ယနေ့ ဇူလိုင်လ ၁၉ရက်နေ့မှာကျရောက်တဲ့ အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့မှာ သတိပေးဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ အထက်အညာဒေသမှ မီးရှို့ခံရတဲ့ ပြည်သူများကိုယ်စား S&C က သတိပေးဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
ခုခံတော်လှန်စစ်ရဲ့ စစ်မီးဟာ အထက်အညာဒေသတင်မက မြို့ကြီးများဆီကိုလည်း မကြာမှီ ရောက်လာတော့မည်ဖြစ်တာကြောင့် ပြည်သူများအနေနဲ့ သွေးအေးမနေပဲ ကိုယ်နိုင်ရာဘက်မှ ပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
အလားတူ စစ်ကောင်စီဘက်က လုံခြုံရေးတွေအများအပြားချထားတဲ့ကြားက မန္တလေးမြို့က နေရာအချို့မှာလည်း S&C အဖွဲ့သားတွေက အညာသပိတ်ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
Era’sEye