒင်သည် ရုရှားနိုင်ငံအတွင်း အမေရိကန်လက်နက်များအသုံးပြု၍ ကန့်သတ်တိုက်ခိုက်မှုများပြုလုပ်ရန် ယူကရိန်းကို ခွင့်ပြုချက် ပေးလိုက်သည်။ ဂျိုးဘိုင်ဒင်က ရုရှားပိုင်နက်အတွင်း အမေရိကန် လက်နက်ခဲယမ်းများ အသုံးပြုတိုက်ခိုက်ခြင်းကို
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားရဲ့တိုက်ခိုက်မှုကြောင့် ကာကိဗ်မြို့မှာ အရပ်သားသေဆုံးမှုများပြား

  • 2024 ခုနှစ်၊ မေလ 28 ရက်
  • 31 Views
ရုရှားရဲ့တိုက်ခိုက်မှုကြောင့် ကာကိဗ်မြို့မှာ အရပ်သားသေဆုံးမှုများပြား ++++++++++++++++++++ မေလ 25 ရ့က်နေ့က ရုရှားရဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ ကာကိဗ်မြို့က ကုန်မာဆိုင်တစ်ခုကို ထိမှန်ပြီး လူအသေအပျောက်များပြားကာ ဒါဇင်နဲ့ချီတဲ့လူတွေ ဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။ ရုရှားဘက်က ပစ်ခတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်နှစ်စင်းဟာ ကုန်မာဆိုင်ကို
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ပူတင်က ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လမ်းဖွင့်ထားသော်လည်း ယူကရိန်းက သတိထားနေ

  • 2024 ခုနှစ်၊ မေလ 28 ရက်
  • 30 Views
+++++++++++++++++++++++++++ မေလ (၂၈) ရက်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယခုသီတင်းပတ်အတွင်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲများကို လမ်းဖွင့်ထားကြောင်း အချက်ပြခဲ့ခြင်းကို ယူကရိန်းအနေနှင့် မဆွေးနွေးခင် ပွင့်လင်း မြင်သာမှု ရှိစေမည့် ရုရှားသံတမန်ဆက်ဆံရေးနှင့် ယူကရိန်းနှင့် အနောက်နိုင်ငံတို့၏ အတိတ်က
ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း ဥရောပ

ပါလက်စ်တိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုကြောင်း စပိန်၊နော်ဝေးနဲ့ အိုင်ယာလန်ကြေညာ

  • 2024 ခုနှစ်၊ မေလ 23 ရက်
  • 31 Views
++++++++++++++++ “ဒီနေ့မှာ စပိန်၊ နော်ဝေးနဲ့ အိုင်ယာလန်နိုင်ငံတွေက ပါလက်စ်တိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုကြောင်း ကြေညာပါတယ်” စပိန်၊ နော်ဝေးနဲ့ အိုင်ယာလန်နိုင်ငံတွေက ပါလက်စ်တိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုကြောင်း မေလ 22 ရက်၊ ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပြီး
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းတိုက်ခိုက်မှုကြောင့် ခရိုင်းမီးယားဒေသရှိ ရုရှားစစ်လေယာဉ်သုံးစင်း ပျက်စီးခဲ့ကြောင်း အမေရိကန်ဂြိုဟ်တုကုမ္ပဏီ Maxar ထုတ်ပြန်

  • 2024 ခုနှစ်၊ မေလ 19 ရက်
  • 31 Views
++++++++++++++++++++++++++++++++++++++++++++++ ရုရှားတို့ သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသမှာ ယူကရိန်းရဲ့ တာဝေးပစ်လက်နက်နဲ့ တိုက်ခိုက်မှုကြောင့် ရုရှားစစ်လေယာဉ်သုံးစင်းနဲ့ လောင်စာစက်ရုံတစ်ခု ထိခိုက်ပျက်စီးခဲ့ကြောင်း အမေရိကန်အာကာသနည်းပညာကုမ္ပဏီ Maxar က ထုတ်ပြန်ခဲ့ပါတယ်။ မေ ၁၆ ရက်နေ့က ရိုက်ကူးခဲ့သည့် ဂြိုဟ်တုဓာတ်ပုံကို ရည်ညွှန်းဖော်ပြခဲ့ပြီး
နိုင်ငံတကာသတင်း ဥရောပ

အိန္ဒိယနွယ်ဖွား ဗြိတိန်ဝန်ကြီးချုပ် အခက်အခဲများနှင့် ရင်ဆိုင်နေရ

  • 2024 ခုနှစ်၊ မေလ 19 ရက်
  • 31 Views
+++++++++++++++++++++++++++++++++++++ ဗြိတိန်ကို အုပ်ချုပ်နေသော ကွန်ဆာဗေးတစ်ပါတီသည် ဒေသဆိုင်ရာရွေးကောက်ပွဲများတွင် ဆုံးရှုံးမှုများစွာကြုံတွေ့ခဲ့ရပြီး နောက် ယခုနှစ်နှောင်းပိုင်းတွင် နိုင်ငံအတွင်း အထွေထွေရွေးကောက်ပွဲကျင်းပသည့်အခါတွင် အမှန်တကယ်ဒုက္ခရောက်နိုင်သည့် အခြေအနေ လက္ခဏာတစ်ရပ် အဖြစ်မြင်ရသည်။ ရလဒ်များ၏ သုံးပုံတစ်ပုံခန့်ကို ကြေညာပြီးနောက် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ၁၀၀
နိုင်ငံတကာသတင်း ဥရောပ

လုပ်ကြံခံရတဲ့ ဆလိုဗက်ကီးယားဝန်ကြီးချုပ်ရဲ့ အခြေအနေ စိုးရိမ်နေရဆဲ

  • 2024 ခုနှစ်၊ မေလ 19 ရက်
  • 22 Views
လုပ်ကြံခံရတဲ့ ဆလိုဗက်ကီးယားဝန်ကြီးချုပ်ရဲ့ အခြေအနေ စိုးရိမ်နေရဆဲ ++++++++++++++++++ အခုတစ်ပတ်အစောပိုင်းက လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခံရတဲ့ ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ်ဖီကိုဟာ စိုးရိမ်ရတဲ့အနေအထားမှာရှိနေဆဲဖြစ်ပေမယ့် အခြေအနေတွေအားလုံးကတော့ တည်ငြိမ်သွားခဲ့ပြီလို့ သိရပါတယ်။ “ မနေ့က ခွဲစိတ်မှုအောင်မြင်ပါတယ်။ အခြေအနေတွေကတော့ တည်ငြိမ်နေပါပြီ။ ဒါက